ဩဂုတ် ၃ ၊၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊အောက်လယ်ပြင်ကျေးရွာမှာ ဖွင့်ထားတဲ့ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဒီနေ့ ဩဂုတ် ၃ ရက်နေ့မှာ ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသား အသတ်ခံရကာ အမျိုးသမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရတဲ့အမျိုးသားက ဆိုင်ပိုင်ရှင် ဦးဝင်းဗိုလ်ဆိုသူဖြစ်ပြီး ဓားနဲ့ခုတ်သတ်ခံရတာဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူကတော့ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးဖြစ်ပြီး လည်ပင်းမှာ ဓါးဒဏ်ရာရခဲ့တာကြောင့် လက်ရှိဆေးရုံမှာကူသမှုခံယူနေတယ်လို့သိရပါတယ်။ ” အချိန်က ည ၁၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရတယ်။သေသွားတဲ့သူက ပွဲချင်းပြီးပါတယ်။အစ်မကတော့ ဆေးရုံပေါ်မှာပဲရှိသေးတယ်။ဆေးရုံရောက်နေတဲ့အစ်မကတော့ လည်ပင်းအရစ်ခံရပြီး ပြန်ချုပ်ရမယ်ပြောတယ်။ လူမှတ်မိသွားလို့ နှုတ်ပိတ်လိုက်တာလို့ ပြောတယ်။နှစ်ယောက်လုံးကိုနှုတ်ပိတ်တာ အစ်မက ကံကောင်းစွာနဲ့ဘဲအသက်ရှင်ကျန်ခဲ့တာပေါ့။ အစ်မက ဆေးရုံမှာသက်သာတယ်လို့တော့ပြောတယ်။” လို့ မိသားစုဝင်တယောက်ကပြောပါတယ်။ လူသတ်သွားတဲ့အပြင် ဓားပြတိုက်မှုအတွင်း သိန်း ၃၀၀ ကျော်နှင့်ရွှေထည်ပစ္စည်းအချို့ကို ယူဆောင်သွားကြောင်း သိရပါတယ်။ အင်းတော်မြို့က PDF တွေထိန်းချုပ်စိုးမိုးထားတာဖြစ်ပြီး လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားကြောင်း…
Read MoreDay: August 4, 2025
ရေနီမြောင်း တစ်ရေးနိုး (၂)
ဆူးငှက် တကယ်တော့ ကျွန်တော်တို့သည် ကြီးပြင်းခဲ့သော ဘဝသက်တမ်းမှ နေ့ရက်များစွာကို “ညလူ” များအဖြစ်နှင့်ပဲ ဖြတ်သန်း ခဲ့ကြသည်။ ကျောင်းသားအရွယ်ကလည်း ညမှာမှ စာကျက်မည်။ သို့မဟုတ် ညဈေး တန်းသွားချင်သွား၊ သို့မဟုတ် ထိုအချိန်က ဆူဖြိုး လှသော မန္တလေး၏ ပွဲဈေးတန်းများ၏ အငြိမ့်ခုံများမှာ အချိန်ကုန်ချင်ကုန်၊ သို့မဟုတ် စာတစ်အုပ်ကို ခုတုံးလုပ်ကာ အလင်းဆိုင် လက်ဖက်ရည်စားပွဲများ၌ သန်းခေါင်ကျော်ချင် ကျော်ခဲ့ကြသည် မဟုတ်ပါလား။ ထိုအခါ ရေဒီယိုမှ နံနက်ချိန်ခါ တေးသံသာသည် ဝဲနံတောင်းမှ ယာနံတောင်း စောင်းအိပ်သည့် အချက်ပေးသံလောက် အောက်မေ့ခဲ့သည်။ ထို့ကြောင့် နံနက်(၉)နာရီ ဆိုတာ ပုံမှန် အိပ်ရာနိုးထချိန်။ သည်အချိန်မှထသော်လည်း စားစရာ သောက်စရာကို ဈေးရောင်းမထွက်မီပင် အဆင်သင့်စီစဉ်ပေးဖို့ ဘယ်သော အခါမျှ မပျက်ကွက်ခဲ့သော မိဘကျေးဇူးကလည်း ချော့သိပ်ပေးခြင်းတစ်မျိုး ဖြစ်ပါ၏။ သတင်းစာတိုက်ကြီးတစ်တိုက်တွင် ညအယ်ဒီတာအဖြစ် နှစ်ပေါင်းများစွာ…
Read Moreတရုတ် – မြန်မာနယ်စပ် လိုင်ဇာဒေသရှိ ဂျဲယန်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်း တကြော ရေကြီးနေ
ဩဂုတ် ၄၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ် လိုင်ဇာဘက် ဂျဲယန်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်း တကြော မိုးသည်းထန်စွာရွာလို့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းကစ ရေကြီးနေကြောင်း ဒေသခံတွဆီက သိရပါတယ်။ “မုန်လိုင်ချောင်း၊ ဂျဲယန် ေချာင်းပေါ့ ရေကြီးနတာ အရင်နှစ်တွေထက် ရေက ပိုကြီးနေတယ်။ စစ် ရှောင်အိမ်တွ ဘယ်နှစ်အိမ် ပါသွားပြီလဲ မသိဘူး။ ခု မျောပါတော့မယ့် အိမ်တွေပါ ရှိနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကြားက ချောင်းရိုးတချောင်းရိုးတလျှောက်က အဆောက်အဦနေး အိမ်၊ ကား၊ စက်ပစ္စည်း အပြင် ကြံခင်း တွေမျောပါကုန်ပြီး တချို့နေရာ နယ်စပ် စည်းရိုးပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ “ဂျဲယန်၊…
Read Moreရုရှား-တရုတ် ရေတပ်ပူးပေါင်းလေ့ကျင့်မှု ဂျပန်ပင်လယ်မှာ စတင်
မော်စကို၊ ဩဂုတ်-၄-၂၀၂၅ မျိုးဆက်(VOM) တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်းလေ့ကျင့်မှုတွေကို သြဂုတ် ၃ ရက်နေ့မှာ ဂျပန်ပင်လယ်မှာ စတင်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့နဲ့ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ “Joint Sea-2025” လေ့ကျင့်မှုကို ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့ အနီးက ပင်လယ်ပြင်မှာ သုံးရက်ကြာ ကျင်းပမှာဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ လေကြောင်းကာကွယ်ရေး နဲ့ ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။ တရုတ်ရေတပ်က ဒုံးကျည်တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေဖြစ်တဲ့ Shaoxing နဲ့ Urumqi အပါအဝင် သင်္ဘောလေးစီး ပါဝင်မှာဖြစ်ပြီး ရုရှားသင်္ဘောတွေနဲ့အတူ လေ့ကျင့်မှာဖြစ်ပါတယ်။ လေ့ကျင့်မှုပြီးရင် နှစ်နိုင်ငံသင်္ဘောတွေက ပစိဖိတ်သမုဒ္ဒရာရဲ့ သက်ဆိုင်ရာရေပြင်တွေမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားဟာ…
Read MoreTNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲကို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်
ဩဂုတ်လ ၄၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပါ် ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရကြောင်း ဒေသခံတွဆီက သိရပါတယ်။ “ဒေါက်တာဇေယျာဖြိုး အရှေ့တည့်တည့်က အကင်ဆိုင်အိမ်နဲ့ဘေးက အိမ် ထိတာ။ ရစရာကို မရှိတော့ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လေယာဉ်ဗုံးက စည်ပင်ရုံးနဲ့ ဈေးသစ် အနီးဝန်းကျင် တွေမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ “ခန့်မှန်း မနက် ၁၀ နာရီ ၂၀ မိနစ်လာက်မှာ ကျောက်မဲ မြို့ထဲကြီးကို လေယာဉ် ဗုံးကြဲသွားတယ်။ ဒေါ်ချော အဆောင်နား ကျတယ်လို့ ကြားတယ်။” လို့ နောက်ထပ် ဒေသခံ…
Read Moreရန်ကုန်မှာ A-B အုပ်စုနှစ်ခုခွဲပြီး ဓါတ်အားဖြန့်ဖြူးပေမယ့် ပြတ်တောက်မှု ပိုဆိုးလာနေ
ဩဂုတ် ၄ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်းရှိ ခရိုင်အားလုံးမှာ အခု ဩဂုတ်လကစပြီး လျှပ်စစ်ဓာတ်အားကို A-B အုပ်စုနှစ်ခုခွဲပြီး တပြေးညီပေးမယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေး ကြေညာထားပေမယ့် ဓါတ်အားပြတ်တောက်မှု အရင်ကထက် ပိုဆိုးလာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ အရင်က A,B,C အုပ်စု သုံးအုပ်စုနဲ့ လျှပ်စစ်မီး ပေးနေရာကနေ အခုအခါ တပြေးညီ A,B နှစ်အုပ်စုတည်းနဲ့ ဩဂုတ် ၁ ရက်နေ့မှ စတင်ကာ ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ YESC က အသိပေး ကြေညာထားတာပါ။ “သူတို့ကသာ မီးပိုရတော့မယ် ပြောနေတာ။ လက်ရှိ အခြေအနေကတော့ မီးပျက်တာ ပိုဆိုးနေတယ်။ ၁ နာရီလာပြီး ၂ နာရီ ၁၅ မိနစ်လောက်ဆို…
Read Moreမြောက်ကိုရီးယားနယ်စပ်က ဝါဒဖြန့်အသံချဲ့စက်တွေကို တောင်ကိုရီးယား ဖြုတ်သိမ်း
ဆိုးလ်၊ ဩဂုတ်-၄-၂၀၂၅ ရတီ (VOM) နှစ်နိုင်ငံ တင်းမာမှုတွေ လျော့ပါးရေး အားထုတ်မှုအဖြစ် မြောက်ကိုရီးယားဘက်ကို K-pop နဲ့သတင်းတွေ ထုတ်လွှင့်ဖို့သုံးခဲ့တဲ့ အသံချဲ့စက်တွေကို စတင်ဖြုတ်သိမ်းနေပြီလို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လကတည်းက နှစ်နိုင်ငံဟာ စစ်မဲ့ဇုန်တလျှောက် ဝါဒဖြန့် ထုတ်လွှင့်မှုတွေရပ်ဆိုင်းထားပြီးဖြစ်တယ်။ မြောက်ကိုရီးယားဘက်ကလည်း တောင်ကိုရီးယားနယ်စပ်မှာ ဆူညံသံတွေ ထုတ်လွှင့်မှုကို ရပ်ဆိုင်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ စစ်ရေးမပါဘဲ တင်းမာမှုလျှော့ချရေးအတွက် ဒီလုပ်ဆောင်ချက်ကိုလုပ်ဆောင်တာဖြစ်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နယ်စပ်တလျှောက်ရှိအသံချဲ့စက်အားလုံးကို ဒီအပတ်အတွင်းဖြုတ်သိမ်းမယ်လို့ဆိုပေမယ့် အရေအတွက်အတိအကျကိုတော့ဖော်ပြခဲ့ခြင်းမရှိဘူး။ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ အနိမ့်ဆုံးအခြေအနေရောက်နေခဲ့ပြီး ရုရှားယူကရိန်းကျူးကျော်ပြီးနောက် မြောက်ကိုရီးယားဟာ ရုရှားနဲ့ပိုနီးစပ်လာခဲ့ပါတယ်။ အရင်အစိုးရလက်ထက်က ဆက်ဆံရေးဆိုးရွားမှုတွေကို လျှော့ချဖို့ လက်ရှိသမ္မတ လီဂျေးမြောင်က ကတိပြုထားပါတယ်။ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တွေရှိနေပမယ့် မြောက်ကိုရီးယားက အိမ်နီးချင်းနဲ့တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ငြင်းဆန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ ကြိုးစားမယ်လို့သမ္မတ လီဂျေးမြောင်က ဆိုပါတယ်။ ၁၉၅၀-၁၉၅၃…
Read Moreယီမင်ကမ်းလွန်မှာ ဒုက္ခသည်စက်လှေနစ်မြုပ်လို့ ၆၈ ယောက်သေပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ
ဆာနား၊ ဩဂုတ်-၄-၂၀၂၅ မျိုးဆက်(VOM) ယီမင်ကမ်းလွန်မှာ လူ ၁၅၇ ယောက်လိုက်ပါလာတဲ့ စက်လှေနစ်မြုပ်မှုကြောင့် လူ ၆၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစက်လှေဟာ အာဘီယန်ပြည်နယ် အနီးမှာ တနင်္ဂနွေနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒါဇင်ချီပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ အီသီယိုးပီးယားနိုင်ငံသားတွေဖြစ် တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ ကဆိုပါတယ်။ ယီမင်ဟာ အာဖရိကဦးချိုဒေသက ပင်လယ်ကွေ့နိုင်ငံတွေကိုအလုပ်လုပ်ဖို့သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိကဖြတ်သန်းရာလမ်းကြောင်းဖြစ်ပြီး မကြာသေးမီကာလတွေအတွက် စက်လှေ သင်္ဘောတွေနဲ့ ဖြတ်ကူးရင်း ရာနဲ့ချီတဲ့ လူသေဆုံး ပျောက်ဆုံးမှုတွေရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အာဘီယန်ပြည်နယ် အာဏာပိုင်တွေကတော့ ကြီးမားတဲ့ကယ်ဆယ်ရေးလုပ်ငန်းစတင်ခဲ့ပြီး ကမ်းခြေတွေမှာ အလောင်းတွေအများကြီးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူကုန်ကူးသူတွေရဲ့ခေါင်းပုံဖြတ်မှုကနေ ကာကွယ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဥပဒေအရကာကွယ်မှုတွေမြှင့်တင်ဖို့ အရေးကြီးကြောင်းလည်း နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများအဖွဲ့ ယီမင်ဌာနမှူးက ပြောပါတယ်။ “ကျွန်တော်တို့အားလုံးအဖွဲ့ဝင်နိုင်ငံတွေအတွက် တိုက်တွန်းနေတာက လူတွေဥပဒေနဲ့အညီရွှေ့ပြောင်းနိုင်ဖို့…
Read Moreဖားကန့်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် သုံးယောက်သေ၊ ၁၀ ယောက်ဒဏ်ရာရ
ဩဂုတ် ၄ ၊၂၀၂၅ GG (VOM) ဖားကန့်ဒေသမှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး ဒီနေ့ ဩဂုတ် ၄ ရက်နေ့မနက်ပိုင်းမှာ လက်နက်ကြီးကြောင့် နှစ်ယောက်သေဆုံးကာ လူငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မနေ့က ဩဂုတ် ၃ ရက်နေ့မှာဖြစ်ပွားတဲ့ တိုက်ပွဲအကြားမှာလည်း တယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိလည်း ဖားကန့် ၊မှော်စီစာရွာရှိ ဘုရားကုန်းဘက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေဖြစ်နေတယ်လို့သိရပါတယ်။ ” သေတာကနှစ်ရက်မှာဆို သုံး ယောက်ရှိတယ်။ဒဏ်ရာရ ၁၀ယောက်ပေါ့။မနက် ၅ နာရီထဲက တဝုန်းဝုန်းနဲ့ပစ်နေတာ။ အခုထိလည်း တဝုန်းဝုန်းနဲ့ပစ်နေတယ်တယ်။ရှရော်ခရွာဘက်လည်းဖြစ်ဆယ်။ အခုကမှော်စီစာ ဘုရားကုန်းဘက်မှာပစ်နေကြတာ။ဆိုင်တွေလည်းပိတ်ကုန်ကြပြီ။ ရွာထဲလည်းအကုန်ပိတ်တယ်။စစ်တပ်က ဖားကန့်ဒေသကို ပြန်သိမ်းဖို့ ဆက်တိုက်တိုက်ပွဲဖော်နေတဲ့သဘောရှိတယ်။” လို့ ဖားကန့် ဒေသခံကပြောပါတယ်။ ဩဂုတ် ၄ ရက်ဒီနေ့ ဖားကန့်တိုက်ပွဲအကြားသေဆုံးသူတွေက မျောက်ဖြူကျေးရွာကဖြစ်ပြီး သေဆုံးသူနှစ်ယောက်က အသက် ၅ နှစ်အရွယ်ကလေးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်တယ်လို့သိရပါတယ်။…
Read Moreကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ
ဩဂုတ် ၄ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် (တောင်ပိုင်း) က လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားတဲ့ ကြန်သာကျေးရွာကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ နလအ တပ်တွေက မနေ့ ဩဂုတ် ၃ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ နလအတပ်တွေဟာ မကွေးတိုင်း၊ ဂန့်ဂေါလမ်းပိုင်းပေါ်ရှိ ဟံသာဝတီကျေးရွာ၊ ပြည်သူ့စစ်စခန်းကနေ နယ်မြေချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက်ကို စစ်ဆင်ရေး လုပ်ဆောင်လာတဲ့အတွက် ကြန်သာကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားနေတာလို့ သိရပါတယ်။ “တိုက်ပွဲဖြစ်တာက ကြန်သာရွာအနီး၊ တောင်ဘက်မှာ ဖြစ်နေတာပါ။ နလအတပ်ဘက်ကတော့ သူတို့လက်လွှတ်လိုက်ရတဲ့ စခန်းတွေကို ပြန်ရဖို့ ဟံသာဝတီကျေးရွာ ပြည်သူ့စစ်တွေကို အမာခံထားပြီး စစ်ဆင်ရေး ဖော်ဆောင်နေတာပေါ့။ အခုအချိန်အထိတော့ အဲဒီ စခန်းတွေကို…
Read More