ဩဂုတ် ၆ ၊၂၀၂၅ GG (VOM) ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ရွာမှာ ဒီနေ့ ဩဂုတ် ၆ ရက်နေ့မနက်ပိုင်းကတည်းကမိုးများပြီး လုပ်ပါကန်ကျိုးပေါက်လို့ ရုတ်တရက်ရေကြီးပြီး ကားနှစ်စီးနဲ့ အတူ လူနှစ်ယောက်မျောပါသွားခဲ့ရာ တယောက်ကိုတော့ အသက်ရှင်ရက်ပြန်ရှာတွေရပြီး တယောက်ကပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းလောက်မှာ လုပ်ပါရွာမှာရှိတဲ့ လုပ်ပါကန်ကျိုးပေါက်ပြီး နောင်ပိန် ( ၅) ရပ်ကွက်မှာ ရုတ်တရက်ရေကြီးကာ ရွှေလမင်းဆီဆိုင်ရှေ့ လမ်းမကြီးပေါ် ရေကျော်နေချိန် ကွန်ဒါဖစ်ကားသမားကဖြတ်မောင်းစဥ် ရေစီးနဲ့မျောပါကာ လူနှစ်ယောက်လည်းပါ သွားတာဖြစ် တယ်လို့သိရပါတယ်။ အဲဒီလမ်းမှာပဲ နောက်ထပ်ဆိုင်ကယ်တစီးလည်းမျောပါသွားပြီး ၊ ခြောက်ဘီးကားတစီးလည်း မျောပါသွားခဲ့ တယ်လို့သိရပါတယ်။ အဲဒီနောက် ညနေပိုင်းမှာတော့ ရေစီးနဲ့အတူ ပျောက်ဆုံးသွားတဲ့ ကွန်ဒါဖစ်တစီး ၊ ခြောက်ဘီးကားနဲ့ လူတယောက်ကို ရွာမကြီးဘက်အနီးမှာ အသက်ရှင်ရက်ပြန်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ နောင်ပိန်ရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် အကြာတုန်းက တကြိမ် ရေကြီးမှုဖြစ်ခဲ့ပြီး…
Read MoreDay: August 7, 2025
စားအုန်းဆီကို ရည်ညွှန်းဈေးထက် ဈေးနှစ်ဆနီးပါး ပေးဝယ်နေရ
ဩဂုတ် ၆ – ၂၀၂၅ SN (VOM) ပြည်တွင်းမှာ စားအုန်းဆီကို ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့ သတ်မှတ်ထားပေမယ့် အဆိုပါ ဈေးအတိုင်း ဟန်ပြအရောင်းသာ ရှိနေပြီး တကယ့်ပြင်ပ ဈေးကွက်မှာတော့ တပိဿာ တသောင်းနှစ်ထောင်ကျပ်နဲ့ ဝယ်ယူနေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။ အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေ ဈေးနှုန်း သက်သာစွာနဲ့ စားအုန်းဆီ လုံလောက်စွာ သုံးစွဲနိုင်ဖို့အတွက် ဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေ သန်းနဲ့ချီ ဆက်တိုက် ထုတ်ရောင်းပေးပြီး ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ဟန်ပြသဘောမျိုးသာ ရောင်းချပေးနေတာကြောင့် ပြင်ပ ပေါက်ဈေးအတိုင်း ဈေးနှစ်ဆနီးပါးပေးပြီး ၀ယ်ယူ သုံးစွဲနေကြရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ “ဆီက ခွဲတမ်းနဲ့ ရောင်းပေးနေတယ် ဆိုတာကလည်း ၁၀ ရက်ကို တကြိမ်။…
Read Moreပူတင်နဲ့ ဒေါ်နယ်ထရန့် လာမယ့်အပတ်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိ
ဝါရှင်တန်၊ ဩဂုတ်-၇-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ လာမယ့် သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သမ္မတထရန့်ဟာ ပူတင်နဲ့ တွေ့ဆုံပြီးတဲ့နောက် ယူကရိန်းသမ္မတ ဇီလန်စကီးပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအတွက်လည်း စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်နဲ့အခြား သတင်းဌာနတွေက ဆိုပါတယ်။ ရုရှားဘက်က သမ္မတထရန့်နဲ့ တွေ့ဆုံလိုတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ် ။ထရန့်ဟာ ပူတင်နဲ့ ဇီလန်စကီးနှစ်ယောက်တွေ့ဖို့ကိုလည်း လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။ဒီတွေ့ဆုံပွဲတွေ ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ လုပ်မယ်ဆိုတာကိုတော့ ပြောရေးဆိုခွင့်ရှိသူက မပြောပါဘူး။ “ဆွေးနွေးပွဲက အလားအလာ ကောင်းနေပါတယ်၊ မကြာခင်မှာ တွေ့ဆုံပွဲ လုပ်ဖို့ ရှိပါတယ်” လို့ ပူတင်နဲ့ ဇီလန်စကီးတို့ အစည်းအဝေးလုပ်ဖို့ သဘောတူပြီလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ထရန့်က ဖြေကြားခဲ့ပါတယ်။ ဘယ်နေရာမှာ လုပ်မယ်ဆိုတာကိုတော့…
Read Moreယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပြီး နိုင်ငံတော်ဈာပန ကျင်းပမယ်
ဩဂုတ် ၇ – ၂၀၂၅ SS (VOM) ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဒီကနေ့ ဩဂုတ် ၇ ရက်၊ မနက် ၈ နာရီ ၂၈ မိနစ်က အမှတ် (၂) တပ်မတော်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပြီး ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပသွားမှာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေဟာ အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါ (Parkinson’s Disease) အပြင် အဆိုပါရောဂါနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ အာရုံကြော အားနည်းရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၇၄) နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ယာယီသမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) သတင်းထုတ်ပြန်ရေး အဖွဲ့က…
Read Moreကျူရှင်ဆရာကို သတ်ပြီး ပစ္စည်းလုတဲ့ တပည့်ဟောင်းကို ဖမ်းဆီးစစ်ဆေးနေ
ဩဂုတ် ၇ ၊ ၂၀၂၅ GG(VOM) ပဲခူးတိုင်း ၊ညောင်လေးပင်မြို့မှာ ကျူရှင်ဆရာကို သတ်ဖြတ်ပြီး ပစ္စည်းလုယက်သွားတဲ့သူက စာသင်ပြပေးခဲ့ဘူးတဲ့ တပည့်တယောက်ဖြစ်ပြီး လက်ရှိမှာ လူသတ်ပစ္စည်းလုယက်ခဲ့တဲ့ ကျူးလွန်တပည့်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။ သတ်ဖြတ်ခံခဲ့ရသူက ညောင်လေးပင်မြို့ ၊မြို့မ ၄ ၊ကန်သာယာလမ်း နေထိုင်သူ ကျူရှင်ဆရာ ကိုပြည့်ဖြိုးအောင် (ခ) ဆရာမှန်လေးဖြစ်ပြီး သတ်ဖြတ်ပြီး ဖုန်း၊ ငွေနဲ့ ဆိုင်ကယ်လုယက်ခဲ့တဲ့သူကတော့ အသက် ၁၉ နှစ်သာရှိပြီး ယခင် ဆယ်တန်းတက်တုန်းက စာသင်ပြပေးခဲ့ရတဲ့ တပည့်ဟောင်းတယောက်ဖြစ်တယ်လို့သိရပါတယ်။ ” သတ်တဲ့ကောင်လေးက ကျူရှင်ဆရာရဲ့တပည့်အဟောင်းပေါ့။ကောင်လေးဆယ်တန်းတုန်းက ကျူရှင်ဆရာက