ပြုံးယမ်း၊ အောက်တိုဘာ-၉-၂၀၂၄ မျိုးဆက်(VOM) တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကို လုံး၀ခွဲခြားဖို့ လုပ်ဆောင်မှုအဖြစ် တောင်ကိုရီးယားနဲ့ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းအကုန်လုံးကို အပြီးတိုင် ဖြတ်တောက်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယား တောင်ပိုင်းနယ်စပ်ကို အပြီးပိတ်ဆို့လိုက်တာဟာ အဲဒီဘက်ခြမ်းမှာရှိတဲ့ နယ်မြေတွေရဲ့ လုံခြုံရေး ပိုမိုခိုင်မာစေတယ်လို့ မြောက်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါဟာ စစ်ပွဲကိုတားဆီးဖို့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပို်ငခွင့်လို့ ဆိုပါတယ်။ ဒေသတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ဝေဖန်ခဲ့ပြီး ကားလမ်းနဲ့ ရထားလမ်းတွေ ဖြတ်တောက်မယ့်အစီအစဉ်က မကြာသေးမီကာလတွေအတွင်း တင်းမာမှုအမြင့်ဆုံးရောက်လာတယ်ဆိုတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဦးတည်သွားရောက်နိုင်တဲ့ လမ်းတွေကို မြောက်ကိုရီးယား အာဏာပိုင်တွေက တဖြည်းဖြည်း ပိတ်ပင်ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးမီကလည်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ၊ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပြင်…
Read MoreYear: 2024
ယူကရိန်းစစ်မြေပြင်ကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်ဖွယ်ရှိကြောင်း တောင်ကိုရီးယား သတိပေး
ဆိုးလ်၊ အောက်တိုဘာ-၉-၂၀၂၄ရတီ (VOM)ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေကို ကူညီဖို့အတွက် မြောက်ကိုရီးယားတပ်တွေကို စေလွှတ်ဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းက သတိပေးပြောကြားလိုက်ပါတယ်။မြောက်ကိုရီးယားဟာ ရုရှားအတွက် ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ကူညီနေပြီး နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး စစ်ရေးမဟာမိတ်အဆင့်ထိဖြစ်ဖို့ နီးကပ်လာပြီလို့ ကင်ယောင်ဟွန်က ပါလီမန်ကော်မတီမှာ ပြောပါတယ်။ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားထိန်းချုပ်ထားရာဒေသမှာ ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွင်း မြောက်ကိုရီးယားစစ်သား ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းသတင်းဌာနများက မကြာသေးခင်က ရေးသားဖော်ပြထားပါတယ်။ဒီသတင်းဟာ အမှန်ဖြစ်နိုင်တယ်လို့ ကင်ယောင်ဟွန်းကဆိုပါတယ်။ ယူကရိန်းမှာ မြောက်ကိုရီးယားတပ်တွေကို ဖြန့်ကြက်နို်ငခြေရှိမရှိ ပါလီမန်အမတ်တယောက်ရဲ့ မေးမြန်းမှုအပေါ် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဒါဟာ ဖြစ်လာနိုင်ခြေ မြင့်မားတယ်လို့ ပြောပါတယ်။ယူကရိန်းစစ်ပွဲ ကာလရှည်လာတာနဲ့အမျှ ရုရှားရဲ့ လက်နက်လိုအပ်ချက်ကြီးမားလားနေပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို မြောက်ကိုရီးယားအပြင် တရုတ်နဲ့ အီရန်တို့က ထောက်ပံ့နေတယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။လက်ရှိမှာတော့ ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲက…
Read Moreဖလော်ရီဒါမှာ ဟာရီကိန်းမုန်တိုင်းကြောင့် လူတသန်းကျော် ဘေးလွတ်ရာပြောင်းဖို့ အမိန့်ထုတ်
ဝါရှင်တန်၊ အောက်တိုဘာ-၉-၂၀၂၄မျိုးဆက်(VOM)အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဟာရီကိန်းမုန်တိုင်း မီလ်တန်ချဉ်းကပ်လာချိန်မှာ လူ တသန်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်တာကြောင့် ပြည်နယ်တွင်း အချို့ဒေသတွေမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။လူနေထူထပ်တဲ့ တမ်ပါပင်လယ်အော်ကိုဖြတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ့် အဆင့် ၅ ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ပြည်နယ်ဒေသခံတွေဟာ အရေးပေါ်ပြင်ဆင်မှုတွေကို အလျင်စလို လုပ်ဆောင်နေကြပါတယ်။မီလ်တန်ဟာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ ဖလော်ရီဒါပြည်နယ်ကို တိုက်ခတ်နေပြီး လူရာကျော်သေဆုံးပြီး ပျက်စီးဆှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့တဲ့ ဟာရီကိန်း ဟယ်လင်တိုက်ခတ်ပြီး နှစ်ပတ်မပြည်မီ ဒုတိယမြောက် အင်အားပြင်းမုန်တိုင်းလည်းဖြစ်ပါတယ်။မုန်တိုင်းကြောင့် သောင်တင်နေတဲ့ ဒေသခံတွေကို ကူညီဖိုပ ကယ်ဆယ်ရေးသတ်မှတ်ဇုန်တွေရဲ့ ပြင်ပမှာ ယာယီအမိုးအကာ ဒါဇင်ပေါင်းများစွာ စီစဉ်ထားတယ်လို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောပါတယ်။မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်မှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းလို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ မီလ်တန်မုန်တိုင်း ကြိုတင်ပြင်ဆင်ရေးနဲ့ ဟယ်လင်မုန်တိုင်းဒဏ်ပြန်လည်ထူထောင်ရေးတို့ကြောင့်…
Read Moreလက်ဘနွန်ကို ဂါဇာလိုမဖြစ်အောင် ဟဇ်ဘိုလာတွေကို မထောက်ခံကြဖို့ နေတန်ယာဟု သတိပေး
တဲလ်အဗစ်၊ အောက်တိုဘာ-၉-၂၀၂၄မျိုးဆက်(VOM)ဟဇ်ဘိုလာတွေကို မထောက်ခံကြဖို့နဲ့ ဂါဇာမှာဖြစ်သလိုမျိုး ရှောင်ရှားကြဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်ပြည်သူတွေကို တိုက်ရိုက်ပန်ကြား လိုက်ပါတယ်။အစ္စရေးတပ်တွေဟာ လက်ဘနွန်အနောက်တောင်ပိုင်း ဒေသတခုကို နောက်ထပ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ပြီး မြေပြင်ထိုးစစ်ချဲ့ထွင်နေချိန်မှာ နေတန်ယာဟုက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။“ဂါဇာမှာ မြင်နေရတဲ့ ပျက်စီးခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ ကာလရှည်ကြာစစ်ပွဲထဲမရောက်အောင် လက်ဘနွန်ကို ကယ်တင်ဖို့ သင်တို့မှာအခွင့်အရေးရှိတယ်။ ဟဇ်ဘိုလာတို့လက်က သင်တို့နိုင်ငံ လွတ်မြောက်မှသာ စစ်ပွဲပြီးဆုံးနိုင်လိမ့်မယ် ”လို့ နေတန်ယာဟုက ပြောပါတယ်။အစ္စရေးတပ်တွေဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာကို ဆက်ခံမယ့်သူကို သုတ်သင်နိုင်ခဲ့တယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ဒီအတောအတွင်း ဟဇ်ဘိုလာတို့ကလည်း အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ သုံးရက်ဆက် တိုက်ခိုက်ခဲ့ရာ လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ လက်ဘနွန်မှာတော့ အစ္စရေးရဲ့ သုံးပတ်ကြာ တိုက်ခိုက်မှုအတွင်း လက်ရှိချိန်ထိ လူ…
Read MoreThis Day in History
Voice of Myanmarအာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့်ကို ကန့်သတ်တားမြစ်ခြင်းအား ဆန့်ကျင့်သည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာလာလာယူဆွတ်ဇိုင်ကို တာလီဘန်သေနတ်သမားများက ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ပစ်ခတ်လုပ်ကြံခဲ့သော်လည်း ၎င်းသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
Read Moreဖယ်ခုံ၊ မိုးဗြဲဒေသ စပါးစိုက်ခင်းတွေပျက်စီးမှု စားနပ်ရိက္ခာ ဖူလုံရေး စိုးရိမ်နေ
ZY(VOM)အောက်တိုဘာ ၉၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ ဖယ်ခုံနဲ့ မိုးဗြဲဒေသမှာ စပါးစိုက်ခင်းဧက ထောင်ကျော် ပျက်စီးသွားတဲ့အတွက် လာမယ့်နှစ်အတွက် စားနပ်ရိက္ခာ လုံလောက်မှု မရှိမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံဆန်ကုန်သည်တွေထံကနေ သိရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက ဘီလူးချောင်းဆည်ရေ လျှံကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ရပ်ကွက်ကျေးရွာတွေနဲ့ စိုက်ခင်း၊ လယ်ခင်းဧရိယာတွေ ရေနစ်မြှုပ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေပြန်ကျနေပြီဖြစ်ပေမယ့် စပါးစိုက်ခင်း ဧကထက်ဝက်ကျော်က ပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။“ရေမြှုပ်သွားတဲ့ စပါးခင်းကတော့ ဧကအားဖြင့်တော့ ၆ထောင်နီးပါးလောက် ရှိနိုင်တယ်။ ရေပြန်ကျသွားပေမဲ့ ဧက ၃၅၀၀လောက်ကတော့ ပျက်စီးသွားပြီ။ ရေကတော့ တရက်ကို နှစ်လက်မစီလောက် ပြန်ကျနေတယ်။ လာမယ့်နှစ်ကတော့ စားနပ်ရိက္ခာအတွက် အတော်လေးဒုက္ခရောက်မယ့် အခြေအနေရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးကလည်း တော်တော်ခက်ခဲနေတယ်။ ကားလတ်တွေတောင် သွားလို့မရသေးဘူး။ အလှုူရှင်တွေ စက်လှေတွေနဲ့ လာလှူတာရှိပေမယ့် နည်းတယ်”လို့ ဆန်ကုန်သည်…
Read Moreဝါကျွတ်အကြို ရန်ကုန် အိမ်ခြံမြေဈေးကွက် ယမန်နှစ် အလားတူကာလကထက် အငှားပိုသွက်
အောက်တိုဘာ ၉ ၊၂၀၂၄Ms(VOM)ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ လတ်တလော ဝါကျွတ်ကာလ မရောက်ခင် မှာပဲ မနှစ်က ကာလ အလားတူအချိန်ကထက် အိမ်အငှား ဈေးကွက်များပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံအရ ဝါကျွတ်ကာလ အိမ်အပြောင်းအရွေ့ ပြုကြသူများတာ အပါအဝင် နယ်မြို့တွေက စစ်ဘေး၊ရေဘေးစတဲ့ အခက်ခဲတွေကြောင့်ရန်ကုန်ကို ရွှေ့ပြောင်းလာသူများလာတဲ့အတွက် အိမ်ငှားလိုသူများနေရာ အိမ်အငှားဈေးနှုန်းများလည် ဆတိုးမြင့်တက်လာနေတယ်လို့ဆိုပါတယ်။” အခုက အငှားအရမ်းလိုက်နေတာ။ နယ်တွေဘက်ကနေ စစ်ရှောင်တွေ ရန်ကုန်ဘက်ဆင်းလာပြီး အိမ်ငှားတာလည်းများတယ်။ အငှားများတော့ အိမ်က ရှာရတာခက်နေကြတာ။မနှစ်က အဲဒီလောက်မများဘူး။ အိမ်ငှားများတော့ ဈေးကလည်းတက်တယ်။အရင်ဆိုနှစ်သိန်း နဲ့နှစ်သိန်းခွဲလောက်ရတဲ့အိမ်က သုံးသိန်း အထက် က ဈေးအောက်ထစ်ဖြစ်ပြီ အငှားများတော့ ဒီလူမငှားလည်း နောက်လူငှားမှာပဲ ဆိုတာတော့ရှိလာတာပေါ့။ လချုပ်ရယ် လချင်းပေးရယ် သတ်မှတ်ထားတယ်။အစားစားပါပဲ။ တချို့လည်း စပေါ်များများ လခနည်းနည်းပေးပေါ့ ။ အခုကာလကတော့ မိုးပါးလာတာကြောင့် အိမ်ခြံမြေ အရောင်း၊အဝယ် ၊အငှားအကုန်မေးလာကြပြီ ဆိုတော့…
Read Moreရွှေနဲ့ ဒေါ်လာဈေးကျလာပေမယ့် ပြည်တွင်းကားဈေးနှုန်း သိသိသာသာကျမလာသေး
အောက်တိုဘာ ၈ – ၂၀၂၄KKO(VOM)ယခုအောက်တိုဘာလဆန်းပိုင်းအတွင်းမှာ ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးကျဆင်းမှု တွေရှိလာပေမယ့် ပြည်တွင်းကားဈေးနှုန်းကတော့ သိသိသာသာကျဆင်းလာခြင်းမရှိဘဲ ဈေးနှုန်းအားဖြင့်အမြင့်တန်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။“အခုရွှေဈေးနဲ့ ဒေါ်လာဈေးက ပြည်တွင်းကားဈေးကွက်ကို အများကြီး သက်ရောက်မှုမရှိပါဘူး။ အခုပြည်တွင်းကားဈေးတွေမကျဘူးဆို တာက ကားတင်သွင်းခွင့်မူဝါဒတွေကြောင့် ကားဈေးတွေကအမြင့်တန်းမှာပဲဆက်ရှိနေတာကိုတွေ့ရတယ်။သက်ဆိုင်ဂာအရင်လို ဖရီးပါမစ်ပေးတာတို့ ဦးသိန်းစိန်လက်ထက်ကလို ကားသွင်းခွင့်ပြုတာတွေဆိုရင်တော့ပြည်တွင်းကားဈေးက ကျလာနိုင်တယ်။” လို့ ဝါရင့် ကားဝယ်ရောင်းတယောက်ဖြစ်တဲ့ ကိုဇော်ကြီးက VOM ကိုပြောပါတယ်။ပြည်တွင်ကားဈေးနှုန်းကျဆင်းလာဖို့ဆိုပါက ကားမူဝါဒဆိုင်ရာအပြောင်းအလဲနဲ့ ပြည်ပက Use ကားခေါ် ဂျပန်တပတ်ရစ်ကားများကို ပြည်တွင်းသို့ပြန်လည်တင်သွင်းခွင့်ရရှိမှသာ ပြည်တွင်းကားဈေးက တမျိုးတဖုံပြောင်းလဲလာနိုင်မယ်လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ကိုင်သူတွေကခန့်မှန်းထားကြပါတယ်။“ အခုကကားတင်သွင်းခွင့်ပြုထားပေမယ့် ဘယ်ကိုင်းပဲတင်သွင်းရမယ်၊ ၂၀၂၂ မော်ဒယ်ပဲသွင်းရမယ်ဆိုရင် ကားတန်ဖိုးကမြင့်နေမှာပဲဖြစ်တယ်။မော်ဒယ်မြင့်တော့ ဝယ်ယူရတဲ့ဈေးကလည်းမြင့်တယ်။ဒီက ကားတွေရဲ့ ကားဈေးကျဖို့ဆိုတာကအရင်လို ဂျပန် Use ကားတွေကိုပြန်သွင်းခွင့်ပြုမှပဲရမယ်။ နောက်ပြီးလေလံကားတွေဒါတွေကိုပြန်ချပေးရင်ကားဈေးတွေက တမျိုးလေးဖြစ်လာနိုင်တယ်။ အခုရွှေဈေး၊ဒေါ်လာဈေးကျလည်း ဘယ်သူ့မှကားဈေးကိုချရောင်းတာမျိုးမရှိဘူးလေ”လို့ သူကဆိုပါတယ်။ကားဈေးကျဖို့ဆိုပါက SKD ကားတွေပြည်တွင်းမှာခပ်စိတ်စိတ်လေးပြန်ထုတ်လာနိုင်ရင်တော ့ကားဈေးကျလာနိုင်မယ်လို့လည်း…
Read Moreပင်လည်ဘူးကို ဒေသတွင်းတပ်တွေ ထိန်းချုပ်ထားကြောင်း သတင်းထွက်ပေါ်
အောက်တိုဘာ ၈ – ၂၀၂၄SN (VOM)စစ်ကိုင်းတိုင်း (အထက်ပိုင်း) က ပင်လည်ဘူးမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ထိန်းချုပ်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။KIA/PDF ပူးပေါင်းတပ်တွေအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှ စတင်ကာ ပင်လည်ဘူးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လနီးပါး ကြာမြင့်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးကျန်နေတဲ့ ပင်လည်ဘူးမြို့မရဲစခန်းကို သိမ်းပိုက်ခဲ့ကာ အဲဒီမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။“ပင်လည်ဘူးက လက်ကျန်စခန်းကို တိုက်ခိုက်ပြီး ဒီမနက်မှာတော့ မြို့ကို အပြီးသတ်သိမ်းလိုက်ပြီလို့ သိရတယ်။ လက်ရှိမှာတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာရှိတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း KIA/PDF ပူးပေါင်းတပ်တွေဟာ…
Read Moreအာဆီယံ ထိပ်သီးအစည်းအဝေးတက်ဖို့ မြန်မာကိုယ်စားလှယ်တယာက်ကို ပထမဆုံးအကြိမ် စေလွှတ်
ဗီယင်ကျန်း၊ အောက်တိုဘာ-၈-၂၀၂၄မျိုးဆက်(VOM)အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်တယောက်ကို မြန်မာအာဏာပိုင်တွေက စေလွှတ်လိုက်ပြီး ဒါဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အာဆီယံသံတမန် သတင်းရင်းမြစ်တယောက်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့ သုံးနှစ်ကျော်ကြာ ကြိုးပမ်းခဲ့ပေမယ့်လည်း ရှေ့မတိုးနောက်မဆုတ် အခြေအနေမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မပြုဖို့ အာဆီယံအသိုင်းအဝိုင်းက ဆုံးဖြတ်ခဲ့ပြီး မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးနဲ့ မဆက်နွယ်တဲ့ ကိုယ်စားလှယ်စေခြင်းမရှိခဲ့ပါဘူး။လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို မနက်ဖြန်မှာစတင်မှာဖြစ်ပြီး မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတယောက်ကို စေလွှတ်ခဲ့တယ်လို့ အာဆီယံသံတမန်တယောက်က အေအက်ဖ်ပီကို ပြောပါတယ်။ဒါဟာ ဘုံသဘောတူညီချက်ငါးချက်ကို လက်ခံလိုက်တဲ့သဘောဖြစ်ပြီး ဒီတိုင်းနေတာထက် ပြင်ပကအသံတွေ ကြားသိရတာ ပိုကောင်းမယ်ဆိုတာ သူတို့ထင်ကောင်းထင်လာဖွယ်ရှိတယ်လို့ အာဆီယံသံတမန်က သုံးသပ်ပါတယ်။မြန်မာကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ အာဆီယံခေါင်းဆောင်တွေရဲ့…
Read More