ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသည်တင်ကား မိုင်းခွဲခံရလို့ နှစ်ယောက်သေပြီး ငါးယောက်ဒဏ်ရာရ

စက်တင်ဘာ ၂ – ၂၀၂၄GG (VOM)မွန်ပြည်နယ် ၊ရန်ကုန် – မော်လမြိုင် ကားလမ်း၊သထုံမြို့နယ် ကမာစိုင်ရွာအနီးမှာ ခရီးသည်တင်ကားတစီး မိုင်းခွဲခံရပြီး နှစ်ယောက်သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်က စက်တင်ဘာလ ၁ရက်နေ့ ၊ ည ၈နရီခွဲအချိန်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေက ယာဥ်မောင်းအမျိုးသားနဲ့ ကားပေါ်ပါ ခရီးသွားအမျိုးသားတဖြစ်ကြောင်း ၊ထိခိုက်ဒဏ်ရာရသူတွေကလည်း ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးငါးယောက် ဖြစ်တယ်လို့သိရပါတယ်။” မနေ့ကညပိုင်း ဖြစ်တာ။ ညဘက်အဲဒီလမ်းက သွားလာလို့မကောင်းဘူး။ အရင်ကလည်း ပရဟိတကားတွေပစ်ခံရတာရှိတယ်။ အခုကတော့ခရီးသည်တင်ကားပေါ့။ နှစ်ယောက်သေတယ်။ဒဏ်ရာရသူတွေထဲမှာစိုးရိမ်ရသူလည်းရှိတယ်။ ကားက တောင်ပေါ်သားကားပါ။ အခုကတော့ရန်ကုန်ပြေးဆွဲတာ။” လို့ သထုံဒေသခံလူမှုကူညီရေးအသင်းဝင် တယောက်ကပြောပါတယ်။အဆိုပါ ခရီးသည်တင်ကားပေါ်မှာကယာဥ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၁၃ ယောက်လိုက်ပါလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကိုတော့သထုံဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။မတ်လ ၂၇ ရက်နေ့ညပိုင်းကလည်း ကမာဆိုင်ရွာအနီးမှာပဲ လူနာသယ်ဆောင်လာတဲ့ အကြင်နာတွဲလက် လူမှုရေးအသင်းရဲ့ လူနာတင်ယာဥ်တစီး ပစ်ခတ်ခံခဲ့ရပြီး ကားပေါ်ပါသူတွေထဲက နှစ်ယောက်…

Read More

ထိုင်းအစိုးရအဖွဲ့သစ် ရွေးချယ်ထားပြီး ထိုင်းဘုရင်ထောက်ခံချက် ရယူမယ်

ဘန်ကောက်၊ စက်တင်ဘာ-၂-၂၀၂၄မျိုးဆက်(VOM)ထိုင်းအစိုးရအဖွဲ့သစ် ဝန်ကြီးတွေကို ရွေးချယ်ခဲ့ပြီးဖြစ်ကာ လာမယ့်သီတင်းပတ်မှာ ထိုင်းဘုရင်ရဲ့ အတည်ပြုခွင့်ချက် ရယူဖို့ တင်ပြသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ပိုင်တောင်ထရန်ရှင်နာဝပ်ထရာက ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။အစိုးရအဖွဲ့သစ်ကို စက်တင်ဘာလလယ်မှာ အတည်ပြုမယ်လို့ သူမရဲ့ ကြားဖြတ်အစိုးရမှာပါဝင်တဲ့ ထိပ်တန်းတာဝန်ရှိသူတွေကလည်း ဆိုပါတယ်။ အစိုးရအဖွဲ့သစ်မှာ ယခင် ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆက်လက်ပါဝင်မှာဖြစ်ပါတယ်။ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးအသစ် ၁၁ ယောက်ကို အစိုးရအဖွဲ့သစ်မှာ တွေ့မြင်ရမယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစိုးရအဖွဲ့သစ်အမည်စာရင်းနဲ့ပတ်သက်ပြီး ဖြူထိုင်းပါတီ အထွေထွေအတွင်းရေးမှူးက မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်သည်ဆိုကာ တရားရုံးချုပ်အမိန့်နဲ့ ရာထူးကနေ ဖယ်ရှားပြီး တလမပြည်ခင်မှာ ဖြူထိုင်းပါတီက နိုင်ငံရေးဝါနုသေးတဲ့ အသက် ၃၈ နှစ်အရွယ် ပိုင်တောင်ထရန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်သစ်အဖြစ် ပါလီမန်က ရွေးချယ်ခဲ့ပါတယ်။Ref:AFPPhoto:Bloomberg

Read More

လှိုင်သာယာမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် လူသေဆုံးမှုများလာ

စက်တင်ဘာ ၂ – ၂၀၂၄SN (VOM)ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးမှုတွေ များလာပြီး တအိမ်တည်းမှာတင် သေဆုံးသူ သုံးယောက်အထိ ရှိလာတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာတင်ပဲ မြင့်တက်လာတာဖြစ်ပြီး အရှေ့ဗဒံ၊ ပင်လုံဈေး၊ ရိုးကြီး၊ ရိုးလေးဘက်တွေမှာ အဖြစ်များနေကာ သေဆုံးသူ အယောက်၂၀ ကျော်လောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။“တချို့မြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သတ်ပြီး လိုက်ကြေညာတယ်။ အခုထိတော့ ကျွန်တော်တို့ဘက်မှာတော့ ဘာမှ မကြေညာသေးဘူး။ အခုရက်ပိုင်းလေးတွေပဲ သေတာ အယောက် ၂၀ လောက်ကျော်သွားတာ။ တော်တော်မြန်တယ်။ နာရေးဆိုလို့ ကြည့်လိုက်ရင် ဝမ်းပျက်ဝမ်းလျှောကြောင့်ပဲ။ ပင်လုံစျေး၊ ရိုးကြီး၊ ရိုးလေးဘက်မှာ ပိုများတယ်။ တအိမ်တည်း သုံးယောက် တပြိုင်တည်း ဆုံးသွားတာကလည်း ကျွန်တော်တို့အိမ်နဲ့ မလှမ်းမကမ်းလေးတင်ပဲ” လို့ ရိုးကြီးရပ်ကွက်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။ပြင်းထန်…

Read More

ရုရှား သူလျှိုဝေလငါးတကောင် နော်ဝေရေပိုင်နက်မှာ သေဆုံးလျက် တွေ့ရှိ

အော်စလို၊ စက်တင်ဘာ-၂-၂၀၂၄မျိုးဆက်(VOM)ရုရှားက သူလျှိုအဖြစ် လေ့ကျင့်ပေထားတယ်လို့သံသယရှိတဲ့ သူလျှိုဝေလငါးတစ်ကောင်ကို နော်ဝေကမ်းခြေမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ နော်ဝေတာဝန်ရှိသူတွေက ပြောပါတယ်။Hvaldimir လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီဝေလငါးရဲ့ အလောင်းကို နိုင်ငံအနောက်ပိုင်း ရီဆာဗီကာမြို့အနီး ရေပြင်မှာ တွေ့ရှိပြီးနောက် ကမ်းပေါ်ကို သယ်ဆောင်သွားကြပြီး ဒါဟာ ငါးနှစ်အတွင်း ပထမဆုံးသော သူလျှိုဝေလငါး တွေ့ရှိမှုဖြစ်ပါတယ်။ဝေလငါးအလောင်းမှာ စိန့်ပီတာစဘတ်ရဲ့ ပစ္စည်းဆိုတဲ့ စာတမ်းပါ ကြိုးတခုနဲ့အတူ GoPro ကင်မရာတလုံး တက်ဆင်ထားတာကိုလည်း တွေရှိခဲ့ရပြီး ဒါဟာ သူလျှိုဝေလငါးဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ဝေလငါးသေဆုံးမှုကို အသေးစိတ်မသိရပေမယ့် ပြင်ပဒဏ်ရာမတွေ့ဘူးလို့ ဆိုပါတယ်။ အရင်တုန်းကလည်း နော်ဝေရေပိုင်နက်မှာ သူလျှိုဝေလငါးတွေကို တွေ့ရှိခဲ့ဖူးပေမယ့် ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို ဘယ်တုန်းကမှ တုံပြန်ခြင်းမရှိခဲ့ပါဘူး ။ခန့်မှန်းခြေ နှစ်ပေါင်း ၆၀ လောက်ထိ အသက်ရှင်နိုင်တဲ့ ဘီလူဂါဝေလငါးတွေအတွက်တော့ အသက်ပြည့်တယ် ပြောလို့မရသေးဘဲ သူဟာ ၁၅ နှစ်လောက်ပဲရှိသေးတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ သူဟာ ရုရှားမြောက်ပိုင်း…

Read More

အမြန်လမ်းမှာ Express ယာဉ်တစီး တိမ်းမှောက်လို့ တယောက်သေပြီး ကိုးယောက် ဒဏ်ရာရ

စက်တင်ဘာ ၂ – ၂၀၂၄ SS (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက် ၅ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က Express ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တယောက်သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၁/၆) ဖာလုံမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ရှစ်ယောက်၊ အမျိုးသမီး ၁၇ ယောက်၊ စုစုပေါင်း ၂၅ ယောက်အနက် အမျိုးသား တယောက် သေဆုံးခဲ့ကာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး ခုနစ်ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ “ရန်ကုန်ကနေ မန္တလေးကို…

Read More

ဓါးစာခံ ခြောက်ယောက်သေဆုံးပြီးနောက် အစ္စရေးနိုင်ငံတဝန်းမှာ လူသိန်းချီဆန္ဒပြ

တဲလ်အဗစ်၊ စက်တင်ဘာ-၂-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက် အစ္စရေးနိုင်ငံတဝန်းမှာ လူသိန်းချီပြီး ဆန္ဒပြနေကြပါတယ်။ အစ္စရေးအလံတွေ ကိုင်ဆောင်ဝှေ့ယမ်းနေတဲ့ ဆန္ဒပြသူတွေကတော့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဝန်ကြီးချုပ်နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရက လုံလောက်တဲ့ အစီအမံတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါပါတယ်။ ဆန္ဒပြပွဲတွေဟာ မြို့တော် တဲလ်အဗစ် ၊ ဂျေရုဆလင်နဲ့ အခြားမြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပြီး တဲလ်အဗစ်မြို့ရဲ့ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတဲ့အပြင် ရဲတပ်ဖွဲ့က တားမြစ်ထားတဲ့ အတားအဆီးတွေကိုလည်း ဖြတ်ကျော်ခဲ့ပါတယ်။ အစ္စရေးအလုပ်သမား သမဂ္ဂကလည်း စက်တင်ဘာ ၂ ရက်မှာ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ပြီး ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် တွန်းအားပေးနေပါတယ်။ ဂါဇာတောင်ပိုင်း ရာဖာဒေသရှိ မြေအောက်ဥမင်လှိုဏ်ခေါင်းထဲမှာ ဟားမတ်စ်တို့ သတ်ဖြတ်ထားတဲ့ အစ္စရေးဓါးစာခံ ခြောက်ယောက်ရဲ့အလောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၂ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၁ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၄၆၁၇၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၃၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၂၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၁၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

This Day in History

Voice of Myanmarဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှီဂီမစ်ဆူမာမိုရူနှင့် ဗိုလ်ချုပ်ကြီး ယူမီဇူယိုရှီဂျီယိုတို့သည် ဂျပန်နိုင်ငံက တရားဝင်လက်နက်ချရေး သဘောတူညီချက်ကို အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ် မစ်ဆူရီပေါ်တွင် ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့လေသည်။

Read More

ပြည်ထောင်စုလမ်းပိုင်း ပိတ်ထားလို့ ကသာ ၊ထီးချိုင့်နဲ့ အင်းတော်မှာ ကုန်စျေးနှုန်း ပိုမိုမြင့်တက်လာ

စက်တင်ဘာ ၂ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က ပြည်ထောင်စုလမ်းပိုင်း အဝင်အထွက်တွေ ပိတ်ထားရတာကြောင့် ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့တွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အဲဒီလမ်းပိုင်းတွေကို နှစ်ဖက် တပ်ဖွဲ့တွေက ပိတ်ထားတာဖြစ်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာကြောင့် ဒေသတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ “ကသာမှာ အူရီဒူးလိုင်းပဲရတော့ ဖုန်းကဒ်တခု ငါးသောင်း၊ ငွေဖြည့်ကဒ်က တထောင်တန်ဆို နှစ်ထောင်ပေးရတယ်။ ဓါတ်ဆီ တဂါလံ လေးသောင်းခွဲ၊ အလွယ်ဝယ်မရဘူး။ မြို့အဝင်အထွက်တွေ နှစ်ဖက်အဖွဲ့တွေ ပိတ်ထားတော့ ဆိုင်ကယ်နဲ့ လာရောင်းတဲ့ အသည်လေးတွေ အားကိုးနေရတယ်။ တော်သေးတာက ဆန်မရှားလို့ ကျန်တာတော့ မီးလည်းမရ၊ ဖုန်းက မနေ့ကမှရတယ်။ အားသွင်းချင်ရင်…

Read More
VOM News

FREE
VIEW