ဆူးငှက် စိုင်ပျိုဗီလာ ———– အဘတို့ အမေတို့ မန္တလေးရောက်သည်နှင့် ဦးလေးပိုက် နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီးထဲ ဦးတိုက်ရောက်ရှိ ကြသည်။ ဝင်းထဲမှာလည်း ရောက်နှင့်နေကြသူတွေ ရှိသတဲ့။ ဝင်း အနောက်ဖက် ပုဏ္ဏားမြေမှာလည်း အခပေး တဲထိုးနေကြ သူတွေလည်း ရှိသတဲ့။ ဦးလေးပိုက်တို့ ဝင်းကြီးက ပြပေါက် ပတ်လည်လောက် ကျယ်သည်။ အရှေ့ခြမ်းမှာက သစ်သားဆီဆုံကြီးတွေနှင့် သုခရတနာအမည်ရှိ ဆီစက်တဲကြီး ရှိသည်။ ဝင်းလယ်မှာ အုတ်ခုံမြင့်နှင့် တစ်ထပ်အိမ်မြင့်ကြီး ရှိသည်။ လမ်းဖက်မျက်နှာပြု ဝင်းထိပ်မှာတော့ မန်ကျည်းပင်ကြီးတွေ ရှိသည်။ ဝင်းထဲ အနောက်ဖက် အဝင်စမှာလည်း သစ်ချိုပင်ကြီး တစ်ပင်ရှိ၏။ သုူ့မြောက်ဘက် အိမ်ကြီးအနောက်ဖက်မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိသည်။ ဗမာကုက္ကိုမျိုးမို့ အရွက်နုလျှင် ဆီကျက် ကြက်သွန်စိမ်း မြေပဲထောင်းတို့နှင့် သုတ်စားနိုင်သတဲ့။ ဦးလေးပိုက်နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီးထဲမှာ ဝင်းလယ် အိမ်မြင့်ကြီး၏ အနောက်ဘက်…
Read MoreDay: September 3, 2025
သူတို့ အိမ်
ဆူးငှက် အဖွင့် ထိုအချိန်က ဈေးချိုတော် အနောက်ဖက် ရွှေတချောင်းမြောင်း ကျော်လိုက်တာနှင့် မြေလွတ်မြေရိုင်းတွေ ဖြစ်သည်။ အနောက် မိကျောင်းတံတားနားမှာ ပုဏ္ဏားရွာစုလေးရှိ၏။ ပုဏ္ဏားရွာစုလေး အနောက်ဖက်မှာတော့ ဘုန်းကြီး ကျောင်းတိုက်ကြီးတွေ ရှိသည်။ ထိုအနီးအနား အထင်ရှားဆုံး ဖြစ်တာက မဟာလောကရံသီ အိမ်တော်ရာ စေတီကြီး ဖြစ်ပါ၏။ အိမ်တော်ရာစေတီကြီးက ကောဇာ သက္ကရာဇ် ၁၂ဝ၉ ခု၊ နတ်တော်လဆန်း ၁၁ ရက် ကတည်းက ပုဂံမင်း တည်ထားခဲ့ခြင်း ဖြစ်ပါ၏။ ထို့ကြောင့် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှ ထီးသိမ်းးနန်းသိမ်း အောင်မြင်သော ရတနာပုံမ် မန္တလေးနေပြည်တော် မတည်ခင်ကတည်းက မဟာ လောကရံသီ အိမ်တော်ရာ စေတီတော်ကြီး တည်ရှိနေခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းတိုက်ကြီးတွေ၊ ပုဏ္ဏားရွာစုလေးတွေကလည်း အိမ်တော်ရာ စေတီကြီးနှင့်အတူ တည်ရှိခဲ့ကြခြင်း ဖြစ်သည်။ အညာကျေးလက်တောရွာများမှ မန္တလေး…
Read Moreလူ ၈၀၀ ကျော်သေဆုံးခဲ့တဲ့ အာဖဂန်ငလျင်ကြောင့် နိုင်ငံတကာအကူအညီတွေ တာလီဘန်အဖွဲ့တောင်းခံ
ကဘူးလ်၊ စက်တင်ဘာ-၂-၂၀၂၅ ရတီ (VOM) တနင်္ဂနွေညနေက အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ရစ်ချ်တာစကေး ၆ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ ၈၀၀ ကျော်သေဆုံးခဲ့ပြီးနောက် နိုင်ငံတကာ အကူအညီတွေ တောင်းခံထားတယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂဟာ အစားအစာတွေနဲ့ အရေးပေါ် နေထိုင်စရာတွေအပါအဝင် အကူအညီတွေ ဖြန့်ဝေဖို့ ပြင်ဆင်နေကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးက ပြောပါတယ်။ ဒီမြေငလျင်ဟာ တောတောင်ထူထပ်ပြီး ဝေးလံတဲ့ ကူနာပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လမ်းတွေပိတ်ဆို့နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေပြီး ငလျင်သင့် ဒေသတွေနဲ့ အကူအညီလိုအပ်တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဟတ်ယာဉ်တွေ အသုံးပြုနေရပါတယ်။ လူအများအပြား အပျက်အစီးတွေအောက်မှာ ပိတ်မိနေပြီး ကျေးရွာတွေတရွာလုံး ပျက်စီးခဲ့တဲ့ နေရတွေရှိပြီး သေဆုံးသူအရေအတွက် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တာလီဘန်တွေကတော့ နိုင်ငံတကာအကူအညီတွေ တောင်းခံထားပြီး…
Read Moreဖားကန့်မှာ စစ်ရေးတင်းမာလို့ ကျောင်းနဲ့မြို့နယ်ရုံးတွေ ယာယီပိတ်ပြီး ဒေသခံတွေ တိမ်းရှောင်နေကြ
စက်တင်ဘာ ၂၊၂၀၂၅ GG (VOM) ဖားကန်မြို့ပေါ်မှာ စစ်ရေးတင်းမာလာတဲ့အခြေအနေတွေကြောင့် မြို့ပေါ်ရှိ စာသင်ကျောင်းတွေ ယာယီပိတ်လိုက်သလို မရှိကထောင်ရပ်ကွက်ရှိ ဒေသခံအချို့လည်း နေရာရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံဆီက သိရပါတယ်။ ကျောင်းတွေကို စက်တင်ဘာ ၂ ရက်နေ့မှစပြီး စက်တင်ဘာလ ၇ ရက်နေ့အထိ အခြေအနေအရ ယာယီပိတ်ထားမှာဖြစ်သလို မြို့နယ်ရုံးကိုလည်းပိတ်ထားမယ်ဆိုပြီး ကျောင်းဘက်က အသိပေးထားပါတယ်။ ” ဒီနေ့မနက်က စပြီးကျောင်းတွေပိတ်လိုက်တယ်သိရတယ်။ကျောင်းတွေကိုတော့ ခဏပိတ်ထားဖို့ တပ်ဘက်က ပြောတာလို့သိရတယ်။တိုက်ပွဲကပိုပြင်းထန်လာမယ့်အခြေအနေရှိတော့ ခုလိုကြိုသတိပေးတာ တော်သေးတာပေါ့။ မရှိကထောင်ရပ်ကွက်က တိုက်ပွဲနဲ့နီးတဲ့အခြမ်းကသူတွေလည်းရွှေ့နေကြတယ်။ရပ်ကွက်ကနေရှောင် ကြဖို့ သတင်းတွေကလည်းထွက်နေတယ်။ဘယ်အဖွဲ့ကဘယ်လိုပြောလဲတော့သေချာမသိကြဘူး။” လို့ ဖားကန့် မြို့ခံကပြောပါတယ်။ လက်ရှိမှာတော့ မရှိကထောင်ရပ်ကွက်ရှိ ရေအေးချောင်းဘက်နေထိုင်သူအချို့က နေရာရွှေ့ပြောင်းပြီး ရှောင်ကြသူတွေရှိပြီး အချို့ကတော့ ဇေယျယျုံဘုန်းကြီးကျောင်းနဲ့သီလရှင်ကုန်းမှာ ခတ္တနေထိုင်နေကြတယ်လို့သိရပါတယ်။ ” ရေအေးချောင်းမှာနေပါတယ်။တိုက်ပွဲပစ်ခတ်တဲ့နေရာနဲ့နီးနေရာကသူတွေသူတို့ဘာသာရွှေ့နေကြတာပါ။ဘယ်အဖွဲ့ကမှ ရွှေ့ပြောင်းခိုင်းတာမျိုးမရှိသေးဘူး။မရှောင်တဲ့သူတွေလည်းရှိပါတယ်။ ” လို့ ရပ်ကွက်ဒေသခံကပြောပါတယ်။ လက်ရှိမှာ စစ်တပ်က ဖားကန့်မြို့အတွင်းမှာ စစ် အင်အားတိုးမြှင့်ချထားပြီး…
Read Moreပြည်တွင်းရွှေဈေး ၇၈ နီးပါးအထိ ပြန်လည် မြင့်တက်လာ
စက်တင်ဘာ ၂ – ၂၀၂၅ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၇၈ နီးပါးဝန်းကျင်နဲ့ ဈေးဖွင့်လာတာ တွေ့ရပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အကျဘက်ကို သုံးရက်တာ ရောက်ရှိခဲ့ပေမယ့် ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းကစလို့ ဆက်တိုက်ဆိုသလို ဈေးနှုန်း ပြန်လည် မြင့်တက်လာတာမှာ လက်ရှိမှာတော့ ခုနစ်ဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “အဓိက ကတော့ ကမ္ဘာ့ဈေးတက်လို့ ပြည်တွင်းဈေးလည်း ပြန်တက်လာတာပါ။ လက်ရှိ ဒေါ်လာဈေးကတော့ အကျဘက်မှာ ငြိမ်နေတယ်ပြောရမယ်။ ကျရင်လည်း ၂၀၊ ၃၀။…
Read MoreSky Villa ကွန်ဒိုပြိုကျမှု သေဆုံးသူတွေအတွက် ဂရုဏာကြေးပေးမယ့်အပေါ် ဝေဖန်မှုတွေရှိ
စက်တင်ဘာ ၂ ၊ ၂၀၂၅ GG (VOM) ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ငါးလကျော်အကြာမှာ Sky Villa ကွန်ဒိုဆောက်လုပ်ခဲ့တဲ NTL ဆောက်လုပ်ရေးကုမ္ပဏီက ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျခဲ့ရမှုမှာ သေဆုံးခဲ့ရသူတွေကို ဂရုဏာကြေးအဖြစ် တယောက်ကို သိန်း ၁၀၀ ကျပ်နူန်းထောက်ပံ့ပေးသွားမယ်လို့ အသိပေး ကြေငြာလာပါတယ်။ သေဆုံးသူတွေကိုသာ ဂရုဏာကြေးအဖြစ်ပေးအပ်မယ့်အကြောင်း အသိပေးထားတာတွေ့ရပြီး တိုက်ခန်းဝယ်ယူထားသူတွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က လျော်ကြေးပေးခြင်း စတဲ့တစုံတရာ ဆောင်ရွက်ပေးတာမျိုးမရှိသေးကြောင်း ၊ တိုင်းအာဏာပိုင်တွေ အနေနဲ့လည်း ငလျင်ပြိုကျမှုနဲ့ပတ်သက်ပြီး ကွန်ဒိုဆောက်လုပ်သူတွေကို အရေးယူတာမျိုးမတွေ့ရသေးဘူးလို့ မန္တလေးမြို့ခံတွေဝေဖန်မှုတွေရှိနေပါတယ်။ ” သေဆုံးသူကိုပဲ သိန်း ၁၀၀ ပေးမယ်ကြေညာတာတွေ့ရတယ်။ပြောရရင် အဲဒီကွန်ဒိုမှာနေတာက တကယ့်သူဌေးတွေပဲနေကြတာ။သူတို့ပေးတဲ့ပိုက်ဆံကို ဘယ်လိုမက်မှာလဲ။သေတဲ့လူကသေကုန်ပြီ။သူတို့ကခုမှ လျော်ကြေးတောင်မဟုတ်ဘူး ဂရုဏာကြေးဆိုတော့ မခက်ဘူးလား။ ခုထိလည်း အလောင်းတွေက တွေ့ရတုန်းပဲ။အစိုးရဘက်ကလည်း ဒါနဲ့ပတ်သက်လို့ အရေးယူတာဘာညာ ခုထိမကြားဘူး။” လို့ မြို့ခံတယောက်ကပြောပါတယ်။ လက်ရှိမှာ…
Read MoreTNLA တပ်ဖွဲ့က ပညာရေး ဝန်ထမ်းတွေကိုပါ ရှေ့တန်းပို့တာတွေ ရှိလာ
စက်တင်ဘာ ၂၊ ၂၀၂၅ Shy V (VOM) TNLA တပ်ဖွဲ့က ပညာရေး ဝန်ထမ်းတွေကိုပါ ရှေ့တန်းပို့တာတွေ ရှိလာလို့ အခက်ကြုံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တအာင်း ဒေသမှာ ဆရာ၊ ဆရာမတွေ အရမ်းလိုအပ် နေတဲ့ အချိန်မှာ အခုလိုအခြေအနေကို TNLA စစ်တပ်ကို သွားပြောတော့ ဥပဒေ အရ လုပ်တယ်လို့ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဥပဒေနားလည်ပေမယ့် ဒေသမှာ လိုအပ်နေတဲ့ ကျောင်း ဆရာ၊ ဆရာမတွေကို ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုကြတာ ဘယ်လိုမှ အရာ မထင်သလို ပြောလို့ မရခဲ့ဘူးလို့ သူက ပြောပါတယ်။ ပညာရေး ဝန်ထမ်းတွေအပါအဝင် တခြားဌာနက ဝန်ထမ်းတွေကလည်း စစ်မှုထမ်းဖို့ ခေါ်ယူရင် မသွားလို့ မရပဲ သွားရပြီး တချို့က စစ်သင်တန်းတွေ ပေးထားတာ…
Read Moreမြဝတီ – အာရှလမ်းနဲ့ ရေး – ထားဝယ်လမ်းပိုင်းမှာ ပေါက်ကွဲမှုတွေကြောင့် နှစ်ယောက်သေ၊ ၁၀ ယောက်ဒဏ်ရာရပြီ၊ စစ်ရေးဆက်လက်တင်းမာ