ဂိုက်ပြခဲ့ဘူးတယ်။အဲဒီတော့ သတ်ခံရတဲ့နေ့က ကောင်လေးကလာခေါ်ချိန်သူကတပည့်ဟောင်းဆိုတော့ လိုက်သွားတာ။အဲဒါမှာ ပါတဲ့ဆိုင်ကယ်နဲ့ဖုန်း ၊ပိုက်ဆံ ကိုယူတဲ့အပြင် လူပါသတ်သွားတာ။လုတာကို ပြန်တိုင်မှာစိုးလို့တခါတည်းသတ်လိုက်တယ်လို့ ယူဆရတယ်။” လို့ ဖြစ်စဉ်သိသူ ဒေသခံတယောက်ကပြောပါတယ်။ လူသတ်၊ပစ္စည်း လုယက်မှုကျူးလွန်သူကိုတော့ ယခုရက်ပိုင်း ဩဂုတ် ၆ ရက်နေ့မှာ…
Read Moreကျောက်မဲမြို့နယ် နေရာတချို့မှာ ရေကြီးပြီး စိုက်ခင်း ဧကရာချီရေမြုပ်ကာ လူ မျောပါသေဆုံးမှုရှိ
ဩဂုတ် ၇၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ် နေရာတချို့မှာ မိုးဆက်တိုက်ရွာလို့ ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ကစ ဒီနေ့ မနက်ပိုင်းအထိ ရေကြီးပြီး စိုက်ခင်း ဧကရာချီရေမြုပ်ကာ လူ မျောပါသေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ကွမ် ချောင်းထဲ လူတယောက် သေတယ်တဲ့။ ရွာလူကြီးက ပုံဝိုး စစ်ဘေးရှောင်ထဲက ဟုတ်မဟုတ် လူလိုက်စစ်နေတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ရေကာတာဆောက်ထားတဲ့ ချောင်း၊ မြောင်းဘေး တလျှောက်က အိမ်တွေ ရေဝင်၊ အုတ်တံတိုင်းပြိုတာတွေရှိတယ်လို့ သူက ပြောပါတယ်။ “ချောင်းနား တလျှောက်တွေ အကုန် ရေ တက်တယ်။ စိုက်ခင်းတွေ မြုပ်တယ်။ ပုံဝိုးရွာနဲ့ နောင်ကွမ်ရွာ၊ ဗူးခါးရွာ၊ နေရာအနှံ့ပဲ။ ရေမြုပ်တဲ့ စိုက်ခင်း အားလုံးဆို ဧက…
Read Moreရှင်ကျန်းဒေသမှာ ကြိုးတံတားပြတ်ကျလို့ ငါးယောက်သေပြီး ၂၄ ယောက် ဒဏ်ရာရ
ပေကျင်း၊ ဩဂုတ်-၇-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ ချောင်ဆူခရိုင်ရှိ ရှီယာတာ ခရီးသွားဒေသမှာ ကြိုးတံတားတစင်းရဲ့ ချိတ်ဆက်ကြိုးပြတ်ကျတာကြောင့် လူငါးယောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမတော်တဆမှုဟာ ဩဂုတ် ၆ ရက်နေ့က Ili Kazakh ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရှီယာတာ ခရီးသွားဒေသမှာ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာဟာ သဘာဝရှုခင်းများကြောင့် ကျော်ကြားတဲ့ ခရီးသွားနေရာတခု ဖြစ်ပါတယ်။ ညနေ ၆ နာရီခန့်တွင် တံတားချိတ်ဆက်ကြိုး ရုတ်တရက်ပြတ်ကျပြီး တံတားတိမ်းစောင်းကာ လူ ၂၉ ယောက် ပြုတ်ကျခဲ့တာကြောင့် လူ ၂၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး နှစ်ယောက်ကတော့ အခြေအနေဆိုးလို့ ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တံတားတဖက်စောင်းသွားချိန် ကြိုးတံတားပေါ်မှာ လူတွေ ကျန်ရစ်နေသေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့တွေဟာ တံတားပေါ်ကနေ လွတ်မြောက်ဖို့ တွယ်ကပ်သွားလာနေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်မှာ…
Read More