သမ္မတ ဒေါ်နယ်ထရန့် နာတာရှည်သွေးပြန်ကြောရောဂါ ခံစားနေရ

ဝါရှင်တန်၊ ဇူလိုင်-၁၈-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှာ အပျော့စား သွေးပြန်ကြောရောဂါ ခံစားနေရတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ သမ္မတထရန့်ရဲ့ ခြေ၊ လက်တွေ ဖောရောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အိမ်ဖြူတော်က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
သမ္မတရဲ့ လက်ပေါ်က အညိုအမည်းစွဲမှုဟာ မကြာခဏလက်ဆွဲနှုတ်ဆက်ရတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ကုသမှုအတွက် အက်စပရင်သောက်သုံးမှုကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က ပြောပါတယ်။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ထရန့်ဟာ လတ်တလောမှာ ခြေထောက်ဖောရောင်မှုကို ခံစားနေရပြီး သွေးကြောဆိုင်ရာစစ်ဆေးမှုတွေ ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ဆရာဝန်က ဒီရောဂါအခြေအနေရှိပေမယ့် ထရန့်ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေမှာရှိနေဆဲလို့ ပြောပါတယ်။
ထရန့် ကိုယ်တိုင်ကလည်း သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မကြာခဏပြောဆိုလေ့ရှိပြီး သမ္မတဖြစ်ခါစက သူ့ကိုယ်သူ သမိုင်းမှာအကျန်းမာဆုံးသမ္မတလို့ ပြောဆိုဖူးပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး မေးခွန်းတွေများလာခဲ့ပါတယ်။
သွေးပြန်ကြောစနစ်အားနည်းတဲ့ ဒီရောဂါဟာ ခြေထောက်ကသွေးတွေကို နှလုံးဆီကောင်းစွာ မပြန်နိုင်တော့တဲ့အခါ ဖောရောင်တာ၊ နာကျင်တာနဲ့ အရေပြားပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ရှည်ကြာစွာမတ်တပ်ရပ်လုပ်ကိုင်ရသူတွေမှာ အဖြစ်များတဲ့ရောဂါတခုလည်း ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
Ref:CNA
Photo:AFP

Related posts

✕
VOM News

FREE
VIEW