ဝါရှင်တန်၊ မေ-၁၅-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာရှိ ရာဖာမြို့ကို အစ္စရေးရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်ရန် ဖိအားပေးနေပေမယ့် အစ္စရေးကို ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ပေးမယ့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ကွန်ဂရက်ကို အကြောင်းကြားခဲ့ပါတယ်။
ရောင်းချမယ့် အစီအစဉ်မှာ တင့်ကားကျည်တွေ၊ မော်တာတွေနဲ့ နည်းဗျူဟာသုံး သံချပ်ကာယာဉ်တွေပါဝင်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပြီး ရောင်းချမှုနဲ့ပတ်သက်ပြီး လွှတ်တော်က အတည်ပြုချက်လိုအပ်ဦးမှာဖြစ်ပါတယ်။
အစ္စရေးအနေနဲ့ ရာဖာမြို့ကို ထိုးစစ်အကြီးအကျယ်ဆင်မယ်ဆိုရင် လက်နက်တင်ပို့ရောင်းချမှုတွေကို ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပြောကြားခဲ့ပြီး လက်နက်အချို့တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရလက်ထက်မှာ အစ္စရေးကို လက်နက် လွှဲပြောင်းပေးမှုတွေ ခေတ္တရပ့်နားပြီးနောက် ကွန်ဂရက်ကိုပေးပို့တဲ့ လက်ရှိ အရောင်းအဝယ်ကိစ္စဟာ ပထမဆုံးလည်းဖြစ်ပါတယ်။
ဒီထဲမှာ တင့်ကားခဲယမ်းမီးကျောက်တွေအတွက် ဒေါ်လာသန်း ၇၀၀ ဖိုး၊ နည်းဗျူဟာသုံးယာဉ်တွေအတွက် ဒေါ်လာ သန်း ၅၀၀ ဖိုးနဲ့ လက်နက်ကြီးကျည်တွေအတွက် ဒေါ်လာသန် ၆၀ ဖိုးပါဝင်ကြောင်း သိရပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...