သတင်းထောက်ဟောင်း တ​ယောက်က ဒဂုံမြို့သစ်ပြည်သူ့ကာကွယ်ရေးတပ်ဆီက ငွေကြေးလိမ်လည်

မေ ၁၀ – ၂၀၂၄ SN (VOM) သတင်းထောက်ဟောင်းတယောက်ဖြစ်တဲ့ သီဟဇော် (ခ) သီဟဟာ ဒဂုံမြို့သစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myothit Dragon People Defense Force -MDPDF) ဆီက ငွေကျပ် သိန်း ၂၀၀ ကျော် လိမ်လည်ခဲ့တယ်လို့ MDPDF က အထောက်အထားတွေနဲ့တကွ သတင်း ထုတ်ပြန်ထားပါတယ်။ သီဟဇော်ဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဧပြီလမှာ မြောက်ဥက္ကလာပ အခြေပြု Anarchist Front Youth (YGN) အဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာတော့ သီဟဇော်ရဲ့ Anarchist Front Youth (YGN) အဖွဲ့နဲ့ Myothit Dragon People Defense Force (MDPDF)…

Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်ခံရ

ရန်ကုန်၊ မေ ၁၀-၂၀၂၄GG (VOM)ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ တောင်ငူမြို့ လေတပ်စခန်းကို ဒီနေ့မေလ ၁၀ ရက်နေ့ မနက်အစော ၄ နာရီကျော်လောက်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။တောင်ငူလေတပ် စခန်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့မှုမှာ ၇ လုံးကို ပစ်ခတ် နိုင်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် လေတပ်စခန်းထဲမှာတာဝန်ကျနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ငလို ဂျက်ဖိုက်တာနှစ်စီးလည်းပျက်စီးမှုရှိခဲ့ကြောင်း တိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က ပြောဆိုထားတာတွေ့ရပါတယ်။တောင်ငူမြို့ဒေသခံကတော့ ” ဖြစ်စဥ်တော့ကြားမိတယ်၊အတွင်းထဲကသတင်းကတော့အပြင်က သေချာမသိရပါဘူး။ဖြစ်စဥ််ပြီးနောက်ရက်လောက်ရောက်မှပဲ သိရတာများတယ်။ခုထိတော့သေချာမသိရသေးဘူး၊ မြို့ပြင်လည်းဖြစ်တော့လေ ” လို့ ေပြာပါတယ်။အဆိုပါ လေတပ်စခန်းတိုက်ခိုက်မှုကို Brave Warriors for Myanmar…

Read More

ယနေ့ ရွှေဈေး (မေ – ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၆၆ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၈၆၀၀၀၀ ကျပ်ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၆၆၀၀၀၀ ကျပ်ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မန္တလေး သိမ်ကုန်းရပ်ကွက်မှာ မီးလောင်လို့ လူနေအိမ် ၃၅ လုံးဝန်းကျင် မီးလောင်

မန္တလေး၊ မေ- ၁၀- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ၇၈လမ်း နဲ့ ၉ လမ်းမှာ ဒီကနေ့ နေ့လယ် ၁၁ နာရီ ၂၁ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၅ လုံးဝန်းကျင် မီးလောင်ခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ခန့်မှန်းခြေ ၃၅၊ ၃၆ လုံးဝန်းကျင်လောက်ရှိမယ်။ ကျနော်တို့ အခုက မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာပဲရှိပါသေးတယ်။ အသေးစိတ်ကိုတော့ စိစစ်တွက်ချက်နေပါတယ်။” မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီမီးလောင်မှုကို အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တို့က Lv 2 ယာဥ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁၂ နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ လက်ရှိမှာ မီးလောင်မှုဖြစ်စဥ်ရဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၀ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၀ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

အာဂျင်တီးနားမှာ အထွေထွေသပိတ်ကြောင့် ပို့ဆောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါး ရပ်ဆိုင်း

ဗျူနိုအေရိစ်၊ မေ-၁၀-၂၀၂၄မျိုးဆက်(VOM)အာဂျင်တီးနားနိုင်ငံမှာ အများပြည်သူ ရန်ပုံငွေ အသုံးစရိတ်ဖြတ်တောက်မှုကို ဆန့်ကျင်တဲ့ အထွေထွေသပိတ်ကြောင့် စာသင်ကျောင်းတွေ၊ ဘဏ်တွေနဲ့ ဈေးဆိုင်တွေ ပိတ်ထားရပါတယ်။မြေအောက်ရထား ပြေးဆွဲမှုတွေကို မေ ၉ ရက်မှာ ရပ်ဆိုင်းထားခဲ့ပြီး ဘတ်စ်ကားပြေးဆွဲမှုတွေကိုလည်း အကန့်အသတ်နဲ့သာ ရှိခဲ့ပါတယ်။ ၂၄ နာရီကြာ သပိတ်ဟာ သမ္မတ ဟာဗီယာမိုင်လေကို ဖိအားပေးမှုြ့ဖစ်ကြောင်း အဓိကသမဂ္ဂတခုရဲ့ ခေါင်းဆောင် ဟတ်တာဒါဟာဆိုသူက ပြောပါတယ်။အများပြည်သူအတွက် ထောက်ပံ့ကြေးတွေနဲ့ လူမှုရေးအစီအစဉ်တွေအတွက် ရန်ပုံငွေအချို့ကို ဖြတ်တောက်ခြင်းအား ပြန်လည်သုံးသပ်ဖို့ အာဂျင်တီးနားသမ္မတကို ပြည်သူတွေက တိုက်တွန်းနေကြပါတယ်။လက်ယာယိမ်း ဘောဂဗေဒပညာရှင်ဖြစ်သူ သမ္မတ မစ္စတာမိုင်လေဟာ ဒီဇင်ဘာလမှာ အာဏာရချိန်မှစပြီး ကျယ်ကျယ်ပြန့်ပြန် ခြိုးခြံခြွေတာမှု အစီအမံတွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။အာဂျင်တီးနားရဲ့ လိုငွေပြမှုကို လျှော့ချဖို့နဲ့ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်ဖို့အတွက် ဒီအစီအမံတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သမ္မတမိုင်လေက ပြောပါတယ်။ သပိတ်မှောက်မှုကို ဝေဖန်ခဲ့ပြီး အစိုးရအနေနဲ့ သမဂ္ဂတွေကို လိုက်လျောမှုများစွာ…

