ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်၏ မိုးစိမ့်စိမ့် နံနက်စောစောတွင် မန်္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန် လက်ဖက် ရည်ဆိုင်လေးမှ နွားနို့ကဲသော ချိုစိမ့်စိမ့် လက်ဖက်ရည် တစ်ခွက်စီ သောက်အပြီး မိုးရေစိုစွတ်ဆဲ ဝေးပြေးလမ်းမကြီးအတိုင်း တည်းခိုရာ နေရာလေးဆီသို့ ကျွန်တော်တို့ ၃ဦးသား လမ်းလျှောက်ပြန်ခဲ့ကြသည်။ ကျွန်တော်တို့ ၃ဦးသားဟု တန်းညှိ၍ ဆိုရာတွင် ကျန် ၂ယောက်က ကျွန်တော့်ထက် အသက်ရော ဝါရော ကြီးသူများ ဖြစ်ကာ နိုင်ငံရေးအရ ခိုင်ကျည်သော ယုံကြည်ချက်ဖြင့် နရသိန် ၂ကျော့ပြန်များ ဖြစ်သည်။ တစ်ဦးက အင်္ဂလိပ်စာပြဆရာ အယ်ဒီတာ၊ တစ်ဦးက သုတေသန သမား စာကြည့်တိုက်မှူး။ အင်္ဂလိပ်စာပြဆရာ အယ်ဒီတာက ကျွန်တော့် အစ်ကိုလို ဆရာလို ဖြစ်သည်။ သုတေသနသမား စာကြည့်တိုက်မှူးက မန္တလေးရောက်တာ မကြာသေး၊ သူ့ကို…
Read MoreDay: January 17, 2025
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ ၅ နှစ်အတွင်းကလေးငယ်တွေထဲအကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတကြိမ်မှ မထိုးရသေးတဲ့ကလေးတွေနဲ့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးတွေကို Big Catch-up လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံခြင်းကို အခုဇန်နဝါရီလထဲမှာ တနိုင်ငံလုံးစတင်လုပ်ဆောင် ပေးတော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရ ပါတယ်။ ထိုးနှံပေးမယ့်ကာကွယ်ဆေးတွေက ငါးမျိုးစပ်ကာကွယ်ဆေး ၊ ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ပိုလီရိုရောဂါကာကွယ်ဆေးတွေကို ထိုးနှံခြင်း၊တိုက်ကျွေးခြင်း ပြုလုပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ” ထိုးနှံပေးမယ့်ရက်တွေကတော့ သူ့နေရာဒေသအလိုက်တူမှာ မဟုတ်ဘူး။ဘီးလင်းမှာတော့သုံးကြိမ်ခွဲပြီးကာကွယ်ဆေးတွေထိုးပေးမှာပါ။တကြိမ်ကို ၇ ရက်စီ သတ်မှတ်ပြီးထိုးနှံပေးမှာပါ။ကိုယ့်သက်ဆိုင်ရာ ကာကွယ်ဆေးစုရပ်မှာထိုးလို့ရမယ်။ကိုယ်မထိုးရသေးရင် ကိုယ်နဲ့နီးစပ်ရာကျန်းမာရေးဌာနကိုဆက်သွယ်ထိုးကြပါ။” လို့ ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းကပြောပါတယ်။ စစ်ဘေးရှောင်နေရတဲ့အတွက် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးတဲ့ ကလေးတွေနဲ့ကာကွယ်ဆေး တကြိမ်မှမထိုးရသေးတဲ့ကလေးငယ်တွေ အတွက်လည်း မိခင်တွေအနေနဲ့ လက်ရှိစစ်ရှောင်ရောက်ရှိနေတဲ့ ေနရာဒေသရှိ ကျန်းမာရေးဌာန၊ဆေးရုံတွေ၊ နီးစပ်ရာနေရာဒေသရှိအုပ်ချုပ်ရေးပိုင်း ကို ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့သိရပါတယ်။…
Read Moreကာဝန်ပြန်ပြီးနောက် ဟုမ္မလင်းမှာ တိုက်ပွဲ ပိုမိုပြင်းထန်
ဇန်နဝါရီ ၁၇ – ၂၀၂၅ SN (VOM) ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံရာနဲ့ချီ စစ်ရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က ဟုမ္မလင်းမြို့ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရောက်ရှိလာကာ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်း ဒေသတွင်းမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဟုမ္မလင်းမြို့နယ်မှာ နစကတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံပြည်သူ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။ “ဇန်နဝါရီ ၄ ရက်နေ့ကတည်းကစပြီး တိုက်ပွဲဖြစ်နေတာ။ ခုရက်ပိုင်း ပိုပြင်းထန်လာတယ်။ ရေပေါ်မီးကျေးရွာနဲ့ ပါဟုတ်ကြီး ကျေးရွာတွေရော၊…
Read Moreအောင်ပန်းအချုပ်ဖောက်ပြေးမှု ထွက်ပြေးသူအားလုံးဖမ်းမိထားပြီး ပေါ့လျော့သူ ရဲတပ်ဖွဲ့ဝင်အားလုံး အရေးယူမှုစတင်
ZY(VOM) ဇန်နဝါရီ ၁၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ အောင်ပန်းမြို့ ရဲစခန်း၊ အချုပ်ဖောက်ပြေးသူအားလုံးကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်သလို ဖြစ်စဥ်မှာ စည်းကမ်းပေါ့လျော့သူ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်အားလုံးကို အရေးယူမှုစတင်ပြုလုပ်နေပြီလို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ အောင်ပန်းရဲစခန်းမှ အချုပ်တရားခံ ၁၀ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်က လက်နက်ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့ ဇန်နဝါရီလ ၁၆ရက်က တရားခံအားလုံးကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ “အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်အားလုံး အရေးယူမှု စတင်ပြုလုပ်နေပါပြီ။ ပေါ့လျော့တပ်ဖွဲ့ဝင်တွေကို အရေးယူသလို တဖက်မှာလည်း တရားခံတွေကို လက်နက်နဲ့အတူ ပြန်လည်ဖမ်းဆီးရမိတဲ့ ဖြစ်စဥ်မှာ ကြီးကြပ်သူ ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဖို့ ပြင်ဆင်နေပါတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ အချုပ်ဖေါက်ပြေးသူ ၁၀ ယောက်ထဲက နှစ်ယောက်ကို ဇန်နဝါရီလ ၉ရက်နေ့မှာပဲ ပြန်ဖမ်းမိခဲ့ပြီး ဇန်နဝါရီ ၁၄…
Read Moreစစ်ကိုင်းတိုင်း ခမ်းပတ်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူခြောက်ယောက်သေဆုံး
ဇန်နဝါရီ ၁၇ – ၂၀၂၅ CC (VOM) NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ဇန်နဝါရီ၁၆ ရက်နေ့ညပိုင်းက နစကမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ခြောက်ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။ မနေ့က ညပိုင်း ၈ နာရီကျော် လောက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရ မှုကြောင့်လူသေဆုံးမှုအပြင် နေအိမ် ၂၀ ထက်မနည်းလည်းပျက်စီးမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ ” ၈ နာရီကျော်လောက်မှာ ဗုံးသုံးကြိမ် ကြဲချတာပါ။ သိရသလောက်တော့ခြောက်ယောက်သေတယ်။ အဲဒီထဲမှာကလေးရော၊သံဃာရောပါတယ်ဆိုပြီးသိရတယ်။သတင်းတွေလည်းတက်နေပါတယ်။အိမ်တွေလည်းပျက်စီးတယ်။NUGကစစ်ကိုင်းတိုင်းမှာရုံးစိုက်မယ်ဆိုပြီးသတင်းထွက်ပြီးမကြာဘူးခမ်းပတ်မှာရုံးစိုက်မယ်ဆိုပြီးထွက်တော့ ခုလိုကြဲခံရတာပဲ။ကြားထဲကပြည်သူတွေထိခိုက်သေရတယ်။ခုထိတော့ ခမ်းပတ်မှ NUG ကရုံးစိုက်တာမရှိသေးဘူး။ ” လို့ တမူးဒေသခံကပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာက ခမ်းပတ်မြို့ရှိ အမှတ်၁ရပ်ကွက်အပါအဝင် ကနန်းစံပြ ကျေးရွာတို့ဖြစ်တယ်လို့သိရပါတယ်။ ခမ်းပတ်မြို့လေကြောင်းတိုက်ခိုက်ခံရတယ်ဆိုတဲ့ ကိစ္စအပေါ် NUG ဘက်ကတော့ခုချိန်ထိတစုံတရာ တုန့်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးသလို နစကဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းကလည်း ခမ်းပတ်မြို့…
Read Moreပင်းတယက အရာရှိတွေ ထိုင်နေကြ ဘားနဲ့ ကာရာအိုကေဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပေမယ့် ဖြစ်စဉ်ကို ဒေသအာဏာပိုင်တွေက ဖုံးဖိပေးထား
ZY(VOM) ဇန်နဝါရီ ၁၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ ဒီကနေ့ ဇန်နဝါရီလ ၁၇ရက်၊ မနက် အစောပိုင်းအချိန်က နစကအဖွဲ့ဝင်တွေ ထိုင်နေကြ ဘားနဲ့ ကာရာအိုကေဆိုင် မီးလောင်မှုဖြစ်ပွား ခဲ့ပေမယ့် ဖြစ်စဉ်ကို ဒေသအာဏာပိုင်တွေက ဖုံးဖိပေးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ ပင်းတယမြို့၊ ပင်းတယ-ဘော်ဆိုင်းသွားလမ်း၊ ရွာငယ်ရပ်ကွက်၊ ရွာငယ်တံတားထိပ်မှာ ဖွင့်လှစ်ထားတဲ့ CENTRAL &သူငယ်ချင်း ၂ စားသောက်ဆိုင်မှာ ဘားနဲ့ မိန်းကလေး စားပွဲထိုးတွေရှိသလို ကာရာအိုကေလည်း ထည့်သွင်းထားပြီး မနက် ၃နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ဝါယာရှော့တော့မဟုတ်ဘူး၊ ပေါ့ဆမီးဖြစ်မယ်။ အရမ်းတော့ မများဘူး။ ဒါပေမယ့် တပ်အရာရှိတွေ ထိုင်နေကြဆိုင်၊ သူတို့နဲ့ ပါတနာဆိုင်ဆိုတော့ အမှုဖွင့်တာတွေ မလုပ်ပဲ ဖုံးဖိပေးထားတာ။ ပင်းတယ ဖေ့ဘွတ်စ်ဂရုမှာ မီးလောင်တဲ့ပုံတွေ၊ အကြောင်းအရာတွေ တင်တာတောင် ဖြုတ်ချခိုင်းထားတယ်”လို့…
Read Moreနုန်းမြေတွေကြောင့် အင်းလေးဒေသ နေရာအချို့မှာ စက်လှေတွေသွားလာမရလို့ ဒေသခံတွေ အခက်ကြုံ
ZY(VOM) ဇန်နဝါရီ ၁၇၊ ၂၀၂၅ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေကြီးပြီး ကျန်ခဲ့တဲ့ နုန်းမြေတွေကြောင့် အင်းလေးကန်ရှိ ကျေးရွာအချို့မှာ စက်လှေတွေသွားလာမရလို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ 4 ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလ၊ တတိယပါတ်အတွင်းမှာ ရေကြီးမှုအခြေအနေ အဆိုးရွားဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေတွေ စီးဝင်လာမှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရပြီး လက်ရှိမှာ ရေပြန်ကျသွားပေမယ့် ရေကြီးမှုနဲ့ အတူပါလာတဲ့ နှုန်းမြေတွေကြောင့် ရွာမကျေးရွာနဲ့ အင်းတိန်ကျေးရွာတို့မှာ စက်လှေတွေ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။ “ရွာမကျေးရွာနဲ့ အင်းတိန်ကျေးရွာတို့ဆိုတာ ဒေသတွင်းသွားလာဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး…
