အစိုးရအဆက်ဆက် ကျားဖောင်ရေလုပ်ငန်းတွေကို ထိထိရောက်ရောက်မထိန်းချုပ်နိုင်သေး

ဩဂုတ် ၅ – ၂၀၂၅ KKO(VOM) ကျားဖောင်‌ရေလုပ်ငန်းတွေကို မြန်မာအစိုးရအဆက်ဆက်ကထိထိရောက်ရောက်မနှိမ်နင်း၊မထိန်းချုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ လေ့လာသုံးသပ်သူတွေက VOM ကို ပြောပါတယ်။ ကျားဖောင်ရေလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာယနေ့ကာလအထိတွင်တွင်ကျယ်ကျယ်ရှိနေပြီး ဧရာဝတီတိုင်းထဲမှာအများဆုံးရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျားဖောင်ကိစ္စနဲ့ ပတ်သက်ပြီးပြောရပါက ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတဲ့နေရာမှာတောင် လူကုန်ကူးနေကြတာကိုငြင်းလို့မရဘူးလို့ လေ့လာသုံးသပ်သူ ပြည်တွင်းရှိ ဝါရင့်သတင်းစာဆရာတယောက်က သူရဲ့အမြင်ကို အခုလို သုံးသပ်ပြောပြပါတယ်။ “မြန်မာအစိုးရအဆက်ဆက်ကလည်းဒါကိုထိထိရောက်ရောက်မနှိမ်နင်းနိုင်ခဲ့ပါဘူး။ကျားဖောင်ကိစ္စနဲ့ပတ်သက်ပြီးပြောရရင်ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတဲ့နေရာမှာတောင်လူကုန်ကူးနေကြတယ်ဆိုတာကိုပြဆိုနေတာငြင်းမရပါဘူး။လူမသိသူမသိဘဲနဲ့ပျောက်ကွယ်သွားရတဲ့အဖြစ်အပျက်တွေအတွက်ဘယ်သူကတာ၀န်ခံပေးကြမှာပါလဲ၊ဒါကမေးခွန်းထုတ်စရာကောင်းတယ်”လို့ သူက VOM ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့တဲ့ ကျားဖောင်ပေါ်ကလူကြီးပိုင်းအရွယ်ရေလုပ်သားတယောက်ကိုလူမဆန်စွာညှင်းပန်းနှိပ်စက်ခဲ့တဲ့ကိစ္စဟာလည်းလူ့အဖွဲ့ အစည်းနဲ့ လူ့အသိုင်းအဝိုင်းကမှာ အတော်လေးကိုထိတ်လန့်စရာသတင်းတခုဖြစ်ခဲ့ပါတယ်။ ဒါအပြင်လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း ကျားဖောင်ပေါ်မှာရောင်း စားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်နောက် ဆုံးနှစ်ကျောင်းသားတယောက်ရဲ့ အဖြစ်အပျက်ကလည်းဟိုးလေးတ ကျော်ဖြစ်ခဲ့ရပါတယ်။ ဒေသအခေါ်ကျားဖောင်လို့ အလွယ်ခေါ်ကြတဲ့ ငါးဖမ်းလုပ်ငန်းတွေဟာ အမှုအခင်းတွေအများဆုံးဖြစ်ပွားရာ နေရာဌာနလို့ဆိုရမှာဖြစ်ပြီး ကျားဖောင်တွေ‌ပေါ်က အမှုအခင်းများစွာကလည်းအစပိုင်းမှာသာဟိုးလေးတကျော်ဖြစ်ခဲ့ကြပေမယ့်၊နောက်ဆုံးမှာတော့ ကျားဖောင်ကိစ္စတွေက အဖျားရှုးပျောက်ကွယ်သွားတတ်ကြတာကများတယ်လို့ လေ့ လာသုံးသပ်သူတွေက ဆိုပါတယ်။ “ကျားဖောင်တွေကိုစည်းကမ်းတကျကြပ်မတ်ထိန်းသိမ်းပေးရမယ်ထင်တယ်။မျှားနောက်လိုက်တာထက်မျှားပစ်သူကိုရှင်းမှနောက်…

Read More

ကျောက်ကြီး နဲ့ မူးမြို့နယ်မှာ ကျေးရွာ ၁၃၇ ရွာ ရေဘေးသင့်နေပြီး စပါးဧက ၃၅၀၀၀ ပျက်စီးကာ ကျောင်းတွေလည်း ပိတ်ထားရ

ဩဂုတ် ၅ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီးမြို့နယ်ခေါ် လယ်ဒိုမြို့နယ် နဲ့ မူးမြို့နယ်တို့မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၃၇ ရွာအထိ ရေဘေးသင့်နေပြီး စပါးစိုက်ဧက သုံးသောင်းခွဲ လောက်အထိ ရေလွှမ်းမိုးပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ရေနစ်မြုပ်မှုကြောင့် စာသင်ကျောင်းပေါင်း ၅၅ ကျောင်းကိုလည်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရသလို လူနေအိမ် ၁၄ လုံးလည်း ရေစီးနဲ့အတူမျောပါ ပျက်စီးသွား တယ်လို့သိရပါတယ်။ မိုးရွာသွန်းမှုများပြီး စစ်တောင်းမြစ်ရေ တိုးလာမှုကြောင့် မြစ်ကမ်းနံဘေးကျေးရွာတွေနဲ့ အနိမ့်ပိုင်းနေရာတွေ ၊ မြစ်ချောင်းဘေး နေရာတွေမှာ ရေကြီးမှုဒဏ်ကို ကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။ ” အခုရေတက်နေတဲ့နေရာတွေက မြစ်ကမ်းဘေးတို့ မြေအနိမ့်ပိုင်းတို့ပါ။ မြစ်ရေတက်တော့ ရေထောက်လာပြီး ရွာတွေထဲအထိဝင်ရောက်တာပါ။အဲဒီဘက်တွေမှာ ရေကြီးတာက ကြာပြီ ။နှစ်ပတ်လောက်ကိုရှိပြီ။ ခုထိမရေမကျသေးဘူး။ တချို့နေရာတွေကတော့ ဒူးခေါင်းလောက်ပဲရှိတော့တယ်။ တချို့နေရာတွေကလည်းခါးလောက်တော့ရှိသေးတယ်။” လို့ကျောက်ကြီး ဒေသခံကပြောပါတယ်။ ကျောက်ကြီးမြို့နယ်မှာတော့…

Read More

ရေကြီးမှုအခြေအနေ ပိုဆိုးရွားလာနိုင်လို့ အင်းလေးကန်အတွင်းက နုံးမြေတွေကို အမြန်ဆယ်ယူဖို့ လို

ဩဂုတ် ၅ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုအခြေအနေ ပိုမို ဆိုးရွားလာနိုင်တာကြောင့် အင်းလေးကန်အတွင်းက နုံးမြေတွေကို အမြန်ဆုံး ဆယ်ယူဖို့ လိုပြီး နိုင်ငံတော်အဆင့် ဆောင်ရွက်မှသာ အဆင်ပြေနိုင်မယ်လို့ အင်းလေးကန် ထိန်းသိမ်းရေး (Save the Inle Lake) ရဲ့ တွဲဘက်အတွင်းရေးမှူးဖြစ်သူ ဦးညီညီထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်‌နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလော၊ အောင်ပန်း၊ ပင်လောင်း၊ တောင်ကြီး၊ ညောင်‌ရွှေ စတဲ့ မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံခဲ့တဲ့အတွက် အဆိုပါ မြို့နယ်တွေက တောင်ကျရေတွေဟာ အင်းလေး‌‌ကန်အတွင်း စုပေါင်း ရောက်ရှိလာတာကြောင့် ရေကြီးမှု ပိုမို ဆိုးရွားလာခြင်း ဖြစ်တယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။ “အခု အင်းလေးဒေသ…

Read More

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရ

ဩဂုတ် ၅ – ၂၀၂၅ SN (VOM) ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် အမှတ် (၂) စစ်ဆေးရုံကြီး၊ ခုတင် ၁၀၀၀ အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ လှုပ်ရှားရာမှာ တုန့်နှေးခြင်းနဲ့ အစာအာဟာရ စားသုံးနိုင်မှု အားနည်းလာခြင်းတို့ကို စတင် ခံစားခဲ့ရတာ ဖြစ်တဲ့အတွက် အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေး စမ်းသပ် စစ်ဆေးချက်တွေအရ အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါ…

Read More

အင်းတော်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားအသတ်ခံရကာ ဇနီးဖြစ်သူ ဒဏ်ရာရ

ဩဂုတ် ၃ ၊၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊အောက်လယ်ပြင်ကျေးရွာမှာ ဖွင့်ထားတဲ့ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဒီနေ့ ဩဂုတ် ၃ ရက်နေ့မှာ ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသား အသတ်ခံရကာ အမျိုးသမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရတဲ့အမျိုးသားက ဆိုင်ပိုင်ရှင် ဦးဝင်းဗိုလ်ဆိုသူဖြစ်ပြီး ဓားနဲ့ခုတ်သတ်ခံရတာဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူကတော့ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးဖြစ်ပြီး လည်ပင်းမှာ ဓါးဒဏ်ရာရခဲ့တာကြောင့် လက်ရှိဆေးရုံမှာကူသမှုခံယူနေတယ်လို့သိရပါတယ်။ ” အချိန်က ည ၁၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရတယ်။သေသွားတဲ့သူက ပွဲချင်းပြီးပါတယ်။အစ်မကတော့ ဆေးရုံပေါ်မှာပဲရှိသေးတယ်။ဆေးရုံရောက်နေတဲ့အစ်မကတော့ လည်ပင်းအရစ်ခံရပြီး ပြန်ချုပ်ရမယ်ပြောတယ်။ လူမှတ်မိသွားလို့ နှုတ်ပိတ်လိုက်တာလို့ ပြောတယ်။နှစ်ယောက်လုံးကိုနှုတ်ပိတ်တာ အစ်မက ကံကောင်းစွာနဲ့ဘဲအသက်ရှင်ကျန်ခဲ့တာပေါ့။ အစ်မက ဆေးရုံမှာသက်သာတယ်လို့တော့ပြောတယ်။” လို့ မိသားစုဝင်တယောက်ကပြောပါတယ်။ လူသတ်သွားတဲ့အပြင် ဓားပြတိုက်မှုအတွင်း သိန်း ၃၀၀ ကျော်နှင့်ရွှေထည်ပစ္စည်းအချို့ကို ယူဆောင်သွားကြောင်း သိရပါတယ်။ အင်းတော်မြို့က PDF တွေထိန်းချုပ်စိုးမိုးထားတာဖြစ်ပြီး လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားကြောင်း…

Read More

ရေနီမြောင်း တစ်ရေးနိုး (၂)

ဆူးငှက် တကယ်တော့ ကျွန်တော်တို့သည် ကြီးပြင်းခဲ့သော ဘဝသက်တမ်းမှ နေ့ရက်များစွာကို “ညလူ” များအဖြစ်နှင့်ပဲ ဖြတ်သန်း ခဲ့ကြသည်။ ကျောင်းသားအရွယ်ကလည်း ညမှာမှ စာကျက်မည်။ သို့မဟုတ် ညဈေး တန်းသွားချင်သွား၊ သို့မဟုတ် ထိုအချိန်က ဆူဖြိုး လှသော မန္တလေး၏ ပွဲဈေးတန်းများ၏ အငြိမ့်ခုံများမှာ အချိန်ကုန်ချင်ကုန်၊ သို့မဟုတ် စာတစ်အုပ်ကို ခုတုံးလုပ်ကာ အလင်းဆိုင် လက်ဖက်ရည်စားပွဲများ၌ သန်းခေါင်ကျော်ချင် ကျော်ခဲ့ကြသည် မဟုတ်ပါလား။ ထိုအခါ ရေဒီယိုမှ နံနက်ချိန်ခါ တေးသံသာသည် ဝဲနံတောင်းမှ ယာနံတောင်း စောင်းအိပ်သည့် အချက်ပေးသံလောက် အောက်မေ့ခဲ့သည်။ ထို့ကြောင့် နံနက်(၉)နာရီ ဆိုတာ ပုံမှန် အိပ်ရာနိုးထချိန်။ သည်အချိန်မှထသော်လည်း စားစရာ သောက်စရာကို ဈေးရောင်းမထွက်မီပင် အဆင်သင့်စီစဉ်ပေးဖို့ ဘယ်သော အခါမျှ မပျက်ကွက်ခဲ့သော မိဘကျေးဇူးကလည်း ချော့သိပ်ပေးခြင်းတစ်မျိုး ဖြစ်ပါ၏။ သတင်းစာတိုက်ကြီးတစ်တိုက်တွင် ညအယ်ဒီတာအဖြစ် နှစ်ပေါင်းများစွာ…

Read More

တရုတ် – မြန်မာနယ်စပ် လိုင်ဇာဒေသရှိ ဂျဲယန်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်း‌ တကြော ရေကြီးနေ