Read More

မုံရွာက သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီကနေ့ ထောင်ဒဏ် ၂၄ နှစ် ထပ်မံချမှတ်ခံရ

မေ ၊ ၁၀ ၊ ၂၀၂၄SP ( VOM)စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ခြောက်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် အနှစ် နှစ်ဆယ်ကျော် ထပ်တိုးချလိုက်တယ်လို့ မုံရွာ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။” ဒီကနေ့ ထောင်ဒဏ်အမိန့်ချလိုက်တာက ကိုဝေမိုးနိုင် အပါအဝင် သူ့ရဲ့အမှုတွဲ လူ ခြောက်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၂) / ၁၄၉ အရ ထောင်ဒဏ် အနှစ် ၂၀ ၊ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ အရ ထောင်ဒဏ် ၂ နှစ် ၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၆၄. အရ ထောင်ဒဏ် ၂…

Read More

ကမ္ဘာ့ပျှမ်းမျှထက် အာရှဒေသ ပိုမိုပူပြင်းနေ၊ အပူလှိုင်းကြောင့် ထိုင်းမှာ ၆၁ ယောက်သေဆုံး

ဘန်ကောက်၊ မေ-၁၀-၂၀၂၄မျိုးဆက်(VOM)ထိုင်းနိုင်ငံမှာ အပးလှိုင်းကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၆၁ ယောက်ထိ မြင့်တက်လာပြီး ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ် တနှစ်လုံးလုံးထက် သေဆုံးမှုပိုများကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ထိုင်းနိုင်ငံအနှံ့အပြားမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ကျရောက်ခဲ့ပြီး အပူချိန်မြင့်တက်လာမှုတွေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်နေရပါတယ်။၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၆၁ ယောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တနှစ်လုံးမှာ ၃၇ ယောက်သာ သေဆုံးခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း စိုက်ပျိုးရေးဗဟိုချက် ဒေသတွေမှာ သေဆုံးမှုအမြင့်ဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ဧပြီလအတွင်းက လမ်ပန်ပြည်နယ်မှာ အပူချိန် ၄၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့ပြီး မြို့တော်ဘန်ကောက်မှာလည်း အပူချိန်ဆိုးရွားစွာ မြင့်တက်နေပါတယ်။အယ်နီညိုဖြစ်စဉ်ဟာ ယခုနှစ်အတွက် အပူဆုံးနွေရာသီဖြစ်ပေါ်စေပြီး အာရှဒေသဟာ ကမ္ဘာ့ပျှမ်းမျှထက် ပိုမိုပူပြင်းလာကြောင်း ကုလသမဂ္ဂရဲ့…

Read More

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးယောက်ကို IEC က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေး

မေ ၁၀ – ၂၀၂၄SN (VOM)လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ဝန်ထမ်းငါးယောက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မနေ့ မေ ၉ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။“လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြမှုအရလည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို ဦးတည်သောအားဖြင့်လည်းကောင်း ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ဦးအောင်ခင်မြင့်၊ ဒုပါမောက္ခချုပ် ဒေါ်သီတာ၊ ဌာနမှူးဒေါ်ယဉ်ယဉ်နိုင်၊ စီမံမှူး ဒေါ်လှလေးမြင့်၊ ပါမောက္ခ ဒေါ်မို့မို့ထွန်းတို့ကို မေလ ၈ ရက်မှစပြီး ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေးဥပဒေ ပုဒ်မ (၃၂) အရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တယ်” လို့ IEC က အသိပေးထားပါတယ်။လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် စုစုပေါင်း ၂၀၄ ယောက်ကို လွိုင်ကော်မြို့မှာ တိုက်ပွဲစဖြစ်တဲ့နေ့၊ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊…

Read More

မန္တလေးမှာ သံဃာ အပါးတသောင်းကျော်ကို ကဆုန်လပြည့်နေ့မှာ ဆွမ်းလောင်းလှူမယ်

မန္တလေး၊ မေ- ၁၀- ၂၀၂၄ SA(VOM) မန္တလေးမြို့ လေးပြင် လေးရပ်မှာ သီးတင်းသုံးတဲ့ သံဃာတော် အပါးတသောင်းကျော်ကို မေလ ၂၂ ရက် ကဆုန်လပြည့်နေ့ မနက် ၆ နာရီအချိန် ကျုံးပတ်လည်မှာ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီး ဆွမ်းလောင်းလှူမယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ကျုံးပတ်လည် ၆၆ လမ်း အရှေ့ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ ၂၆ လမ်း တောင်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ လမ်း ၈၀ အနောက်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ မြောက်ပြင် ၁၂ လမ်းမှာ သံဃာ ၂၅၆၈ ပါး စုစုပေါင်း သံဃာ ၁၀၂၇၂ ပါးတို့ကို ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်၊ ကဆုန်လပြည့်…

Read More
VOM News

FREE
VIEW