Read Moreယူကရိန်းကို ထောက်ပံ့မယ့် နှစ် ၁၀၀ မိတ်ဖက်သဘောတူစာချုပ် ဗြိတိန်နဲ့လက်မှတ်ထိုး
ကိဗ်ယက်၊ ဇန်နဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) ဗြိတိန်နဲ့ ယူကရိန်းတို့ဟာ ကာလရှည်ကြာ ဆက်ဆံရေးမြှင့်တင်မှုအဖြစ် နှစ် ၁၀၀ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာနဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ကိဗ်ယက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါဟာ ဗြိတိန်ဝန်ကြီးချုပ်စတာမာရဲ့ ပထမဆုံး ယူကရိန်းခရီးစဉ်ဖြစ်ပြီး သဘောတူညီချက်တွေထဲမှာ နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေပါဝင်ပြီး ဘောတစ်ပင်လယ်နဲ့ ပင်လယ်နက်တို့မှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ရှိနေပါတယ်။ ဝန်ကြီးချုပ် စတာမာနဲ့ သမ္မတဇီလန်စကီးတို့ဟာ ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးအောင်မြင်ပါက ယူကရိန်းမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွေချထားနိုင်ရေး ဖြစ်နို်ငခြေကိုလည်း ဆွေးနွေးခဲ့ပြီး ဒီလိုဖြန့်ကြက်မှုကို ဥရောပနိုင်ငံအချို့ကလည်း အဆိုပြုထားပါတယ်။ မိတ်ဖက်သဘောတူညီချက်အရ ဗြိတိန်ဟာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးနေမှာဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်တခုလည်း ယူကရိန်းကို ပေးအပ်မယ်လို့ ဝန်ကြီးချုပ် စတာမာက ဆိုပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ နေတိုးအဖွဲ့မှာ ယူကရိန်းပါဝင်ရေးကို ဆန့်ကျင်မှုတွေရှိနေတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ ဒီနိုင်ငံတွေဟာ အမေရိကန်၊ ဟန်ဂေရီ၊…
Read Moreကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားတွေ နှိမ်နှင်းရေး အာဆီယံကို တရုတ်တိုက်တွန်း
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းလောင်းကစားတွေကို နှိမ်နှင်းရေးအတွက် ထိရောက်တဲ့အစီအမံတွေလုပ်ဖို့ အာဆီယံနိုင်ငံတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တိုက်တွန်းလိုက်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေကြီးထွားလာနေပြီး လိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပြီးနောက် ဒါဟာ တရုတ်နဲ့ အခြားနိုင်ငံသားတွေကိုပါ ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။ နိုင်ငံပေါင်းစုံက ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်ဖန်တီးရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ကိုလည်း တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ ဒေသတွင်း သံတမန်တွေနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ တရုတ်နိုင်ငံရဲ့ကမ်းလှမ်းချက်ဟာ အရှေ့တောင်အာရှမှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူမှောင်ခိုကူးမှုတွေ ကြီးထွားလာတဲ့အပေါ် တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ မြန်မာ၊ ထိုင်းအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အရေးတကြီး အကြံပြုချက်သစ်တရပ်ကိုလည်း တရုတ်နိုင်ငံက အကြံပြုခဲ့ပါတယ်။…
Read Moreရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်ကားတွေကို ကညနက စာရင်းကောက်ယူနေ
ဇန်နဝါရီ ၁၇- ၂ဝ၂၅ KKO(VOM) ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်နံပါတ်နဲ့ ကားတွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က စတင်ပြီး စာရင်းတွေကောက်ယူနေတယ်လို့ ကားလောကအသိုင်း အဝိုင်းကနေ VOM က စုံစမ်းသိရှိရပါတယ်။ “နယ်လိုင်စင်ကားတွေကို သူတို့ စပြီးစာရင်းကောက်နေတယ်လို့ ပြောတယ်။ရန်ကုန်မှာက ဧရာဝတီလိုင်စင်တို့ ပဲခူးလိုင်စင်ကားတွေပဲများတယ်။ဘာလို့စာရင်းကောက်လဲတော့မသိသေးဘူး။နယ်နှင်ဖို့လား၊အသွားအလာကန့် သတ်လိုက်ဖို့လား၊နယ်ကကားတွေရန်ကုန်မှာမောင်းလို့မရတာလား၊ရန်ကုန်ကားတွေနယ်ဆင်းလို့မရတာလား၊ဘယ်လိုလုပ်အုံးမလဲတော့မသိဘူး။စာရင်းတွေတော့စကောက်နေပြီပြောတယ်။ရန်ကုန်မှာကနယ်လိုင်စင်ကားတွေများတယ်၊ရန်ကုန်လိုင်စင်ကလည်းဟိုတုန်းထဲကပိတ်ထားတာကြာပြီလေ”လို့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်း တယောက်က ပြောပြပါတယ်။ ယခုလို စာရင်းတွေကောက်ယူနေပေမယ့် ရန်ကုန်မှာရှိနေတဲ့ နယ်လိုင်စင်ကားတွေကိုနယ်နှင်ဖို့ဆိုတဲ့ အကြောင်းအရာကဖြစ်နိုခြေနည်းပါးပြီး အခုစာရင်းကောက်ယူမှုဟာ တခြားသောအကြောင်းအရာတခုကြောင့် ဖြစ်နိုင်တယ်လို့လည်း ကညန အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က အခုလို ဆက်ပြီးပြောပြပါတယ်။ “နယ်လိုင်စင်ကားတွေကို ရန်ကုန်ကနေ နှင်ဖို့ ဆိုတာကမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက လိုင်စင်နံပါတ်နဲ့ တရားဝင်လိုင်စင်ကားဆိုရင်တနိုင်ငံလုံးမည်သည့်နေရာမဆိုမောင်းနှင်ခွင့်ရှိတယ်ဆိုတာကပါပြီးသားလေ။ အခုကြားနေရတဲ့ နယ်လိုင်စင်ကားတွေကိုစာရင်းကောက်တယ်ဆိုတဲ့ ကိစ္စက နယ်နှင်ဖို့တော့ မဖြစ်နိုင်ဘူး။ဖြစ်နိုင်ချေရှိတာက တမျိုးတဖုံနဲ့ နယ်လိုင်စင်ကားတွေကို ကြပ်ဖို့ပဲရှိတယ်လို့ထင်ပါတယ်။ အခြားသတ်မှတ်ချက်တွေ လည်းသူတို့ကထုတ်ရင်လည်းထုတ်မှာပေါ့။နယ်လိုင်စင်ဆို ရန်ကုန်မှာမောင်းရင်ဘီးခွန်ဆောင်ခိုင်းတာတို့ ဘာတို့ ဒီလိုမျိုးတွေတော့ရှိလာနိုင်တယ်။နောက်ညအိပ်ခွန်လိုဟာမျိုးပေါ့။ဒါမျိုးတွေတော့ဖြစ်လာနိုင်ခြေရှိတယ်။ရန်ကုန်ကားတွေလည်းနယ်သွားရင်ဘီးခွန်တွေဆောင်ရတာပဲလေ”လို့ သူကထပ်လောင်း…
Read More