ကွတ်ခိုင်မှာ MNDAA တပ်ဖွဲ့က ဒေသခံ ကတ်ပြားလုပ်ဖို့ စာရင်းစတင် ကောက်ခံ

ဩဂုတ် ၈၊ ၂၀၂၅
Shy V (VOM)
ကွတ်ခိုင်မှာ MNDAA တပ်ဖွဲ့က ဒေသခံ ကတ်ပြားလုပ်ဖို့ ဩဂုတ်လ ၇ ရက်နေ့ကစ စာရင်းစတင် ကောက်ခံ နေပြီဖြစ်ကြောင်း ဒေသခံတွဆီက သိရပါတယ်။
“မနေ့က ရပ်ကွက် ၂ ခုပဲ အရင်လာခိုင်းတယ်။ ဒေသခံ မှတ်ပုံတင် ကတ်ပြားတော့ မလုပ်​ပေးသေးပါဘူး။ နာမည်စာရင်းလာထည့်ခိုင်းတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒေသခံ မှတ်ပုံတင် ကတ်ပြား ပြုလုပ်ပးတဲ့ အချိန်ကျရင် ကုန်ကျစရိတ် ရှိမယ်၊ တရုတ်​ေငွ ၁ဝ ယွမ်၊ ၂၀ ယွမ် စသဖြင့် ကုန်ကျနိုင်တယ်လို့ ကြားသိ ထားတယ်လို့ သူက ပြောပါတယ်။
MNDAA ထိန်းချုပ်နယ်မြေ အတွင်းက အိမ်ထောင်စု မဟုတ်တဲ့ တခြားဒေသက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လာရောက်နေထိုင်သူတွေကိုတော့ ၆ လ သက်တမ်းရှိ ယာယီ နေထိုင်ခွင့် ကတ်ပြား ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်နယ်မြေ တချို့မှာလည်း ဒေသခံ မှတ်ပုံတင် ကတ်ပြားတွေပြုလုပ် ထုတ်ပေး​ေနတာ ရှိတယ်လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
“TNLA ထိန်းချုပ်တဲ့ နေရာမှာလည်း ဒေသခံ မှတ်ပုံတင် ကတ်ပြား တချို့ကို လုပ်ပေးတယ်။ တချို့ကို ထုတ်ပေးနေပြီ လို့ သိရတယ်။ TNLA က ထုတ်ပေးတဲ့ ကတ်က တရုတ်ဘက် ဝင်လို့ မရဘူး ထင်တယ်။ MNDAA က ထုတ်ပေးတဲ့ကတ်က နယ်စပ်ဖြတ်‌ေကျာ်ခွင့် စာအုပ်လုပ်လို့ ရတယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။
TNLA ဘက်က နမ့်ဆန်၊ မန်တုံ၊ နမ့်မတူ မြို့က ဒေသခံတွကို ဒေသခံ မှတ်ပုံတင်ကတ်ပြား ထုတ်ပေး နေပြီဖြစ်ပြီး ဒေသခံ မှတ်ပုံတင် ကတ်ပြား ထုတ်ပေးပြီးရင် အဝင်အထွက် စစ်ဆေးတော့မယ်လို့ သိရကာ ဒေသခံ အိမ်ထောင်စု မရှိပဲ လာရောက်နေထိုင်သူတွေကို ဘယ်လို စီစဉ် ပေးတယ်ဆိုတာ ဘာမှ မကြားဘူးလို့ သူက ပြောပါတယ်။
MNDAA ထိန်းချုပ်‌‌နယ်မြေမှာ​ေတာ့ တရုတ်ယွမ် ငါးသိန်းနဲ့ ညီမျှတဲ့ ပိုင်ဆိုင်မှု ရှိသူ‌ေတွ ဒေသခံ အဖြစ် လျှောက်ထားခွင့်ရှိသလို သူတို့ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ စစ်မှုထမ်း နှစ်ချီ တာဝန်ထမ်းဆောင်နေသူတွေလည်း လျှောက်ထားခွင့်ရှိ‌ေကြာင်းအသိပေး ကြေညာထားပါတယ်။
Photo Crd# ဒေသခံ

Related posts

✕
VOM News

FREE
VIEW