ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ ဟန်ဒတ်ခ်ဆိုးကို စွပ်စွဲပြစ်တင်ဖို့ အတိုက်အခံတွေက ဒီကနေ့မှာ အဆိုတင်သွင်းလိုက်ပါတယ်။
အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ အမည်စာရင်းတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးတွေကို ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးက ခန့်အပ်ဖို့ ငြင်းဆိုပြီးနောက် သူ့အပေါ်ကို အတိုက်အခံတွေက စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
သူဟာ သမ္မတယွန်းဆွတ်ခ်ဆိုးလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကို မတားဆီးနိုင်တာကြောင့် အစောပိုင်းက တောင်းပန်ခဲ့ပေမယ့် သူဟာ ဒီအတွက် ကူညီပေးခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။
ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ ဟန်ဒတ်ခ်ဆိုးဟာ သမ္မတယွန်းဆွတ်ခ်ယိုးလ်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို အထူးစုံစမ်းစစ်ဆေးဖို့ အဆိုပြုချက်အပါအဝင် အတိုက်အခံတွေဦးဆောင်တဲ့ ဥပဒေကြမ်းအများအပြားကိုလည်း ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။
သူ့အပေါ် စွပ်စွဲပြစ်တင်မှုကို လာမယ့် ၂၄ နာရီမှာ ၇၂ နာရီအတွင်း မဲခွဲဆုံးဖြတ်သွားဖွယ်ရှိပါတယ်။ အဆိုအောင်မြင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ မှာ ၁၅၁ ယောက်က ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။
လက်ရှိမှာတော့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်အမတ် ၁၇၀ နေရာရှိထားပြီး အတိုက်အခံအဖွဲ့တွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် အမတ်ဦးရေ ၁၉၂ ယောက်ထိ ရှိနေပါတယ်။
ပုန်ကန်ခဲ့တဲ့ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ ရုပ်သေးရုပ် သို့မဟုတ် ပြည်သူတွေရဲ့အမိန့်ကိုနာခံတဲ့ ပြည်သူကျွန်ဖြစ်မလား ဟန်ဒတ်ခ်ဆိုးရဲ့ ရွေးချယ်မှုဖြစ်ပြီး သမိုင်းမှာ အရှက်တကွဲပုဂ္ဂိုဟ်အဖြစ် ရာထူးကနေ ဆင်းရမလားဆိုတာ ရှင်းရှင်းလင်းလင်း သတိပေးလိုက်တယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်ခေါင်ဆောင် ပတ်ချန်ဒေးကပြောပါတယ်။
လက်ရှိမှာတော့ စွပ်စွဲပြစ်တင်ခံရပြီး တာဝန်ကနေ ရပ်ဆိုင်းခံထားရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကတော့ တာဝန်ရှိသူတွေရဲ့ ဆင့်ခေါ်မှုနှစ်ကြိမ်ကို လာရောက်ခြင်းမရှိသေးပါဘူး။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...