စက်တင်ဘာ ၂ ၊၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ်အာရှလမ်း နဲ့ တနင်္သါရီတိုင်းရှိ ရေး – ထားဝယ်လမ်းပိုင်းမှာ စက်တင်ဘာ ၁ ရက်နေ့က ဒရုန်းဗုံးနဲ့ မိုင်းပေါက်ကွဲလို့ နှစ်ယောက်သေပြီး လူ ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ မြဝတီ – ကော့ကရိတ်အာရှလမ်းမှာရှိတဲ့ ယခင်ကဖျက်ဆီးခံထားရတဲ့ ကော့နွဲ့တံတားကို နလအ ဘက်မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းလုပ်ဆောင်နေချိန်မှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားတယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အဲဒီကော့နွဲ့တံတားက အရင်က ဖျက်ဆီးခံထားရတာ။အခုစစ်တပ်က ပြန်ပြင်နေတာပေါ့။စစ်တပ်က အာရှလမ်းကိုထိန်းချုပ်ပြီး ပြန်ဖွင့်နိုင်ဖို့လုပ်နေတဲ့သဘောရှိတယ်။မနေ့က အဲဒီတံတားပြင်တဲ့အဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်ခံရတာပါ။သေတာကဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။တိုက်ပွဲတွေကတော့ဆက်တိုက်ရှိနေတယ်။” လို့ ကော့ကရိတ်ဒေသခံကပြောပါတယ်။ လက်ရှိ မြဝတီ – ကော့ကရိတ် အာရှလမ်းကို နလအက…
Read Moreလေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ် ဒေသခံတွေ စစ်ရှောင်
စက်တင်ဘာ ၂ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားနေတဲ့အတွက် မနေ့ စက်တင်ဘာ ၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကစပြီး ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့မှ စတင်ကာ ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းအထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလို့ သိရပြီး ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “လတ်တလော အခြေအနေက လုံးဝ မငြိမ်သေးတဲ့အတွက် စစ်ရှောင် လူဦးရေကို ကျွန်တော်တို့ စာရင်းကောက်လို့ မရသေးဘူး။ နောက်တချက်က အခုအချိန်မှာ လုံခြုံရေးအခြေအနေ…
Read Moreမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကျည်ကာရထားစီးပြီး တရုတ်နိုင်ငံ ပေကျင်း ရောက်ရှိ
ပေကျင်း၊ စက်တင်ဘာ-၂-၂၀၂၅မျိုးဆက်(VOM)မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်မှာကျင်;ပမယ့် စစ်ရေးပြချီတက်ပွဲကို တက်ရောက်ဖို့အတွက် နယ်စပ်ကို ကျည်ကာရထားနဲ့ဖြတ်ပြီး မြို့တော်ပေကျင်းကို ရောက်ရှိနေပြီလို့ သတင်းဌာနတွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ ချီတက်ပွဲမှာ ကင်ဂျုံအန်ဟာ တရုတ်သမ္မတ ရှီကျင်းပင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တွေ့ရမယ့် သူ့ရဲ့ ပထမဆုံးနိုင်ငံတကာပွဲလည်း ဖြစ်ပါတယ်။ သူဟာ ကျည်ကာရထားနဲ့ မြောက်ကိုရီးယားကနေ ထွက်ခွာခဲ့ပြီး အင်္ဂါနေ့က တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရထားပေါ်မှာ လတ်ဆတ်တဲ့ပင်လယ်စာနဲ့ တခြားကောင်းမွန်တဲ့ဟင်းလျာတွေကို ပြင်သစ်ဝိုင်လို အဖျော်ယမကာတွေနဲ့ တည့်ခင်းဧည့်ခံတဲ့ စားသောက်ဆိုင်တခုလည်း ပါဝင်ပါတယ်။ကင်ဂျုံအန်ဟာ တနင်္လာနေ့က ပြုံယမ်းမှ ထွက်ခွာခဲ့သော်လည်း ရထားရဲ့ လေးလံတဲ့ အကာအကွယ်ကြောင့် နှေးကွေးစွာ ခရီးဆက်ရတာပါ။ စစ်ရေးပြအခမ်းအနားကို ကင်ဂျုံအန် တက်ရောက်မှုဟာ ၁၉၅၉ ခုနှစ်ကတည်းက တရုတ်စစ်ရေးပြအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင်တယောက် ပထမဆုံးအကြိမ်…
Read More