အာဇာနည်နေ့ အခမ်းအနားအတွက် ရန်ကုန်မြို့မှာ လုံခြုံရေး တင်းကျပ်

ဇူလိုင် ၁၈ – ၂၀၂၅ SN (VOM) မနက်ဖြန် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ဖို့အတွက် နစက က ရန်ကုန်မြို့မှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ ဝန်ကြီးများရုံး ဘေးပတ်ပတ်လည်ကို ပိတ်ထားပြီး ဘန်ကာတွေဆောက်ကာ လုံခြုံရေး ယူထားတာတွေ ရှိသလို သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်း၊ အနော်ရထာ လမ်းထောင့်တွေမှာလည်း ဘန်ကာတွေကို ပြန်ပြီးချထားတာ တွေ့ရတယ်လို့ ပြည်သူတယောက်က ပြောပါတယ်။ “ဝန်ကြီးများရုံး ဘေးပတ်ပတ်လည်ကို ပလက်ဖောင်းနားကနေစပြီး ဘန်ကာတွေချပြီး ပိတ်ထားတာ တပတ်လောက်ရှိပြီ။ ဝန်ကြီးများရုံးထဲက ဆိုင်တွေလည်း အကုန်ပိတ်ထားရတယ်။ လုံခြုံရေးတွေလည်း အများကြီး တွေ့ရတယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နေရာ ဝန်းကျင်ရှိ…

Read More

အိမ်တော်ရာ ၁၄ခန်းဇရပ်ထဲက အာဇာနည်နေ့

ဆူးငှက် ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေးအိမ်တော်ရာ ဘုရားဝင်းအတွင်းက ၁၄ ခန်းဇရပ်ကြီးမှာ၁၉၄၈ခုနှစ်ကနေ ၁၉၈၀ ကျော်ဝန်းကျင်ကာလအထိ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြတယ်။ မန္တလေးမြို့ အနောက်ပြင် သီရိဟေမာရပ်ကွက်အတွင်းမှာ တည်ရှိတဲ့ မဟာလောကရံသီ အိမ်တော်ရာစေတီ ပုရဝုဏ်အတွင်း ရာဟုထောင့်က ၁၄ ခန်းဇရပ်ကြီးဟာ မန္တလေးနိုင်ငံရေးသမိုင်းရဲ့ အောင်မြေဗိမာန်ကြီးလည်း ဖြစ်တယ်။ ၁၄ ခန်းဇရပ်ကြီး ကျယ်ဝန်းတယ်၊ ဘေးမှာအကာအရံမရှိဘူး။ ရင်ပြင်တော်ကြီးနှင့်လည်း တဆက်တစပ်တည်း ဖြစ်တယ်။ ဒါကြောင့် လူထုအခမ်းအနားကြီးတွေကို ၁၄ ခန်းဇရပ်ကြီးမှာပဲ ကျင်းပလေ့ရှိကြတယ်။ မန္တလေးမြို့ရဲ့ နာမည်ကျော် နိုင်ငံရေး လှုပ်ရှားမှုကြီး ဖြစ်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ၊ မြို့လုံးကျွတ် လူထုချီတက်ပွဲကြီးကို ၁၄ ခန်းဇရပ်မှာပဲစုရပ်ထားပြီး၊ ချီတက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံမှာ ကျဆုံးခဲ့ကြရတဲ့ အာဇာနည်များရဲ့ဈာပန “မသာတော်” အခမ်းအနားကိုလည်း ၁၄ ခန်းဇရပ်မှာပဲ ကျင်းပခဲ့တယ်။…

Read More

ထုံးကြီးနဲ့ ​ရေလယ်​မော်ဇက်ကူးခွင့်ပိတ်လိုက်လို့ မိုးကုတ် – မန္တလေးလမ်းပိုင်းသွားလို့မရတော့

ဇူလိုင် ၁၇ ၊ ၂၀၂၅ GG (VOM) မိုးကုတ် – မန္တလေးလမ်းပိုင်းက ကားကူးပေးတဲ့ စဥ့်ကူးမြို့နယ်ထဲက ဆိပ်ကမ်း​တွေ ပိတ်လိုက်တာကြောင့် ကားတွေကမ်းကူးနိုင်ခြင်းမရှိတော့တဲ့အတွက် ဒီနေ့ကစပြီး မိုးကုတ် – မန္တလေးလမ်းသွားလာလို့မရတော့ဘဲ ကားတွေပြန်လှည့်ခဲ့ရတယ် လို့သိရပါတယ်။ ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းကစပြီး ကားတွေကမ်းကူးပေးနေတဲ့ စဥ့်ကူးမြို့နယ်ထဲက ထုံးကြီး ဇက်ကူးတို့ဆိပ်ပိတ်လိုက်တဲ့အတွက် မိုးကုတ် – မန္တလေးခရီးစဥ်သွားလို့မရတော့တာဖြစ်ကြောင်းနဲ့ မန္တလေးကိုသွားဖို့ မြစ်ဆိပ်ရောက်နေတဲ့ကားတချို့ကိုတော့ မြစ်ဆိပ်မပိတ်ခင် ကမ်းကူးပေးခဲ့တယ်လို့ သိရပါတယ်။ ” ပိတ်တာကတော့ အထက်ကိုဆန်တက်လာတဲ့ မင်းကွန်းထိ ရောက်လာပြီဖြစ်တဲ့ စစ်တပ် သင်္ဘောတွေကြောင့် လို့ကြားသိထားပါတယ်ဗျ။ ထုံးကြီးဇက်ဆိပ်ပိတ်လိုက်ပေမယ့် အချိန်မှီ ကမ်းကူးပေးတဲ့ အခိုက်တန့် နဲ့ကြုံလို့ အစီး၂၀ နီးပါးနဲ့ အတူ မန္တလေးကိုရောက်ခဲ့ပြီဗျ။” လို့ ကမ်းကူးလာသူကပြောပါတယ်။ ဒီနေ့မှာ ဧရာဝတီမြစ်ကြောင်းတလျှောက် စစ်သ​ေင်္ဘာတွေ တက်လာတယ်ဆိုတဲ့…

Read More

ညိန်းနိဒါန်း (သို့မဟုတ်) နိဂုံးမချုပ်သော “ငြိမ်း” (၃)

ဆူးငှက် မြန်မာသီချင်းကြီးများအား ဤသို့ဝိုင်းဖွဲ့မှုပုံစံဖြင့် တီးမှုတ်ခြင်းနှင့်အတူ ခေတ်ပေါ် သံဆန်း မြန်မာသီချင်းများအား ကမ္ဘာ့ဂီတ သင်္ကေတနည်းစနစ် သုံးပြီး တီးမှုတ်မှုက ၁၉၃၂ခုနှစ်ရောက်သောအခါ မြို့မတူရိယာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးတော်လုံ၏သား ရှင်ပြုအလှူပွဲမှာ ရန်ကုန်မြို့ ဂျူဗလီဟောထိ သွားရောက်ဧည့်ခံဖျော်ဖြေခြင်းဖြင့် ကျယ်ပြန့် တွင်ကျယ်စေခဲ့ပါသည်။ မြန်မာ့ဂီတကို နိုင်ငံတကာအဆင့်မီစေပြီး မြန်မာ့သံစုံ တီးဝိုင်းကြီးဖြစ်ထွန်းစေရေး ဦးတည် ကြိုးပမ်းနေသော ကိုငြိမ်းသည် မလွှဲမကင်းသာ အမြင်မတော်သဖြင့် သီချင်းများ ရေးစပ်ခဲ့သော်လည်း သူ့သီချင်းများက ဆန်းသစ်သောစိတ်ကူး၊ ထူးဆန်းသစ်လွင်သော သံစဉ်များကြောင့် ပရိသတ်ကြား ထင်မှတ်စွဲမက်သွားခဲ့၏။ ထို့ကြောင့် ၁၉၃၅ခုနှစ် ရောက်သောအခါ ထိုသီချင်းများကို ဓာတ်ပြား များ စတင်သွင်းကာ ပြည်လုံးအနှံ့ ဖြန့်ချိကြတော့သည်။ ဓာတ်ပြားများတွင် “ မန္တလေး မြို့မမောင်ငြိမ်း”ဟာ သုံးစွဲရာမှ နောက်ပိုင်းတွင် “မြို့မငြိမ်း”ဟု လူသိများလာခဲ့ခြင်း ဖြစ်ပါသည်။ ခွေးတံဆိပ်ကုမ္ပဏီနှင့် ဓာတ်ပြားသွင်းခဲ့သော ဆရာမြို့မငြိမ်း၏ ပထမဆုံးသီချင်းများမှာ…

Read More

မန္တ​လေးမှာ သတ်မှတ်စည်းကမ်းမညီညွတ်တဲ့ KTV ၂၅ခု တလ ပိတ်ခံရ

ဇူလိုင် ၁၈၊၂၀၂၅ VOM မန္တ​လေးမှာဖွင့်ထားတဲ့ ရာချီရှိတဲ့ KTV ခန်း​တွေထဲက ၂၅ ခုဟာ သက်ဆိုင်ရာက သတ်မှတ်တဲ့ စည်းကမ်း​တွေ မလိုက်နာတဲ့အတွက် မ​နေ့ ဇူလိုင် ၁၇ ကစပြီး တလ ယာယီပိတ်လိုက်တယ်လို့ ​အုပ်ချုပ်​ရေးနဲ့ နီးစပ်သူ​တွေဆီကသိရပါတယ်။ မန္တ​လေးမြို့ခံ နှံ့စပ်သူတ​ယောက်​ပြောပြတာက” KTV ဆိုတာ ဘီယာ​သောက် သီချင်းဆို သီးသန့်မဟုတ်​တော့ဘူး ဟိုင်းခန်းလို့​ခေါ်တဲ့ မူးယစ်​ဆေးသုံး တညလုံးမနားမ​နေကကြတဲ့ဟာ​တွေများလာတယ် ဒါ့​ကြောင့် သက်ဆိုင်ရာက ပိတ်လိုက်တာလို့ ကြားရတယ်” လို့​ပြောပါတယ်။ KTV ခန်းတချို့မှာ happy water လို့​ခေါ်တဲ့ မူးယစ်​​ပျော်ရွှင်​စေတတ်တဲ့ အ​ရည်​ဖျော်ဖို့အသင့်လုပ်ထားတဲ့ အမှုန့်တထုပ် ၆သိန်း​လောက်​ပေးရသလို Kလို့​ခေါ်တဲ့ ရှူရှိုက်ရတဲ့ မူးယစ်​ဆေး အမျိုးအစားလိုက် သိန်းဆယ်ချီ​ပေးသုံးစွဲ​နေကြတယ်လို့ သိရပါတယ်။ ညလုံး​ပေါက် လူ ၃​ယောက်​လောက် ကခုန်ရင် အခန်းခ နဲ့ မူးယစ်​ဆေးဖိုး​ပေါင်းရင် သိန်းရာချီကုန်တယ်လို့လည်း သွားဘူးသူ​​တွေက…

Read More

ရခိုင်က ရိုဟင်ဂျာ တသိန်းခွဲ ဘင်္ဂလားဒေ့ရှ် ထွက်ပြေး

ကုလသမဂ္ဂ၊ ဇူလိုင်-၁၈-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၁၈ လအတွင်း ရိုဟင်ဂျာ တသိန်းခွဲဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံဖို့ ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) က ပြောပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်တာတွေနဲ့ ဖိနှိပ်မှုတွေ ဆက်ရှိနေတာကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာတာလို့ ဆိုပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒေသကို ၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုဖြစ်တယ်လို့ UNHCR ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ UNHCR ရဲ့ ရန်ပုံငွေမလုံလောက်မှုကြောင့် ကော့ဘဇားဒုက္ခသည်စခန်းတွေမှာ…

Read More

သမ္မတ ဒေါ်နယ်ထရန့် နာတာရှည်သွေးပြန်ကြောရောဂါ ခံစားနေရ

ဝါရှင်တန်၊ ဇူလိုင်-၁၈-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှာ အပျော့စား သွေးပြန်ကြောရောဂါ ခံစားနေရတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ သမ္မတထရန့်ရဲ့ ခြေ၊ လက်တွေ ဖောရောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အိမ်ဖြူတော်က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ သမ္မတရဲ့ လက်ပေါ်က အညိုအမည်းစွဲမှုဟာ မကြာခဏလက်ဆွဲနှုတ်ဆက်ရတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ကုသမှုအတွက် အက်စပရင်သောက်သုံးမှုကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က ပြောပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ထရန့်ဟာ လတ်တလောမှာ ခြေထောက်ဖောရောင်မှုကို ခံစားနေရပြီး သွေးကြောဆိုင်ရာစစ်ဆေးမှုတွေ ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ဆရာဝန်က ဒီရောဂါအခြေအနေရှိပေမယ့် ထရန့်ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေမှာရှိနေဆဲလို့ ပြောပါတယ်။ ထရန့် ကိုယ်တိုင်ကလည်း သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မကြာခဏပြောဆိုလေ့ရှိပြီး သမ္မတဖြစ်ခါစက သူ့ကိုယ်သူ သမိုင်းမှာအကျန်းမာဆုံးသမ္မတလို့ ပြောဆိုဖူးပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး မေးခွန်းတွေများလာခဲ့ပါတယ်။ သွေးပြန်ကြောစနစ်အားနည်းတဲ့ ဒီရောဂါဟာ…

Read More

ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းက မြို့နယ်အချို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်ပြီး အနိမ့်ပိုင်းတွေ ရေကြီး

ဇူလိုင် ၁၈ ၊ ၂၀၂၅ GG (VOM) ဧရာဝတီတိုင်းရှိ ဟင်္သာတ မြို့နယ်၊ ဆိပ်သာမြို့၊ ဓနုဖြူမြို့ နဲ့ ပဲခူးတိုင်းက မဒေါက်မြို့နယ်တွေမှာ မြစ်ရေမြင့်တက်ပြီး စိုးရိမ်ရေမှတ်အထက်ကျော်လာကာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြီး ဧရာဝတီ မြစ်ရေ နဲ့ စစ်တောင်းမြစ်ရေတိုးပြီး မြင့်တက်လာတာကြောင့် ဟင်္သါတမြို့နယ်ထဲက မြစ်ကမ်းနီးအနိမ့်ပိုင်းရွာတွေ ၊ ဆိပ်သာမြို့က အနိမ့်ပိုင်းနေရာတွေ၊ဓနုဖြူမြို့က ကမ်းနားလမ်းဘက် နဲ့ မဒေါက်မြို့က မြစ်အနီးနေရာတွေမှာ ရေကြီးမှုတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ဧရာဝတီမြစ်ရေက ဆိပ်သာနဲ့ ဟင်္သာတ မြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ကျော် ကျော်လွန်နေပြီး ၂၄ နာရီအတွင်းမှာ နောက်ထပ် ၂ ပေမှ ၃ ပေခန့်အထိမြင့်တက်လာနိုင်ကြောင်း ၊ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ကျော်လွန်နေပြီး ၂၄ နာရီအတွင်းမှာ နောက်ထပ် ၃လက်မခန့်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်မှုအရသိရပါတယ်။…

Read More
VOM News

FREE
VIEW