တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့မှု အမေရိကန်ကို တရုတ်ကန့်ကွက်

ပေကျင်း၊ ဩဂုတ်-၂၂-၂၀၂၄မျိုးဆက်(VOM)တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် လက်ခံတဲ့နိုင်ငံတိုင်းကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ပြောပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ နယူးယောက်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။အသက် ၈၉ နှစ်အရွယ် ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို တရုတ်အစိုးရက အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားအဖြစ် ယူဆထားပြီး နိုင်ငံတိုင်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်တွေ့ဆုံတာတွေကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။လက်ရှိတွေ့ဆုံမှုကိုလည်း အမေရိကန်ဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမေရိကန်က နိုင်ငံရေးခွဲထွက်လှုပ်ရှားမှုတွေမှာ ဒလိုင်းလာမားကို ပါဝင်ခွင့်မပြုဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ အမေရိကန်က ဖိအားပေးထားတဲ့ ဥပဒေတရပ်ကိုလည်း တရုတ်က ပြင်းထန်စွာကန့်ကွက်ပြီး မိမိအကျိုးစီးပွားကို…

Read More

မျောက်ကျောက်ရောဂါကြောင့် ပြည်ပက ပြန်ဝင်လာသူအားလုံး ခရီးသွားရာဇဝင် ဖြည့်ရမယ်

    သြဂုတ်၂၂ ၊ ၂၀၂၄ Ms(VOM)   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  (WHO) က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး  အရေးပေါ် အခြေအနေ အဖြစ်  ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ Mpox နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် ပြည်ပကပြန်လာသူအားလုံးကို ခရီးသွားရာဇဝင် ဖြည့်ရတော့မှာဖြစ်ပြီး   ကျန်းမာရေးဆိုင်ရာ  အချက်အလက် ဖြည့်သွင်းမှု (HDCs) ဖောင်ပုံစံ သစ်ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကလည်း ယနေ့မှာထုတ်ပြန်လိုက်ပါတယ်။   မျောက်ကျောက်ရောဂါ နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်စွက် ဖောင် ကို မြန်မာနိုင်ငံထဲဝင်ရောက်လာမယ့် သူတွေအတွက် လေကြောင်း ၊ ရေကြောင်းနဲ့ နယ်စပ် ဂိတ် စတဲ့ ပြည်တွင်းပြည်ပ အဝင်အထွက်နေရာတွေမှာ ဖြန့်ဝေပေးထားမှာ ဖြစ်ပြီး  သက်ဆိုင်ရာ ဝင်ပေါက် လူဝင်မှုကြီးကြပ်ရေးကောင်တာများ ကိုမဖြတ်သန်းခင်လေဆိပ်က  ကျန်းမာရေး ဝန်ထမ်းတွေ ထံ…

Read More

ဗီယက်နမ် တောနက်ထဲမှာ ငါးရက်ကြာပျောက်နေတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့

ဟနွိုင်း၊ ဩဂုတ်-၂၂-၂၀၂၄ ရတီ (VOM) ဗီယက်နမ်နိုင်ငံ တောနက်ထဲမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ခြောက်နှစ်အရွယ်ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ယန်ဘိုင်ပြည်နယ်မှာနေထိုင်တဲ့ ဒန်တီလမ်ဆိုတဲ့ ကလေးငယ်ဟာ မွေးချင်းကိုးယောက်နဲ့အတူ စမ်းချောင်းမှာရေဆော့ပြီး တောင်ကုန်းပေါ်ကို လမ်းလျှောက်ရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ တောစပ်နာက သစ်ကြမ်းပင်တွေကိုခုတ်နေတဲ့ လယ်သမားတွေက ကလေးငိုသံကြားရလို့ ရှာဖွေရာ အနီရောင်တီရှပ်နဲ့ ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ သူ့ကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့နေရာကနေ ၃ ဒသမ ၇ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အရမ်းအားနည်းနေတယ်လို့ ဆိုပါတယ်။ သူဟာ လမ်းပျောက်ခဲ့တဲ့အချိန်တွေအတွင်း တောထဲက အရွက်တွေ၊ တခြားသစ်သီးတွေကိုစားပြီး ရေကိုသာသောက်ခဲ့ရတယ်လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပါတယ်။ ကလေးငယ်ကို ရှာဖွေဖို့အတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေဟာ ရဲ၊ စစ်သားနဲ့ ဒေသခံစေတနာ့ဝန်ထမ်းတွေ အပါအဝင် လူ ၁၅၀ ကျော်ကို…

Read More

သီပေါ စစ်ရှောင်အများစုရှိနေတဲ့ ဘော်ကြိုဘက်မှာစားနပ်ရိက္ခာ ခက်ခဲနေ

ဩဂုတ် ၂၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ တုံစင့်ရွာဘက်မှာ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်ပြီး မြို့ထဲမှာတော့ ငြိမ်သက်နေကာ စစ်ရှောင်တွေ အများစုရှိနေတဲ့ ဘော်ကြိုဘက်မှာတော့ စားနပ်ရိက္ခာ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တုံစင့် အဆိုးဆုံး။ တုံစင့်ရယ်၊ ဇာတ်စုရပ်ရယ်၊ ညောင်ကိုးပင်ရယ်၊ မြို့လယ်ရပ်ရယ်။ မန်မန် ရွာသစ်ပေါ့။ နားမုံပေါ့ အဲဘက်မှာေပါ့။ အခုချိန်ထိ အခြေအနေ အရမ်းမကောင်းသေးဘူးဗျ။ အခုချိန်ထိ သိမ်းလို့ မပြီး သေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက် က ပြောပါတယ်။ အခုရက်ပိုင်း ၅ ရက်ခန့် သီပေါမြို့ပေါ်မြန်မာရပ်၊ အနောက်ရပ် တွေဘက် အေးချမ်းနေပြီး မြို့လယ်ရပ်နဲ့ နမ့်ပေါ့ချောင်းဘေးဘက်တွေလည်း အဆင်ပြေလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ည ၇…

Read More

ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေပေမယ့် ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်သေး

ဩဂုတ် ၂၂ – ၂၀၂၄ SS (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် ပြင်ပဈေးကွက်အပေါ် တစုံတရာ သက်ရောက်မှုမရှိဘဲ ဒေါ်လာဈေး ကျပ် ၆၀၀၀ အထက် မြင့်တက်နေဆဲဖြစ်တယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူတွေဆီက သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကို ဩဂုတ် ၁၅ ရက်နဲ့ ၁၉ ရက်နေ့တွေက ထုတ်ရောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါပေမယ့် ပြင်ပ ငွေလဲဈေးကွက်အတွင်းမှာတော့ အမေရိကန်ဒေါ်လာဈေးတွေ မြင့်တက်နေဆဲဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၂ ရက်မှာတော့ တဒေါ်လာ ၆၁၀၀ ကျပ်ဝန်းကျင်ကို…

Read More

လက်ဘနွန် ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်ပြီးနောက် ဟဇ်ဘိုလာတို့က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်

တဲလ်အဗစ်၊ ဩဂုတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးတိုက်လေယာဉ်တွေဟာ လက်ဘနွန်အတွင်းပိုင်း ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်ပြီးနောက် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ကိုလည်း ဟဇ်ဘိုလာတို့က ဒုံးကျည်ဇင်များစွာနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ လက်ဘနွန် ဘက်ကာတောင်ကြားရှိ ဟဇ်ဘိုလာလက်နက်သိုလှောင်ရုံတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲပြီး လူတယောက်သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေးစစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တို်ကခိုက်ခဲ့ကြောင်း ဟဇ်ဘိုလာဖွဲ့ကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ နေအိမ်နှစ်လုံးပျက်စီးပြီး လူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးဟာ ပါလက်စတိုင်း ဖာတာလှုပ်ရှားမှုအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတယောက်ကို လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး အစ္စရေးဟာ ဒေသတွင်း ပဋိပက္ခကို အရှိန်မြှင့ဖို့် ကြိုးပမ်းနေတယ်လို့ အဲဒီအဖွဲ့က စွပ်စွဲထားပါတယ်။ လက်ရှိမှာတော့ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ အီရန်မှာ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့ပြီး…

Read More

This Day in History

Voice of Myanmar ဆပ်ပြာရည် ထုတ်လုပ်အသုံးပြုမှုနှင့် ပတ်သက်သည့် ပထမဆုံး မူပိုင်ခွင့်ကို အမေရိကန်နိုင်ငံသား ဝီလီယံရှက်ပ်ပါ့ဒ်ဆိုသူက ၁၈၆၅ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် ရရှိခဲ့သည်။

Read More

အဝေးပြေးယာဉ်လိုင်းအများစု လက်မှတ်ခဈေးနှုန်းတွေ မြင့်တက်လာ

ဩဂုတ် ၂၂ – ၂၀၂၄ SN (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် ရန်ကုန်မြို့က အဝေးပြေးယာဉ်လိုင်း အများစု လက်မှတ်ခဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကားလက်မှတ် ရောင်းချသူတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးစဉ်တွေပေါ်မူတည်ပြီး ကားလက်မှတ်ခတွေ ဈေးနှုန်းပြောင်းလဲလာတာမှာ ရန်ကုန် – မန္တလေးနဲ့ ရန်ကုန် – တောင်ကြီး အထူးကားလက်မှတ်ခတွေက အရင် ကျပ် သုံးသောင်းရှစ်ထောင်ကနေ ကျပ် လေးသောင်းနှစ်ထောင်၊ ရန်ကုန် – ပုဂံ ခရီးစဥ်က ကျပ် သုံးသောင်းလေးထောင်ကနေ ကျပ် သုံးသောင်းရှစ်ထောင်အထိ ဈေးနှုန်းမြင့်တက်လာသလို ရိုးရိုးကားလက်မှတ်ခ ဈေးတွေဟာလည်း ကျပ် ၃၀၀၀ ကနေ ၄၀၀၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ “ဈေးက အများကြီးခွာပြီး တက်ထားတာတော့ မရှိဘူး။ အခြေအနေပေါ်မူတည်ပြီး ဖြစ်သင့်တဲ့ဈေးနှုန်းကို…

Read More
VOM News

FREE
VIEW