ရခိုင်က ရိုဟင်ဂျာ တသိန်းခွဲ ဘင်္ဂလားဒေ့ရှ် ထွက်ပြေး

ကုလသမဂ္ဂ၊ ဇူလိုင်-၁၈-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၁၈ လအတွင်း ရိုဟင်ဂျာ တသိန်းခွဲဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံဖို့ ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) က ပြောပါတယ်။
၂၀၂၀ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်တာတွေနဲ့ ဖိနှိပ်မှုတွေ ဆက်ရှိနေတာကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာတာလို့ ဆိုပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒေသကို ၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုဖြစ်တယ်လို့ UNHCR ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။
UNHCR ရဲ့ ရန်ပုံငွေမလုံလောက်မှုကြောင့် ကော့ဘဇားဒုက္ခသည်စခန်းတွေမှာ အစားအသောက် ၊ ဆေးဝါးနဲ့ အရေးပေါ် အထောက်အပံ့တွေ ပြတ်လပ်နေပြီး ကလေးငယ် နှစ်သိန်းသုံးသောင်းရဲ့ ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနိုင်တယ်လို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။
ဒုက္ခသည်တွေကို ကူညီရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စည်းလုံးစွာ ကူညီကြဖို့ တိုက်တွန်းထားပါတယ်။
Ref:NHK
Photo:Getty Images
VOM Telegram Channe

Related posts

✕
VOM News

FREE
VIEW