တရုတ် စီမံကိန်းတွေနဲ့ အဖွဲ့အစည်းတွေလုံခြုံရေး ထိရောက်စွာကာကွယ်ဖို့ နစကဥက္ကဌကို ရှီကျင်းပင် တိုက်တွန်း

မော်စကို၊ မေ-၁၀-၂၀၂၅
မျိုးဆက်(VOM)
မြန်မာ့နိုင်ငံရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးလုပ်ဆောင်ဖို့ တရုတ်သမ္မတရှီကျင်းပင်က နစက ဥက္ကဌနဲ့ ရုရှားနိုင်ငံမှာတွေ့ဆုံစဉ် တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောပါတယ်။
အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကို သတိရှိရှိ အရှိန်အဟုန်နဲ့ လု်ပဆောင်နေတာတွေကို တရုတ်နို်ငငံက ထောက်ခံအားပေးနေတယ်လို့ ရှီကျင်းပင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုလည်း တားဆီးဖို့ တရုတ်သမ္မတက နစက ဥက္ကဌကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှ ဗဟိုပြုပြီး မတ် လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံက ဆက်လက်ကူညီသွားမယ်လို့ ရှီကျင်းပင်က ပြောပါတယ်။ ငလျင်ကြောင့် လူ ၃၈၀၀ နီးပါးသေဆုံးပြီး သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ မြင့်တက်နေပြီး မကြာသေးမီကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်အကြား မေ ၆ ရက်မှ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲထားကာ တရုတ်နိုင်ငံကတော့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာနိုင်ငံ စေလွှတ်ထားပါတယ်။
Ref:Anadolu
Photo:Xinhua

Related posts

Leave a Comment

VOM News

FREE
VIEW