ဩဂုတ် ၄၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ် လိုင်ဇာဘက် ဂျဲယန်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်း‌ တကြော မိုးသည်းထန်စွာရွာလို့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းကစ ရေကြီးနေကြောင်း ဒေသခံတွဆီက သိရပါတယ်။ “မုန်လိုင်ချောင်း၊ ဂျဲယန် ‌ေချာင်းပေါ့ ရေကြီးနတာ အရင်နှစ်တွေထက် ရေက ပိုကြီးနေတယ်။ စစ် ရှောင်အိမ်တွ ဘယ်နှစ်အိမ် ပါသွားပြီလဲ မသိဘူး။ ခု မျောပါတော့မယ့် အိမ်တွေပါ ရှိနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကြားက ချောင်းရိုးတချောင်းရိုးတလျှောက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဆောက်အဦနေး အိမ်၊ ကား၊ စက်ပစ္စည်း အပြင် ကြံခင်း တွေမျောပါကုန်ပြီး တချို့နေရာ နယ်စပ် စည်းရိုးပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ “ဂျဲယန်၊…

Read More

ရုရှား-တရုတ် ရေတပ်ပူးပေါင်းလေ့ကျင့်မှု ဂျပန်ပင်လယ်မှာ စတင်

မော်စကို၊ ဩဂုတ်-၄-၂၀၂၅ မျိုးဆက်(VOM) တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်းလေ့ကျင့်မှုတွေကို သြဂုတ် ၃ ရက်နေ့မှာ ဂျပန်ပင်လယ်မှာ စတင်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့နဲ့ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ “Joint Sea-2025” လေ့ကျင့်မှုကို ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့ အနီးက ပင်လယ်ပြင်မှာ သုံးရက်ကြာ ကျင်းပမှာဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ လေကြောင်းကာကွယ်ရေး နဲ့ ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။ တရုတ်ရေတပ်က ဒုံးကျည်တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေဖြစ်တဲ့ Shaoxing နဲ့ Urumqi အပါအဝင် သင်္ဘောလေးစီး ပါဝင်မှာဖြစ်ပြီး ရုရှားသင်္ဘောတွေနဲ့အတူ လေ့ကျင့်မှာဖြစ်ပါတယ်။ လေ့ကျင့်မှုပြီးရင် နှစ်နိုင်ငံသင်္ဘောတွေက ပစိဖိတ်သမုဒ္ဒရာရဲ့ သက်ဆိုင်ရာရေပြင်တွေမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားဟာ…

Read More

TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲကို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်

ဩဂုတ်လ ၄၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်ဖွဲ့ ထိန်း‌‌ချုပ်ထားတဲ့ ကျောက်မဲမြို့ပါ် ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရကြောင်း ဒေသခံတွဆီက သိရပါတယ်။ “ဒေါက်တာဇေယျာဖြိုး အရှေ့တည့်တည့်က အကင်ဆိုင်အိမ်နဲ့ဘေးက အိမ် ထိတာ။ ရစရာကို မရှိတော့ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လေယာဉ်ဗုံးက စည်ပင်ရုံးနဲ့ ဈေးသစ် အနီးဝန်းကျင် တွေမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ “ခန့်မှန်း မနက် ၁၀ နာရီ ၂၀ မိနစ်လာက်မှာ ကျောက်မဲ မြို့ထဲကြီးကို လေယာဉ် ဗုံးကြဲသွားတယ်။ ဒေါ်ချော အဆောင်နား ကျတယ်လို့ ကြားတယ်။” လို့ နောက်ထပ် ဒေသခံ…

Read More

ရန်ကုန်မှာ A-B အုပ်စုနှစ်ခုခွဲပြီး ဓါတ်အားဖြန့်ဖြူးပေမယ့် ပြတ်တောက်မှု ပိုဆိုးလာနေ

ဩဂုတ် ၄ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်းရှိ ခရိုင်အားလုံးမှာ အခု ဩဂုတ်လကစပြီး လျှပ်စစ်ဓာတ်အားကို A-B အုပ်စုနှစ်ခုခွဲပြီး တပြေးညီပေးမယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေး ကြေညာထားပေမယ့် ဓါတ်အားပြတ်တောက်မှု အရင်ကထက် ပိုဆိုးလာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ အရင်က A,B,C အုပ်စု သုံးအုပ်စုနဲ့ လျှပ်စစ်မီး ပေးနေရာကနေ အခုအခါ တပြေးညီ A,B နှစ်အုပ်စုတည်းနဲ့ ဩဂုတ် ၁ ရက်နေ့မှ စတင်ကာ ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ YESC က အသိပေး ကြေညာထားတာပါ။ “သူတို့ကသာ မီးပိုရတော့မယ် ပြောနေတာ။ လက်ရှိ အခြေအနေကတော့ မီးပျက်တာ ပိုဆိုးနေတယ်။ ၁ နာရီလာပြီး ၂ နာရီ ၁၅ မိနစ်လောက်ဆို…

Read More
✕
VOM News

FREE
VIEW