တိုရွန်တို၊ အောက်တိုဘာ-၁၅-၂၀၂၄
မျိုးဆက်(VOM)
အိနိ္ဒယသံရုံး မဟာမင်းကြီးအပါအဝင် သံတမန်ခြောက်ယောက်ကို ကနေဒါနိုင်ငံ နှင်ထုတ်လိုက်ပြီး ကနေဒါရောက် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုနဲ့ အိန္ဒိယအတိုက်အခံတွေကို ပစ်မှတ်ထားမှုတွေကို အိန္ဒိယက ပိုမိုအားထုတ်လာတယ်လို့ ကနေဒါအာဏာပိုင်တွေက စွပ်စွဲလိုက်ပါတယ်။
အခုလို သံတမန်တွေကို နှင်ထုတ်တဲ့လုပ်ရပ်အပေါ် အိန္ဒိယက ဝေဖန်လိုက်ပြီး ကနေဒါသံရုံး ယာယီမဟာမင်းကြီးအပါအဝင် ကနေဒါသံတမန်ခြောက်ယောက်ကို နှင်ထုတ်ဖို့ အမိန့်ပေးပြီး လက်တုံ့ပြန်လိုက်ပါတယ်။
အိန္ဒိယ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တယောက် ကနေဒါမြေမှာ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အိန္ဒိယထောက်လှမ်းရေးတွေ ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေရှိတယ်လို့ ကနေဒါဝန်ချုပ် ဂျက်စတင်ထရူးဒိုးက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးကတည်းက နှစ်နိုင်ငံအကြား သံတမန်ရေးအရာ အငြင်းပွားမှုနဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်ခဲ့ပါတယ်။
လက်ရှိမှာတော့ အိန္ဒိယအစိုးရအေးဂျင့်တွေဟာ အများပြည်သူဘေးကင်းရေးကို သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေတဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ပတ်သက်နေတယ်ဆိုတာ ရှင်းလင်းခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ကနေဒါဝန်ကြီးချုပ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီလှုပ်ရှားမှုတွေထဲမှာ လျှို့ဝှက်သတင်းအချက်အလက် စုဆောင်းခြင်း၊ အတင်းအကျပ်ခြိမ်းခြောက်မှုနဲ့ အိန္ဒိယ-ကနေဒါ နိုင်ငံသားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုအပါအဝင် လုပ်ရပ်ပေါင်းတဒါဇင်ကျော်ရှိတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အိန္ဒိယဘက်ကတော့ ဝန်ကြီးချုပ် ထရူးဒိုးရဲ့စွပ်စွဲမှုတွေကို ကာလရှည်ကြာ ပယ်ချထားပြီး ကနေဒါဟာ နိုင်ငံရေး ခြေထိုးကွက်လုပ်နေတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...