ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းမှာ အဆောက်အအုံတွေပေါ်ကို လေယာဉ်ငယ်တစင်း မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်က လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝါရှင်တန်ဒီစီမှာ ခရီးသည်တင်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တို့ ပျက်ကျမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့တဲ့ မတော်တဆမှုအပြီး ရက်ပိုင်းအကြာမှာ အခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူအများအပြား လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ဘာကြောင့် ပျက်ကျရတယ်ဆိုတာနဲ့ လိုက်ပါသွားသူအရေအတွက် ဘယ်လောက်၊ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်ရှိလဲဆိုတာကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ပျက်ကျမှုဟာ မြို့ရဲ့လူနေထူထပ်တဲ့ သုံးထပ်စျေးဝယ်စင်တာရဲ့ အရံအတားတွေဖြစ်ပွားခဲ့တာပါ။ အဲဒီနေရာမှာ တဆက်တည်းအိမ်ရာတွေနဲ့စျေးဆိုင်တွေ အများအပြားတည်ရှိနေပါတယ်။ ဒီဖြစ်စဉ်အတွင်း မော်တော်ကားတွေလည်း ပျက်စီးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ Learjet 55 အမျိုးအစား လေယာဉ်ဟာ ဖီလာဒဲလ်ဖီးယား လေဆိပ်ကနေ ပျံတက်ပြီး လေးမိုင်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အခင်ဖြစ်ချိန်မှာ ရာသီဥတုက တိမ်အသင့်အတင့်ရှိနေပြီး…
Read MoreDay: February 1, 2025
ဆိပ်ဖြူမှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်ချီ တိမ်းရှောင်
ဖေဖော်ဝါရီ ၁ – ၂၀၂၅ SS (VOM) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဆိပ်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်ကစပြီး နစကတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ရွှေဘို့ကျွန်း၊ ကျောက်ကြီး၊ ညောင်ဂွေး၀၊ တောင်ဖြူ (အရှေ့/အနောက်)၊ ရှားတော၊ ကူရှည်အလယ်စု စတဲ့ ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော် အရေးပေါ် စစ်ရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ “ရွှေဘို့ကျွန်းရွာမှာ အခြေစိုက်ထားတဲ့ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၂) ကို ကာကွယ်ဖို့အတွက် နစကတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေတာ။ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာလည်းရှိတယ်။ ဒေသခံတွေ ဘယ်သူမှ…
Read Moreပြည်မြို့မှာ မြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက်ရေနစ်လို့ နှစ်ယောက်သေဆုံး
ဖေဖော်ဝါရီ ၁ -၂၀၂၅ GG (VOM) ပဲခူးတိုင်း အနောက်ပိုင်း၊ပြည်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက် ရေနစ်လို့ နှစ်ယောက်သေပြီး တယောက်သာအသက်ရှင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဘောတံတားအနီး၊ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ သုံးယောက်စလုံးက ကျောင်းသားတွေဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ကိုးတန်းကျောင်းသားပါဝင်တယ်လို့သိရပါတယ်။ ” ကလေးတွေကမနေ့ကမနက်ကတည်းက ကျောင်းမတက်ဘဲ မြစ်ဘေးမှာ ရေလာကူးနေကြတာ။သူတို့ အင်္ကျီတွေဘေးမှာ ခေါင်ရည်လိုမျိုးထည့်ထားတဲ့ဗူးတွေ့ရတယ်။ဆင်းတာတော့ကမ်းစပ်ကိုဆင်းကူးရင်းကနေ မြစ်ထဲမှာကသဲတွေစုပ်ထားတဲ့ စုပ်ခွက်တွေရှိတော့ အဲဒီထဲတွေရောက်သွားတာဖြစ်နိုင်တယ်။ တယောက်ပဲအသက်ရှင်တယ်။ နှစ်ယောက်ကတော့ဆုံးတယ်။၁နာရီကျော်မှာ ရုပ်အလောင်းတလောင်းတွေ့တယ်။၄နာရီမှာနောက်တလောက်တွေ့တယ်။” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ နှလုံးသားမေတ္တာရှင်လူငယ်များပရဟိတအဖွဲ့ဝင်ကပြောပြပါတယ်။ အဆိုပါ ရေဆင်းကူးတဲ့ကျောင်းသားသုံးယောက်လုံးက ပြည်မြို့ပေါ်ရှိ စကားတောင်ရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အသက်ရှင်တဲ့ ကျောင်းသားကလေးကို သူရဲ့နေအိမ်ကို့ပို့ဆောင်ပေးထားပြီး သေဆုံးကျောင်းသားရုပ်အလောင်းတွေကိုတော့ ပြည်မြို့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ၂၀၂၃ ခုနှစ်က ဧပြီလတုန်းကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ ကလေးအပါအဝင် လူသုံးယောက်ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။…
Read Moreနစက လေးနှစ်ပြည့် နောက်ဆက်တွဲအခြေအနေ ကန်နဲ့ ဥရောပသံရုံးတွေ ထုတ်ပြန်
Ms(VOM) ဖေဖော်ဝါရီ ၁-၂၀၂၅ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လေးနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက် ၂၀ ရာခိုင်နှုန်းတိုးလာတယ်လို့ မြန်မာနိုင်ငံ ရေးအပြောင်းအလဲ လေးနှစ်ပြည့် နောက်ဆက်တွဲဖြစ်စဉ်များအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲကြေညာချက်တရပ်မှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များဟာ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပါကာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ သို့မဟုတ် ၁၉.၉ သန်းကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိပြီး ခန့်မှန်းခြေ ၁၅.၂ သန်းမျှသော ပြည်သူများမှာစားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိနေတယ်လို့ဆိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့ကိုလွှတ်ပေးရန်တောင်းဆိုကြောင်း ၊နစကအစိုးရရဲ့စစ်ဖက် နဲ့ အရပ်ဖက် ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေးနဲ့လူသားချင်း…
Read Moreကလေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးယောက်သေပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ
ဖေဖော်ဝါရီ ၁ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ မနေ့ ဇန်နဝါရီ ၃၁ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကိုးယောက်သေဆုံးကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ကလေးမြို့နယ်ရှိ တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက် သေဆုံးမှုအပြင် တင်သားကျေးရွာက ကျေးလက်ကျန်းမာရေး ဆေးရုံနဲ့ ကုက္ကိုလ်ကျေးရွာက စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “တင်သားကျေးရွာမှာရှိတဲ့ အရပ်ဘက် ကျေးလက်ဆေးရုံ (ခဏတာအရိပ်ဆေးရုံ) နဲ့ ကုက္ကိုလ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း နေရာနှစ်ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်တာ။ လူသေဆုံး၊ ဒဏ်ရာရမှုက ကုက္ကိုလ်ကျေးရွာမှာ အများဆုံးပဲ။ တင်သားကျေးရွာဘက်ကတော့ လူအနည်းအကျဉ်းလောက်ပဲ ဒဏ်ရာနည်းနည်းရတယ်။ သေဆုံးတာလည်း မရှိဘူး။…
Read Moreအဝေမညီလို့ မုံရွာမှာ ဓါးပြတွေဖမ်းခံရ
ဖေဖော်၀ါရီ ၁ ၊ ၂၀၂၅ ကျော်ဟိန်း(VOM) စစ်ကိုင်းတိုင်း ၊မုံရွာမြို့ ပြည်တော်ရပ်ကွက် ၊ သာစည်လမ်းမှာ မနေ့က ဓားပြသုံးယောက်ကို တိုက်ရာပါ ပစ္စည်းတွေနဲ့အတူ လုံခြုံရေး ရဲအဖွဲ့က လက်ရ ဖမ်းလိုက်တယ်လို့ ရဲနဲ့ နီးစပ်သူတယာက်က ပြောပါတယ်။ ” ဖြစ်စဥ်က သူတို့အချင်းချင်း ဝေစုမတည့်ရာက အခုလို ပေါ် ပေါက်တာပါ ၊ အသေးစိပ် စစ်ဆေးနေဆဲဖြစ်တယ် ၊ လတ်တလောတော့ တိုက်ရာပါ ပစ္စည်းတွေ သိမ်းနေဆဲ ဆိုတော့ အသေးစိပ်ပြောဖို့ ထုတ်ဖော်ပြောလို့ မရသေးဘူး ၊ ဒီနယ်ခံတွေ မဟုတ်ကြဘူး” လို့ ရဲနဲ့ နီးစပ်တယာက်က ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့ သူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယာက် ပါ၀င်တယ်လို့ သိရပါတယ် ။ ရဲတယောက်က ” ဟိန်း…
