This Day In History

  Voice of Myanmar တရုတ်နိုင်ငံသည် ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် ဂျာမနီနှင့် ဩစတြေးလျ-ဟန်ဂေရီတို့ကို စစ်ကြေညာခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August13

Read More

ပြည်ပထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့အမှုဖွင့်

  ဒါကာ၊ ဩဂုတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူတယောက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ မြို့တော်ဒါကာမှာ ရက်သတ္တပတ်များစွာ ဆန္ဒပြပွဲတွေအပြီးမှာ ဝန်ကြီးချုပ် ဟာစီနာက ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ပေမယ့် ယခင်အစိုးရ ထိပ်တန်းတာဝန်ရှိသူခြောက်ယောက် ကိုလည်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ နိုင်ငံသားတယောက်သေဆုံးမှုနဲ့ပတ်သက်ပြီး ရှေ့နေ မာမန်မီယာက ဒါကာတရားရုံးမှာ ကိုယ်စားအမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို တရားရုံးက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလို အမှုဖွင့်ရပြီးနောက် နာရီပိုင်းအကြာမှာတော့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာကတော့ သူမကို ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့ ပြည်ပကို ထွက်ပြေးပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ ဒါဟာ ရာထူးကနေနုတ်ထွက်ပြီးနောက် ဟာစီနာအပေါ် ပထမဆုံး ရာဇဝတ်မှုနဲ့…

Read More

မုံရွာမှာ လက်နက်ကြီးကျလို့ ဒေသခံ ၁၁ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာရ

  ဩဂုတ် ၁၄ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင် ကျေးရွာမှာ မနေ့ ဩဂုတ် ၁၃ ရက်၊ မနက်ပိုင်းက ဈေးအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ ၁၁ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပြီး မုံရွာ – အမြင့်လမ်းဘေး ထနောင်းတော (တောင်) ရွာရှိ စျေးတန်းအလယ်ကို ကျရောက်ခဲ့တာကြောင့် အမျိုးသား သုံးယောက်၊ အမျိုးသမီး ရှစ်ယောက်၊ စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “မနက်ပိုင်း ဈေးချိန်မှာ လက်နက်ကြီး ကျလာတာဆိုတော့ လူစည်ကားတဲ့အချိန် ဖြစ်တော့ ထိခိုက်၊ သေဆုံး များတယ်။…

Read More

မျောက်ကျောက်ရောဂါ ကူးစက်မှု အာဖရိကမှာ အရေးပေါ်အခြေအနေ ကြေညာပြီ

  ကိပ်တောင်း၊ ဩဂုတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) အာဖရိကမှာ ကူးစက်မြန် မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း တောင်အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေတာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကွန်ဂိုမှာ ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်မှု ၁၃၇၀၀ ကျော်နဲ့ သေဆုံးသူ ၄၅၀ ထိရှိခဲ့ပါတယ်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ၊ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံတွေမှာလည်း ရောဂါ ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပြီး အာဖရိကပြင်ပနိုင်ငံတွေကလည်း ကူးစက်လာနိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်နေပါတယ်။ လက်ရှိမှာတော့ ဗိုင်းရပ်စ်မျိုးကွဲနှစ်ခု ရှိပြီး ပထမအမျိုးအစားဟာ ၂၀၂၂ ခုနှစ်က ဥရောပနဲ့ အခြားနိုင်ငံတွေထိ ကူးစက်ခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး အဓိကအားဖြင့်…

Read More

လားရှိုး နဲ့ မြစ်ကြီးနားမှာ ပတ်စ်ပို့ရက်ချိန်းယူထားသူတွေ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးမှာ ပြုလုပ်နိုင်

  ဩဂုတ် ၁၄၊ ၂၀၂၄ Shy V (VOM) လားရှိုး နဲ့ မြစ်ကြီးနားမှာ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဇူလိုင်လ နောက်ပိုင်း ရက်ချိန်းရထားသူတွေ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး တွေမှာ ဩဂုတ်လ ၁၃ ရက်နေ့ကစ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သိရပါတယ်။ လားရှိုး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲမှာ ဇူလိုင်လ ၅ ရက်နေ့ နောက်ပိုင်း ရက်ချိန်း ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမယ့် သူတွေ အနေနဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစ ရန်ကုန်ရုံးနဲ့ တောင်ကြီးရုံး တွေမှာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။ “လားရှိုးက ဌာနဆိုင်ရာ ရုံးတွေကတော့ အကုန်လုံး တောင်ကြီးဘက် ရွှေ့ထားတယ်လို့ ကြားတယ်။ ပညာရေး ဌာနကတော့ အရင်ရက်တွေ ကတည်းက ကလေးတွေကို…

Read More

တန်ပြန် အာဏာသိမ်းခံရတယ် ဆိုတဲ့သတင်း ကောလာဟလသာ ဖြစ်တယ်လို့ နစက ပြော

  ဩဂုတ် ၁၄ – ၂၀၂၄ SS (VOM) နစကဥက္ကဋ္ဌရဲ့ အာဏာကို နေပြည်တော်မှာ တန်ပြန်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကောလာဟလသာ ဖြစ်တယ်လို့ နစကရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ နေပြည်တော်မှာ အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာတာနဲ့ ပတ်သက်လို့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် ကောလာဟလတွေကို အကောင့်တုတွေ၊ ပြည်ဖျက်မီဒီယာတွေနဲ့ ပူးပေါင်းကာ ဝါဒဖြန့် ထုတ်လွှင့်ခြင်းသာ ဖြစ်တယ်လို့ နစက က တုံ့ပြန် ပြောဆိုပါတယ်။ “လက်ရှိလူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Captain Seagull facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင် ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အဲဒီကနေတဆင့် ပြည်တွင်း၊…

Read More

ဂျပန်မှာ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ဖို့ရှိ

  တိုကျို၊ ဩဂုတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံတော့မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ဒီနေ့ ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်တာကြောင့် ဂျပန်ဝန်ကြီးချုပ် အပြောင်းအလဲကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ “ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ပြောင်းလဲလာမယ်ဆိုတာ ပြည်သူတွေကို ပြသဖို့လိုအပ်တယ် ”လို့ သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်အပေါ် ပါတီခေါင်းဆောင်တွေလည်း အံ့ဩခဲ့ကြပါတယ်။ အချို့ကတော့ လာမယ့် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲမှာ ပါတီကို အနိုင်ရအောင် ကီရှီဒါ စွမ်းဆောင်နိုင်မလားဆိုတဲ့အပေါ် ယခင်ကတည်းက ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဝန်ကြီးချုပ်ကီရှီဒါဟာ ပါတီက စက်တင်ဘာလအတွင်း ခေါင်းဆောင်သစ်တယောက် ရွေးချယ်ပြီးနောက် ရာထူးကနေ နုတ်ထွက်ဖို့ရှိနေပါတယ်။၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကီရှီဒါအပေါ် လူထုထောက်ခံမှုဟာ ပါတီတွင်း…

Read More

ယူကရိန်းတပ်တွေ ဝင်တိုက်လို့ ရုရှားဒေသတခုမှာ အရေးပေါ်အခြေအနေ ကြေညာ 

  မော်စကို၊ ဩဂုတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်တို်ကခိုက်နေတာ ဒုတိယသီတင်းပတ်ကို ရောက်ရှိလာပြီး ရုရှားရဲ့ ဘယ်လ်ဂိုရော့ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ယူကရိန်းတပ်တွေရဲ့ နေ့စဉ်ပစ်ခတ်တိုက်ခို်ကမှုတွေကြောင့် ဒေသတွင်းမှာ နေအိမ်တွေပျက်စီးပြီး အရပ်သားတွေ သေဆုံးနေရတယ်လို့ အုပ်ချုပ်ရေးမှူးဖြစ်သူ Vyacheslav Gladkov က ပြောပါတယ်။ ကာ့ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဒါဟာ အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့ ဒုတိမြောက်ဒေသဖြစ်ပါတယ်။ ယူကရိန်းကတော့ ရုရှားနိုင်ငံထဲက မြို့နဲ့ရွာပေါင်း ၇၄ ခုကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုဟာ ဩဂုတ် ၆ ရက်က စတင်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်ကတော့ ယူကရိန်းရဲ့ လုပ်ရပ်ဟာ ရုရှားပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာလို့ စွပ်စွဲထားပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့…

