ဗန်းမော် တိုက်ပွဲ ဆက်လက်ပြင်းထန်

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန် နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဂျက် တောင် အမျိုးအစား အစုံ၊ တခါလာရင် ၃ စီး၊ ၃ စီးလာတာ။ မနေ့က မနက်ပိုင်း ဗန်းမော်ဘက်။ ဗုံးကျတဲ့ အသံက စစ်ရှောင်နေတဲ့ နေရာ ကနေ ကြားနေရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ ဘက်က KIA တပ်ဖွဲ့တွေ ခြေလျင် စစ်ကြောင်း ထိုးလာမယ် ဆိုတဲ့ သတင်းကြားလို့ လေယာဉ် တခါ လာရင် လေး၊ ငါးစီး လာပြီး ဗုံးလာကြဲတဲ့ အပြင် ဒရုံးနဲ့ပါ ဗုံး ကြဲတာလို့ သိရကြောင်း နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အခုလ ဖေဖော်ဝါရီလ ၂ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားတဲ့ အမတ ၃၆၆ ဘက် နစက တပ်ဖွဲ့ဘက်က ‌ပြန်လည် ထိုးစစ်ဆင်လာ‌ေနတဲ့ လမ်းမှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း KIA နဲ့ နီးစပ် သူတယောက်က ပြောပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နစက ဘက်က လေယာဉ် ၉ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်‌ မှတ်တမ်း ကနေသိရတယ်လို့ ဆိုပါတယ်။
အခြေအနေအမှန်က အခုချိန်ထိ အသံကြားရင် ပြေးပုန်းနေရသလို ပတ်လည်ဝိုင်းခံနေရပြီး ထွက်ပေါက် မရှိဖြစ် နေကြတာလို့ နစက ရှေ့တန်းနဲ့ နီးစပ်သူ တယောက်ဆီက သိရပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တချို့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဗန်းမော်တိုက်ပွဲမှာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဆီက လက်နက်တချို့ သိမ်းဆည်း ရရှိထားကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ လဆန်းပိုင်းကစ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW