ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံး ပို့ဆောင်

မနီလာ၊ မတ်-၁၂-၂၀၂၅ မျိုးဆက်(VOM) ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ မူးယစ်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ICC က ဖမ်း၀ရမ်းထုတ်ပြီး အဖမ်းခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို နယ်သာလန်နိုင်ငံ သည်ဟိဂ်ရှိ တရားရုံးကို လေယာဉ်နဲ့ ပို့ဆောင်နေတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။ သမ္မတဟောင်း ဒူတာတေးဟာ ဟောင်ကောင်ကနေ မြို့တော်မနီလာလေဆိပ်ကို ရောက်ပြီးမကြာခင်မှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ ဖိလစ်ပိုင် လုပ်ဆောင်ရမယ့် တာဝန်၀တ္တရားတွေကို စတင်လုပ်ဆောင်နေပြီလို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။ ဒူတာတေး သမ္မတာဝန်ယူချိန် မူးယစ်စစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော မူးယစ်ရောင်းဝယ်သူများ၊ သုံးစွဲသူများနဲ့ သံသယရှိသူ ထောင်ပေါင်းများစွာ အစစ်အဆေး အမေးအမြန်းမရှိ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲံခံထားရပါတယ်။ ဒူတာတေးကို ဖမ်းဆီးနိုင်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့က ဖိလစ်ပိုင်ကို အကူအညီတောင်းခဲ့တာလို့ သမ္မတ မားကို့စ်ဂျူနီယာက ဆိုပါတယ်။ ဖခင်နဲ့အတူ ICC လိုက်မယ်လို့…

Read More

မတ္တရာတိုက်ပွဲ ဆက်လက် ပြင်းထန်နေ

မတ် ၁၂ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ မတ္တရာမြို့ (အရှေ့ခြမ်း) အပြင် မြို့အနောက်တောင်ဘက်က ဘိုကုန်း၊ ထန်းပင်ကုန်းနဲ့ ကျောက်တံတားရွာတို့မှာ တိုက်ပွဲတွေရှိနေပြီး နစက က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ကာ ပြန်လည် ခုခံနေတယ်လို့ သိရပါတယ်။ “မနေ့ကလည်း မတ္တရာမြို့ (အရှေ့ခြမ်း)၊ သဖန်းကိုင်းရွာ စာသင်ကျောင်းနဲ့ ရွာအနီးဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်။ တယောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ စာသင်ကျောင်းရဲ့ တောင်ဘက် အုတ်တံတိုင်းလည်း ပြိုကျသွားတယ်။ အုတ်တံတိုင်းရဲ့ တောင်ဘက် ကပ်လျက်က လက်ဖက်ရည်ဆိုင်လည်း ပျက်စီးတယ်။ နောက်ပြီး စာသင်ကျောင်း အရှေ့မြောက်ဘက်က အဆောက်အအုံတလုံးလည်း ပျက်စီးတယ်” လို့…

Read More

တာချီလိတ်မြို့ပေါ်မှာ ရပ်ကွက်ရုံးအနီး သေနတ်ပြ လုယက်မှုဖြစ်ပွား

မတ် ၁၂၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ မတ်လ ၁၂ရက်၊ မနက်ပိုင်းအချိန်က အမျိုးသမီးတယောက် သေနတ်ပြလုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်အောင်မြေရပ်ကွက်ရုံးအနီးရှိ ခေါက်ဆွဲခပ်ဆိုင်မှာ ခေါက်ဆွဲစားနေတဲ့ အမျိုးသမီးကို Crown အမျိုးအစား အနက်ရောင်ကားနဲ့ အမျိုးသား လေးယောက် ရောက်ရှိလာပြီး နှစ်ယောက်က ကားပေါ်မှာ ကျန်နေခဲ့ကာ နှစ်ယောက်က ကားပေါ်မှ ဆင်းလာကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “မနက် ၉နာရီခွဲလောက်တုန်းက ပါလျှံ-၂က ရပ်ကွက်ရုံးနားမှာပဲ ဖြစ်သွားတာ။ သေနတ်ထုတ်ပြပြီးတော့ ပါတာအကုန်ယူသွားတာ။ သေနတ်ပါနေတော့ ဆိုင်ရှင်ကော၊ ဓားပြတိုက်ခံရတဲ့သူကော အော်လည်း မအော်ရဲ၊ ဘာမှလည်း ပြန်မလုပ်ရဲဘူးလေ။ သေနတ်ကတော့ ပစ္စတိုလို့ ပြောတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။ အခင်းဖြစ်ရာနေရာဟာ မြို့တွင်းမှာဖြစ်သလို လူသွားလူလာမပြတ်တဲ့ နေရာဖြစ်ပြီး လုယက်သူတွေဟာ အဲဒီအမျိုးသမီးထံကနေ…

Read More

ဗန်းမော်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လိုင်ဇာအနီး အသေခံဒရုန်းနဲ့ ဗုံးကြဲ

မတ် ၁၂၊ ၂၀၂၅ Shy V (VOM) ဗန်းမော်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လိုင်ဇာအနီးဘက်လည်း မတ်လ ၁၂ ရက်နေ့ မနက် အစောပိုင်း အသေခံ ဒရုန်းနဲ့ ဗုံးလာကြဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာက အသေခံ ဒရုန်း တစင်းလာကျတယ်။ တောင်ပေါ်တက်သွားတဲ့လမ်း အပေါ်ဘက်ကျတာ။ အထိအခိုက်တော့ မရှိဘူး။ ဗန်းမော်ဘက် တိုက်ပွဲ ပြင်းထန်လို့ ထင်တယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကနေ့ မတ်လ ၁၂ ရက်နေ့ မနက် ၁ နာရီ ၄၀ မိနစ်ခန့်က လိုင်ဇာအနီး အသေခံ ဒရုန်း တစင်း သစ်ပင်ပေါ် လာကျတာဖြစ်ပြီး အဲဒီနားနဲ့ နီးတဲ့ ဒေသခံ တယောက်ရဲ့ နေအိမ် မှန်တွေကွဲကုန်တယ်၊ လူ အထိအခိုက်…

Read More

သံမဏိနဲ့ အလူမီနီယံကို အမေရိကန်အခွန်ကောက်ခံမှု ဥရောပသမဂ္ဂ ချက်ချင်းတုံ့ပြန်

ဝါရှင်တန်၊ မတ်-၁၂-၂၀၂၅ ရတီ(VOM) အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံတွေအပေါ် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်ခံမှု အမိန့်ဟာ ဒီကနေ့မှ စတင်သက်ဝင်ခဲ့ပြီး ဥရောပသမဂ္ဂကတော့ ဒီကိစ္စအပေါ် ချက်ချင်း လက်တုံ့ပြန်လိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခို်ငနှုန်း ကောက်ခံပြီး နိုင်ငံအားလုံး အခွန်ကင်းလွတ်ခွင့် အဆုံးသတ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကတော့ ဒေါ်လာ ၂၈ ဒဿမ ၃ ဘီလီယံဖိုးရှိ အမေရိကန်ကုပစ္စည်းတွေအပေါ် တန်ပြန်အခွန်စည်းကြပ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ နိုင်ငံတွင်း သံမဏိနဲ့ အလူမီနီယံထုတ်လုပ်မှုကို မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ရပေမယ့်လည်း အမေရိကန် စားသုံးသူတွေအတွက် စျေးနှုန်းမြင့်တက်ပြီး စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန် ၂၅ ရာခိုင်နှု်နးနဲ့ တရုတ်ကုပစ္စည်းတွေအပေါ် အခွန် ၂၀…

Read More

ကြို့ပင်ကောက်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတ​ယောက် အသတ်ခံရ