Read More

ထိုင်းဝန်ကြီးချုပ် ဆရက်သာ ရာထူးကနေ ဖယ်ရှားခံရ

  ဘန်ကောက်၊ ဩဂုတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဒီနေ့ ဩဂုတ် ၁၄ ရက်မှာ ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ကျခဲ့ဖူးတဲ့ ရှေ့နေဟောင်းတယောက်ကို ဝန်ကြီးခန့်အပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျင့်ဝတ်စံနှုန်းတွေနဲ့ မကိုက်ညီသူတယောက်ကို အစိုးရအဖွဲ့မှာ ဝန်ကြီးခန့်လိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာလို့ တရားရုံးက ဆိုပါတယ်။ အခုလို အမိန့်ချလိုက်တာကြောင့် အိမ်ခြံမြေသူဌေးကြီး ဆရက်သာဟာ ၁၆ နှစ်တာကာလအတွင်း ထုတ်ပယ်ခံလိုက်ရတဲ့ လေးယောက်မြောက် ထိုင်းဝန်ကြီးချုပ်ဖြစ်လာပါတယ်။ လက်ရှိမှာတော့ ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ ပါလီမန်အစည်းအဝေး ခေါ်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ မကြာသေးမီနှစ်များအတွင်း အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ထိုင်းနိုင်ငံအတွက် နောက်ထပ် နိုင်ငံမရေရာမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့ပြီး…

Read More

စက်သုံးဆီ အခက်အခဲကြောင့် ကျောင်းဖယ်ရီကားတွေ ရပ်နားမှုရှိလာလို့ ကျောင်းသားတွေ အခက်တွေ့

  ဩဂုတ်-၁၄-၂၀၂၄ Ms(VOM) စက်သုံးဆီ ရရှိမှုခက်ခဲလာလို့ ကျောင်းဖယ်ရီတွေ ပြေးဆွဲမှုရပ်နားဖို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအချို့မှာ အသိပေးလာမှုတွေရှိလာတဲ့အတွက် ကျောင်းသားတွေ ကျောင်းတတ်ကြဖို့ အခက်ခဲတွေဖြစ်ပေါ်လာကြောင်း ပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။ လတ်တလော စက်သုံးဆီအခက်ခဲကို တနိုင်ငံလုံး ခံစားနေရသလို ပညာရေးကဏ္ဍမှာလည်း ဂယက်ရိုက်မှုတွေ ဖြစ်နေရာ ကျောင်းဖယ်ရီမောင်းနှင်ပြေးဆွဲသူတွေက စက်သုံးဆီ ဝယ်ယူရမှုခက်ခဲလာလို့ ဖယ်ရီတွေပြေးဆွဲတာကို ရပ်နားဖို့ ကျောင်းတွေကို တိုင်ပင်ကာ စီးနင်သူကျောင်းသားတွေနဲ့ ၎င်းတို့ရဲ့မိဘတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။ ” ဖယ်ရီမပြေးတော့ဘူးဆိုတော့ ကျွန်မတို့ ကလေးတွေဘယ်လိုကျောင်းတက်ကမလဲ။ အိမ်နဲ့ကျောင်းကဝေးတော့ ဖယ်ရီစီးရတာလေ ၊ လမ်းလျှောက်သွားလို့ရတာလည်းမဟုတ်ဖူး။ ဖယ်ရီနားရင် ကျောင်းပိတ်ပေးဖို့ ကျောင်းကိုပြောတော့လည်း ကျောင်းကတော့မပိတ်ပါဘူးတဲ့ ။ ကလေးကို ဘယ်လိုနည်းလမ်းနဲ့ကျောင်းပို့ရမှန်းကိုမသိတော့ပါဘူးလို့” မြောက်ဒဂုံမြို့နယ်က ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတခုမှ ကျောင်းသားမိဘ တယောက်ကပြောပါတယ်။ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေကို စီမံခန့်ခွဲမှုပေးနေတဲ့ အဖွဲ့အစည်းအနေနဲ့လည်း စက်သုံးဆီအခက်ခဲအတွက် သက်ဆိုင်ရာ ထံ တင်ပြရာမှာ ဆီကိုခွဲတမ်းနဲ့ပေးနေတာဖြစ်လို့…

Read More
VOM News

FREE
VIEW