ဥသျှစ်ပင်မြို့အနီးမှာရှိတဲ့ တောင်ကုတ်ရိုးမပေါ်က တောင်ပုံကြီးစခန်းမှာ တိုက်ပွဲဖြစ်နေလို့ ပဲခူးတိုင်းဘက် စစ်မီးကူးမှာ ဒေသခံတွေစိုးရိမ်

ဇန်နဝါရီ ၃ – ၂၀၂၅
GG (VOM)

ပြည်ခရိုင် ၊ဥသျှစ်ပင် မြို့နယ်နမိတ်အနီးမှာရှိတဲ့ တောင်ကုတ် ရိုးမပေါ်က တောင်ပုံကြီးစခန်းကို AA ကဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။

အဆိုပါတောင်ပုံကြီးစခန်းဟာ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ နစကရဲ့လုံခြုံရေးတပ်စခန်းတခုဖြစ်ပြီး ဥသျှစ်ပင်မြို့နဲ့နီးကပ်နေတဲ့စခန်းတခုလည်းဖြစ် တယ်လို့သိရပါတယ်။

” ဥသျှစ်ပင်မြို့နယ်ထဲမပါဘူး။တောင်ကုတ်ရိုးမပေါ်ကစခန်းပါ။ ရခိုင်ပြည်နယ်ထဲပါတာပေါ့ ။ဒါ​ပေမယ့် တောင်ပုံကြီးကနေဆိုရင် ဥသျှစ်ပင်ကိုကားနဲ့ဆိုရင် ၁နာရီခွဲလောက်ပဲမောင်းရမယ်ဆိုတော့ နီးတယ်ပြောရမယ်။ အဲဒီရိုးမပေါ်က အသွားအလာလုပ်လို့လည်းမရဘူးလေ။စစ်တပ်ပဲသွားလို့ရတယ်။ တောင်ပုံကြီးဘက်မှာတိုက်ပွဲဖြစ်နေတာတော့ မှန်တယ်။ “လို့ ဥသျှစ်ပင်ဒေသခံကပြောပါတယ်။

တောင်ပုံကြီးစခန်းကို မနေ့က ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းကတည်းက AA ကစတင်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ် ။

တောင်ပုံကြီးစခန်းဟာ တောင်ကုတ်မြို့နယ်အပိုင်ပါပေမယ့် ဥသျှစ်ပင်မြို့နဲ့နီးကပ်လာတာကြောင့် ဒေသခံတွေကတော့ ရခိုင်ပြည် နယ်ကတိုက်ပွဲတွေ ကူးစက်လာမှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။

” တိုက်ပွဲပြင်းထန်သလား မပြင်းထန်ဘူးလားသေချာတော့မသိပေမယ့် လေယာဥ်တွေကတော့ခုရက်ပိုင်းတအားကို သွားတာတွေ့ရတယ်။တိုက်ပွဲတွေဒီဘက်ရောက်လာမှာတော့စိုးရိမ်တာပေါ့။ဒါပေမယ့်လည်းဖြစ်လာရင်တော့ရှောင်လို့မှမရတာ။ခုထိတော့အခြေအနေအေးဆေးပါပဲ။” လို့ ပန်းတောင်းဒေသခံကပြောပါတယ်။

ဥသျှစ်ပင်မြို့နဲ့ပန်းတောင်းမြို့ဟာ ပြည်ခရိုင်ထဲမှာပါပြီး ပြည်မြို့ ၊ဧရာဝတီမြစ်တဖက်ကမ်းမှာတည်ရှိတာဖြစ်ပြီး ဥသျှစ်ပင်မြို့မှာ နစကရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ၆ ရှိပါတယ်။ပန်းတောင်းမှာလည်း နစကရဲ့ မြို့အခြေစိုက်စစ်တပ်စခန်းတွေရှိသလို ပြည်မြို့မှာဆိုရင်လည်း ခြေမြန်တပ်ရင်း အပါအဝင်တပ်စခန်းအတော်တော်များများရှိပါတယ်။

ဥသျှစ်ပင်၊ပန်းတောင်း၊ပြည်မြို့နယ်တွေမှာတော့ နစကမှ ခံစစ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလည်းလုပ်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW