မြန်မာဘက်ကို တင်ပို့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲကဖမ်း

မေ ၊ ၁ ၊၂၀၂၄SP (VOM)အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ကနေ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ဆာငါအိုရွာ (Sangau khua) ဘက်ကို သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးသုံး ခဲယမ်းပစ္စည်းတွေကို မနေ့ ဧပြီ ၃၀ က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ Geletin အချောင်း ရှစ်ထောင်နဲ့ ၊ Detonator အချောင်း တထောင့်ငါးရာ ဖြစ်ပြီး မြန်မာဘက်ကို တရားမဝင် တင်ပို့တာကြောင့် အခုလို ကားသမားဖြစ်သူကို Hnahthial ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ဖောက်ခွဲရေး ပစ္စည်းတွေကို ကားနဲ့ သယ်ဆောင်လာသူဟာ ဘယ်နိုင်ငံသားဆိုတာ အဲ့ဒီထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။” ပြီးခဲ့တဲ့ မတ် ၂၄ ရက်က အိန္ဒိယ –…

Read More

အစ္စရေးရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်စ်တို့ ပယ်ချဖွယ်ရှိ

ဂါဇာစီးတီး၊ မေ-၁-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘဲ ပယ်ချဖွယ်ရှိနေပါတယ်။အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ဆက်လက်ဖြစ်ပွားနေတိုက် တိုက်ပွဲတွေအဆုံးသတ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးတို့အတွက် ဆွေးနွေးပွဲတွေကို အီဂျစ်နဲ့ ကာတာ ဗြိတိန် အပါအဝင် အမေရိကန်တို့က ကြားဝင်ဖျန်ဖြေလျက်ရှိပါတယ်။အစ္စရေးအဆိုပြုချက်မှာ ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းအကျဉ်းသားထောင်ပေါင်းများစွာ လွှတ်ပေးရေးတို့ပါဝင်ကြောင်း ဗြိတိန်နို်ငငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ဒါက ထူးခြားရက်ရောတဲ့ အစ္စရေးရဲ့ ကမ်းလှမ်းမှုဖြစ်ပြီး သဘောတူညီချက်ရယူဖို့ ဟားမတ်စ်အဖွဲ့ကို ဗြိတိန်နဲ့ အမေရိကန်တို့က တိုက်တွန်းနေပါတယ်။ ဒါက ဓါးစာခံတွေလွတ်မြောက်ရေးနဲ့အတူ တိုက်ပွဲတွေအဆုံးသတ်ရေး အစ္စရေးဘက်က ပထမဆုံးအကြိမ်ကမ်းလှမ်းမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။“ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုရပ်လိုက်တာက စေတနာ မပါဘူး။ တိုက်ခိုက်တယ်ဆိုကတည်းက ရာဇဝတ်မှုပါ။ တိုက်ခိုက်တာရပ်လိုက်တာက ရာဇဝတ်မှုကို အဆုံးသတ်လိုက်တာမုတ်ဘူး။ အစ္စရေးက ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို မလိုချင်သေးဘူး” လို့…

Read More

This Day in History

Voice of Myanamarဥရောပသမဂ္ဂသည် ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မော်လ်တာ၊ ပိုလန်၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယားတို့ကို အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် ဝင်ခွင့်ပြုရန် ၂၀၀၄ ခုနှစ် မေ ၁ ရက်တွင် သဘောတူခဲ့သည်။

Read More

စစ်ကိုင်းတိုင်းက တိုက်ပွဲရှောင်တွေ သောက်သုံးရေ အတွက် အခက်ကြုံနေရ

မေ ၊ ၁ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်းမှာ ယာယီတိုက်ပွဲရှောင် သုံးသောင်းကျော်ရှိတဲ့အနက် ၊ အဲ့ဒီထဲက နှစ်သောင်းကျော်ဟာ သောက်သုံးရေ ရှားပါးပြတ်လတ်မှုဒဏ်ကို နေ့စဥ် ကြုံတွေ့နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” သောက်သုံးရေ အခက်ကြုံနေရတဲ့ ဒေသတွေက ပုလဲ ၊ ကနီ ၊ တန့်ဆည် ၊ ကောလင်း ၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ ဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ မတ် ၂ ရက်စလို့ ဆယ်ရက်ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်က ဒေသခံ ရှစ်ထောင်ကျော်ဟာ မုံရွာ ယာကြီး ကလေးဝ ကားလမ်းနားက အင်တိုင်းတောတိုက်မှာ ယာယီတိုက်ပွဲရှောင် ခိုလှုံနေရတာဖြစ်တယ်လို့ သိရပါတယ်။တိုက်ပွဲရှောင် ဒေသခံတယောက်က” တိုက်ပွဲရှောင်တဲ့အခါ…

Read More

စစ်ကိုင်းတိုင်း PDF တွေဖမ်းထားတဲ့ ဒီပဲယင်း လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင် ပြန်လွတ်

  မေ ၊ ၁ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်က စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးကျေးရွာနားမှာ PDF အဖွဲ့တွေ ဖမ်းဆီးလိုက်တဲ့ ဒီပဲယင်းမြို့နယ် (NLD)အမတ်ဟောင်း ဦးဝင်းမြင့်အောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကိုင်းတိုင်းမှာရှိတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့နယ်ခွဲမှာ နေထိုင်တဲ့ နိုင်ငံရေးသမားတယောက်က ” ဦးဝင်းမြင့်အောင် ဖြစ်စဥ်က ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်မှာ သူ့ရဲ့ညီဖြစ်သူကို ထောင်ဝင်စာတွေ့ဖို့ ရွှေဘိုထောင်ကိုသွားရင်း ဒီပဲယင်းမြို့နယ်ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်လောက်ဝေးတဲ့ မုံရွာ ၊ အရာတော်…

Read More

မန္တလေးမှာ အပူချိန်မြင့်တက်မှုကြောင့် တရက်တည်း ဆယ်ဦးထက်မနည်း သေဆုံး

မန္တလေး၊ ဧပြီ ၃၀ – ၂၀၂၄ GG (VOM) မန္တလေးမှာ အပူချိန်မြင့်တက်မှုကြောင့် ဧပြီလ ၂၉ ရက်နေ့တရက်တည်း အပူရှပ်ပြီးသေဆုံးသူဆယ်ယောက်ထက်မနည်းရှိခဲ့ပြီး ဧပြီတလလုံးဆိုရင် အပူရှပ်ပြီးသေဆုံးခဲ့ရတဲ့ လူပေါင်း ၄၀ ထက်မနည်းရှိခဲ့တယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ အပူချိန်မြင့်တက်လာတဲ့ အခုဧပြီလထဲမှာ Heat Stroke အပူရှပ်ခြင်းကြောင့်သေဆုံးသူနဲ့ ဆေးရုံတက်ကုသခဲ့ရတဲ့အရေအတွက် ပိုများလာတာဖြစ်ကြောင်း ၊ နေ့စဥ်လူသေဆုံးမှုတွေထဲမှာ အပူရှပ်လူနာ သေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “တို့အဖွဲ့ကတင် တရက်ကို ၁၀ ယောက်လောက်ရှိမယ်၊တမြို့လုံးအတိုင်းအတာဆို ၄၀ ကတော့မနည်းပေါ့။နေ့စဥ်အပူရှပ်သေဆုံးသူ ရှိတယ်။အပူလွန်ကဲဦးနှောက်သွေးကြောပြတ်ပေါ့။ဒီနေ့မနက်တယောက်ချခဲ့ရတယ်။အပူလွန်ကဲပြီးသေတာပေါ့။မန္တလေးမှာကအသင်းပေါင်း၂၀၀လောက်ရှိတယ်၊အပူလွန်ကဲချည်းပဲ။ တချို့ကလည်း ဆေးကုလိုက်လို့ကောင်းသွားတာရှိတယ်၊တချို့လည်းဆေးကုပြီးမှသေတာရှိတယ်။ဒီလမှာပိုများတယ်ဆိုတာတောင်ခု နောက်ဆုံးဒီတပတ်မှာပိုများတယ် ” လို့ မန္တလေး၊ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ချုပ် M-Rescue ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်တင့်က ပြောပြပါတယ်။ အလားတူ မန္တလေးအခြေစိုက် လူမှုကူညီရေးအဖွဲ့ဖြစ်တဲ့ မဏိစလ လူမှုကူညီရေးအသင်းအနေနဲ့လည်း ဧပြီလအတွင်းမှာ အပူရှပ် သေဆုံးလူနာပေါင်း ၂၀ ကျော်လောက်ကို…

Read More
VOM News

FREE
VIEW