မတ် ၁၂ -၂၀၂၅ GG (VOM) ပဲခူးတိုင်းအ‌နောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က “နန်းဝတီ “ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ မတ် ၁၂ ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက ရွှေဆိုင်မှာရှိနေစဥ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပါတယ်။ “ရွှေဆိုင်က မြို့မစျေးမှာဖွင့်ထားတဲ့ဆိုင်ဆိုတော့ လူစည်တဲ့နေရာပဲလေ။ပစ်ခံရတဲ့ပိုင်ရှင်အမျိုးသမီးကတော့ သေသွားပြီ ။ရွှေတွေဘာညာယူသွားသလား ဘာညာတော့မသိဘူး။ရွှေဆိုင်မှာCCTV ရှိတယ်ဆိုတော့စစ်ကြည့်ရင်သိရမှာပါ။သေနတ်နဲ့ပစ်တဲ့အချိန် သူ့​ ယောကျ်ားမရှိတာကံကောင်းသွားတယ်ပြောရမယ်။” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရတဲ့သူက ရွှေဆိုင် ပိုင်ရှင်အမျိုးသမီး မသီရိစံဆိုသူဖြစ်ကြောင်းနဲ့အဆိုပါအမျိုးသမီးကို ပဲခူးရိုးမအခြေပြု BTZM GBK-PDF တပ်ဖွဲ့ကကသူတို့​ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်​​ပြန်ထားပြီး ပစ္စည်းတွေနဲ့ပတ်သက်လို့ သိမ်းဆည်းခဲ့တာမျိုးမလုပ်ခဲ့ဘူးလို့ ရေးသားထားတာတွေ့ရပါတယ်။ အဆိုပါ ရွှေဆိုင် ပိုင်ရှင်လင်မယားက ပျူစေားထီးအဖွဲ့ဝင်ဖြစ်တဲ့အပြင် ပြည်သူတွေယုံကြည်မှုနဲ့ အပ်နှံထားတဲ့စပါးကိုလည်း အလွဲသုံးစားလုပ်သလို အပ်နှံထားတဲ့စပါးကိုပြန်လည်တောင်းယူသူတွေကို ဖမ်းဆီးခိုင်းတာကြောင့်လို့ အဆိုပါ PDF အဖွဲ့က ထုတ်ပြန်မှုအရသိရပါတယ်။ မတ်လ ၈ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊…

Read More

TNLA က ထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းရေးတွေ လုပ်ဆောင်လာ

မတ် ၁၁၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ TNLA ဘက်က စစ်သားစုဆောင်းလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခုက လူတိုင်း ပလောင်လူမျိုးမှ မဟုတ်ဘူး။ တအိမ် တယောက်တဲ့။ မြို့စောင့် တပ် ပုံစံ ဟုတ်တယ်။” လို့ မိုးကုတ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အသေးစိတ် အစီအစဉ်တွေကိုဝောာ့ သေချာမသိရသေးဘူးလို့ သူက ကပြာပါတယ်။ မိုးကုတ်မြို့ထဲ TNLA တပ်ဖွဲ့က အသက် ၁၈ ကနေ ၄၅ နှစ် အတွင်း အမျိုးသားတိုင်း မြို့စောင့်တပ်အနေနဲ့ စစ်မှုထမ်းရမယ် ဆိုပြီးကျေးရွာ ဥက္ကဌတွေနဲ့ အစည်းဝေးခေါ် ပြောကာ စစ်မှုထမ်းကောက်လာေနတာကြောင့် ဒေသခံတချို့ကတော့ ကန့်ကွက်စာတွေ တင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့…

Read More

ကျွဲတပ်ဆုံဂိတ်မှာ ကုန်တင်ကားတွေကို နှစ်ကြိမ်စစ်ဆေးနေလို့ ကုန်စိမ်းပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ

မတ် ၁၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အခု မတ်လအစပိုင်းက စတင်ပြီး ကုန်တင်ကားတွေကို နှစ်ကြိမ်စစ်ဆေးမှု ပြုလုပ်နေတာကြောင့် ကုန်စိမ်းသီးနှံပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်တင်ကားမောင်းနှင်သူတွေထံကနေ သိရပါတယ်။ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အရင်က x ray စက်နဲ့သာ စစ်ဆေးခဲ့ပေမယ့် အခုမတ်လ အစပိုင်းက စတင်ပြီး x ray စက်နဲ့ ပထမအကြိမ်စစ်ဆေးပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူကိုယ်တိုင် ကုန်တင်ကားပေါ်တင်ဆောင်လာတဲ့ ပစ္စည်းတွေကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် အချိန်ကြန့်ကြာကာ အထားမခံတဲ့ ကုန်စိမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ “စစ်ဆေးတာက x-Rayစက်နဲ့ပဲ စစ်တာတောင် သာမန် အိမ်စီးကား တစ်စီးကို အနည်းဆုံး ၃ နာရီလောက် စောင့်ရတယ်။ ကုန်တင်ကားဆိုရင် ၁၀နာရီ၊ ၁၂နာရီနီးပါး စောင့်ရတယ်။ အခုက…

Read More

ပြည်ပထွက်မယ့် အလုပ်သမားတွေအတွက် OWIC ကတ်ကို စိစစ်ပြီး ပြန်ထုတ်ပေးမယ်လို့ သိရ

မတ် ၁၁ – ၂၀၂၅ SN (VOM) ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို လာမယ့် မတ် ၂၀ ရက်နေ့မှ စတင်ကာ စိစစ်ပြီး ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုလို ပြန်လည် ခွင့်ပြုပေးရာမှာ အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် သွားရောက် မယ့်သူတွေအနေနဲ့ OWIC ကတ် လက်ဝယ်ရရှိပြီးနောက် အလုပ်သမားဝန်ကြီးဌာနမှာ ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ခွင့်ပြုချက် လျှောက်ထားသူတွေကို စိစစ်ပြီးနောက် ပြည်ပ အလုပ်အကိုင် သွားရောက် ခွင့်ပြုတဲ့စာရင်းကို ကြေညာပေးကာ လေဆိပ်ကို…

Read More

ကျောက်ပန်းတောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံရ

မတ်လ ၁၁ -၂၀၂၅ GG (VOM) မန္တ​လေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယအုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦး သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦးကို မတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားပြီးနောက် မတ်လ ၁၀ ရက်နေ့မနက်ပိုင်းမှာ သတ်ဖြတ်ခံထားရတဲ့အလောင်းကို ကျောက်ပန်းတောင်းမြို့အရှေ့ဘက်မှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ခြံရှိတဲ့ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းဘေးက ခြံမှာ ရှိ​နေချိန်လာဖမ်းခေါ်သွားတာ။သူနဲ့အတူ နောက်ထပ်သုံးယောက်ရှိတာကို.သူ့ကိုပဲဖမ်းသွားတာ။ကားတော့ယူသွားတယ်။လာဖမ်းတဲ့အဖွဲ့ကဆိုင်ကယ်တွေနဲ့ သေနတ်တွေပါတယ်လို့သိရတယ်။အဖမ်းခံရပြီးတော့ လိုက်ရှာပေမယ့် မတွေ့ဘူး။မနေ့ကမှ ကျောက်ပန်းတောင်းအရှေ့ဘက်က ကျောက်ပုံနဲ့ ဝက်မထောက်ရွာကြားမှာ အသတ်ခံထားရတာတွေ့ရတာပဲ။” လို့ မြို့ခံကပြောပါတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှာ ချိုင်းအောက် ​ကျည်ဖောက်ဝင်ဒဏ်ရာတချက်တွေ့ရှိရပြီး ဒီနေ့ မတ် ၁၁ ရက်မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ မတ်လ ၈ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့က အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝန်ထမ်းအမျိုးသားနဲ့ဇနီးဖြစ်သူတို့ ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အလားတူ…

Read More
VOM News

FREE
VIEW