Read Moreတရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါသွင်းကုန်တွေကို မနက်ဖြန်ကစပြီး အခွန်တွေကောက်မယ်လို့ ဒေါ်နယ်ထရန့် ကြေညာ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုန်ပစ္စည်းတွေအပေါ် မနက်ဖြန်ကစပြီး အခွန်ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး ဒီကိစ္စကိုတားဆီးဖို့ နှောင့်နှေးဖို့ သုံးနိုင်ငံစလုံးက ဘာမှလုပ်လို့မရဘူးလို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဒီနိုင်ငံတွေအပေါ် စည်းကြပ်ခွန်တွေကောက်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်များစွာကပင် ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားခဲ့တာဖြစ်ပြီး အမေရိကန်နယ်စပ်မှ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို အဲဒီနိုင်ငံတွေက ကိုင်တွယ်ဖြေရှင်းချိန်ထိ အရေးယူပိတ်ဆို့မှုတွေ ထားမယ်လို့ ပြောပါတယ်။ ဒီလိုအခွန်ကောက်မှုကြောင့် စားသုံးသူတွေ စရိတ်စက ပိုမိုပေးဆောင်ရမှာကို နားလည်ပြီး ရေတိုကာလမှာတော့ အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်လို့ ထရန့်ကဆိုပါတယ်။ အခုလိုသွင်းကုန်တွေအပေါ် အခွန်တိုးကောက်ပြီး လက်တုံ့ပြန်တာဟာ ကမ္ဘာတဝန်းရှိ စီးပွားရေး…
Read Moreဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ့် နစကကို သက်တမ်းတိုး၊ မတိုးဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ စောင့်မျှော်နေ
ဇန်နဝါရီ ၃၁ – ၂ဝ၂၅ KKO(VOM) ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ်ဆိုတဲ့ နစကကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတွေက စောင့်မျှော်နေကြပါတယ်။ ခြောက်အလီအစဥ်လိုက်အတိုင်း ၆လတကြိမ် တိုးလာတာ ၄နှစ်ပြည့်ပြီမို့ ခုရော သက်တမ်းတိုးမလား ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ်မှတ်နိုင်မလားလို့ စိဝင်စားနေကြပါတယ်။ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူအချို့ကတော့ နစကရဲ့တခြားခြေလှမ်းတွေကို ဘာမှမမြင်ရသေးတဲ့ အတွက် နစက ဟာ သူတို့အစိုးရအဖွဲ့ကို သက်တမ်းတိုးဖို့ ကိစ္စရပ်က ၈၀% နှုန်းလောက်အထိ ရှိနေတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ယခုကိစ္စရပ်တွေအပေါ် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကာလရှည်ကြာ လက်တွဲလုပ်ကိုင်ဘူးသူတယောက်က “ကျွန်တော်အထင်ပြောရရင် နစက သက်တမ်းထပ်တိုးဖို့ ၈၀% လောက်မှန်းတယ်၊ ဘာလို့လဲဆိုတော့ တခြားခြေလှမ်း လှမ်းတာ မမြင်ရပါဘူး၊ ၂၀% ကတော့ လျို့ဝှက်လုပ်တတ်တဲ့ မမြင်ရတဲ့ အစီစဥ်တွေရှိနိုင်လို့ပါ။ ရွေးကောက်ပွဲကတော့ ခု သက်တမ်းတိုးတဲ့ ၆လ…
Read Moreမျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် အင်းလေးတောင်သူတွေ အရှုံးပေါ်
ဇန်နဝါရီ-၃၁-၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုစိုက်ပျိုးရာသီကာလအတွင်း မျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် သီးနှံထွက်ရှိမှု လျော့နည်းနေတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ယခင် ၂၀၂၃နှစ်ကုန်စိုက်ပျိုးရာသီက ငရုတ်ပွတဧကကျော် စိုက်ပျိုးပါက အမြတ် ကျပ် သိန်း ၄၀ဝန်းကျင်ရရှိခဲ့ပေမယ့် အခုနှစ်စိုက်ပျိုးရာသီမှာတော့ မျိုးစေ့ မဖြစ်ထွန်းမှုနဲ့အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ “ဒီနှစ်ကတော့ တောင်သူတွေကော၊ အင်းလေးသူ/အင်းလေးသားတွေအကုန်လုံး တော်တော်လေး ခက်ခဲတဲ့ နှစ်ပါပဲ။ ရေဘေးကြုံရတယ်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ကြုံရတယ်။ ကုန်စည်ကူးသန်းရာမှာလည်း စစ်ဆေးရေးဂိတ်တွေကြောင့် အရင်ကထက် အချိန်ပိုကြာ၊ ကုန်ကျစရိတ် ပိုများလာတယ်။ အခုသီးနှံထွက်တော့ အရှုံးများကြတယ်”လို့ ဒေသခံတောင်သူတယောက်က VOMကို ပြောပါတယ်။ ရေဘေးကြောင့် ပြီးခဲ့တဲ့ စိုက်ပျိုးရာသီက သီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် လက်ရှိစိုက်ပျိုးရာသီမှာ စိုက်ပျိုးမြေတွေဟာ ဓာတ်မြေဩဇာအလွန်ကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးပြီး…
Read More