ချင်းတွင်းမြစ်ကြောင်းမှာ ရွှေမျောဖောင်တွေ လုပ်ကိုင်သူ များပြားလာ

မေ ၁၊ ၂၀၂၅
SP (VOM)
စစ်ကိုင်းတိုင်း ၊ချင်းတွင်းမြစ်ကြောင်းတလျောက်မှာ ရွှေေမျာဖောင်လုပ်ကိုင်သူတွေ တနေ့တခြား များပြားလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“ချင်တွင်းမြစ်ကြောင်းထဲမှာ ရွှေတူးဖော် ထုတ်လုပ်သူတွေ များပြားလာတယ် ၊မုံရွာခရိုင် ဘုတလင်မြို့နယ် လေးမြေရွာ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းနားရောက်သည်အထိ မြစ်ကြောင်းတလျောက်မှာ ရွှေတူးဖော် လုပ်ကိုင်သူတွေများလာတယ် ၊ ကနီ ၊မင်းကင်း ၊ ကလေး၀ မော်လိုက် ၊ဖောင်းပြင် ရွှေပြည်အေး ဟုမ္မလင်း စတဲ့နေရာ တော်တော်များများနေရာတွေမှာ မြစ်ကြောင်းထဲနဲ့ မြစ်ကြောင်း ၀န်းကျင်တွေမှာ ရွှေတူးဖော်နေသူတွေ များလာတယ် ” လို့
လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းထဲမှာ အရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက အခုလို ရွှေတူးဖော်သူတွေ များလာတာကြောင့် မြစ်လယ်ခေါင်မှာ ဧရာမ သဲသောင်ကြီးတွေ ဖြစ်ထွန်းလာပြီး ရေလမ်းကြောင်းတွေ ပျက်စီးကာ ရေယာဥ်တွေ မကြာခဏ သောင်တင်တာနဲ့ ရေယာဥ်နစ်မြုပ်တာတွေ ဖြစ်ခဲ့တာ သတင်းမှတ်တမ်းတွေအရသိရပါတယ်။
အရင်အစိုးရအဆက်ဆက်က ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တာ၀န် ပေးအပ်ပြီး မြစ်ကြောင်းထဲက ရွှေမျောတွေကို ရှင်းလင်းဖယ်ရှားတာမျိုးလုပ်တာ ရှိခဲ့တဲ့အကြောင်း ကနီဒေသခံတယောက်ပြောပြတာက
” အဲ့ဒီတုန်းက ရှင်းလင်းရေး အဖွဲ့ေတွက ရွှေမျောဖောင်တွေကို မီးရှို့တာ ဖမ်းဆီးတာ၊ တရားစွဲတာတွေ လုပ်ခဲ့ဘူးတယ်၊ နှစ်ထောင်ပြည့်နှစ်နောက်ပိုင်း နိုင်ငံတကာ ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ပြည်တွင်းမှာ ၀င်ရောက်လာပြီး ပြည်တွင်း ရေအရင်းအမြစ်ဌာနတွေနဲ့ ပူးပေါင်းတော့ မြစ်ကြောင်းဖွံ့ဖြိုးရေးတွေ လုပ်ခဲ့ကြတယ် ၊အဲ့ဒီတုန်းက ရွှေလုပ်ငန်းရှင်တွေ ရွှေတွေရကြတယ် ၊တချို့ဆို တနေ့ တနေ့ ရွှေကို ပိသာနဲ့ချီပြီးရခဲ့ကြတယ် ၊အခုတော့ အရင်က ရွှေရခဲ့ဖူးသူတွေက မြစ်ကြောင်းထဲမှာ ရွှေပြန်လည်တူးဖော်ခွင့်ရဖို့ သက်ဆိုင်ရာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လုပ်လာကြတယ် ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ရွှေဖောင်တူးနေတဲ့ လုပ်ငန်းရှင် တယောက်ပြောတာက
” ရွှေဖောင်တစီး စတင်တူးဖော်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် ပကဖ အဖွဲ့တွေဆီ လုပ်ကိုင်ခွင့်ရဖို့ ရွှေငါးကျပ်သား ပေးရတယ် လစဥ်ကြေးအဖြစ် တလကို သိန်းရာချီ အစားစားပေးရတယ် ၊ တချို့လည်း ရွှေရတဲ့ အပေါ်မူတည်ပြီး ရွှေကျပ်သားအလိုက် ပေးရတယ် ” လို့ ​ပြောပါတယ်။
ပြီခဲ့တဲ့ ဖေဖော်၀ါရီတုန်းက နစက အဖွဲ့က နိုင်ငံပိုင် သယံဇာတ ပစ္စည်းတွေကို အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရပဲ ထုတ်လုပ်တာ၊ တူးဖော်တာ မပြုလုပ်ရဘူးလို့ အမိန့်ထုတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတွင်း တရားမ၀င် ရွှေတူးဖော်နေတဲ့ နေရာတချို့ကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW