ဇန်နဝါရီ ၆- ၂၀၂၅
GG (VOM)
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ပိန္နဲပင်ရွာနဲ့ ရေလွှဲရွာမှာ နစက တပ်ဖွဲ့နဲ့ PDF တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။
နှစ်ဖက်အ ဖွဲဲ့အစည်းတွေအကြားတိုက်ပွဲ ပြင်းထန်နေတာကြောင့် အဆိုပါကျေးရွာက ဒေသခံပြည်သူတွေမှာ လက်နက်ကြီးကြောင့် နေအိမ်တွေထိခိုက်ပျက်စီးတဲ့အပြင် ရွာလုံးကျွတ်နေအိမ်စွန့်ခွာစစ်ရှောင်နေရသလို အနီးဝန်းကျင်ရှိရွာတွေကလည်း စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
” ခုရက်ပိုင်းမှာပိုပြင်းထန်လာတယ်ပြောရမယ်။ပစ်ခတ်သံတွေနေ့တိုင်းကြားရတယ်။ PDF တွေဘက်က ရှစ်ယောက်သေတယ်လို့သိရတယ်။စစ်တပ်ဘက်ကလည်းအကျဆုံးရှိတယ်ကြားပေမယ် သေချာမသိရသေးဘူး။ရွာသားတွေကတော့အကုန်စစ်ရှောင်နေကြရတယ်။တိုက်ပွဲဖြစ်တဲ့ရွာနီးပတ်ချာလည်းမနေရဲကြဘူးရှောင်ကြရတယ်။ခုတိုက်ပွဲဖြစ်နေတဲ့ရွာက သေတာ ရှစ်ယောက်ရှိတယ်။” လို့ ဒေသခံကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ပိန္နဲပင်ရွာနဲ့ရေလွှဲရွာတွေက ဒေသခံပြည်သူတွေကတော့ စစ်ပွဲလွတ်တဲ့ကျေးရွာတွေနဲ့ဘုန်းတော်ကြီးကျောင်းတွေ၊ဆွေမျိုးမိသားစုမိတ်ဆွေတွေ၊ တောတွေထဲကိုထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေးတွေလည်း ဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။
” တိုက်ပွဲက ဖြစ်တော့ပြေးကြရတာ စားစရာကိုအများကြီးဘယ်သူမှမသယ်နိုင်ဘူး။ဒီတိုင်းပြေးကြရတာ။တောထဲရှောင်နေရသူတွေဆိုပိုဒုက္ခရောက်တယ်။ကူညီမယ့်သူမရှိနဲ့ အမိုးအကာကမလုံမခြုံနဲ့နေရတာ။ရွာတွေဘက်ရှောင်တဲ့သူတွေကမှတော်သေးတယ်။ ဒီနေ့လည်း ပစ်ခတ်တွေ ကြားရတယ်။” လို့သူကဆက်ပြောပါတယ်။
အဆိုပါ တိုက်ပွဲအကြားမှာလက်နက်ကြီးထိမှန်ပြီး ပိန္နဲပင်ရွာက ခုနှစ်ယောက်သေဆုံးခဲ့ပြီး ရေလွှဲရွာကတော့ အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။
ခုလဇန်နဝါရီ ၁ ရက်နေ့မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာတဲ့ နစက တပ်ဖွဲ့တွေနဲ့ PDF တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေ ဒီနေ့ဇန်နဝါရီ ၅ ရက်နေ့အထိတိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကလည်း ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာအနီးမှာ နစကနဲ့ PDF အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
photo – CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...