မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကျည်ကာရထားစီးပြီး တရုတ်နိုင်ငံ ပေကျင်း ရောက်ရှိ



ပေကျင်း၊ စက်တင်ဘာ-၂-၂၀၂၅
မျိုးဆက်(VOM)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်မှာကျင်;ပမယ့် စစ်ရေးပြချီတက်ပွဲကို တက်ရောက်ဖို့အတွက် နယ်စပ်ကို ကျည်ကာရထားနဲ့ဖြတ်ပြီး မြို့တော်ပေကျင်းကို ရောက်ရှိနေပြီလို့ သတင်းဌာနတွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ ချီတက်ပွဲမှာ ကင်ဂျုံအန်ဟာ တရုတ်သမ္မတ ရှီကျင်းပင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တွေ့ရမယ့် သူ့ရဲ့ ပထမဆုံးနိုင်ငံတကာပွဲလည်း ဖြစ်ပါတယ်။

သူဟာ ကျည်ကာရထားနဲ့ မြောက်ကိုရီးယားကနေ ထွက်ခွာခဲ့ပြီး အင်္ဂါနေ့က တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရထားပေါ်မှာ လတ်ဆတ်တဲ့ပင်လယ်စာနဲ့ တခြားကောင်းမွန်တဲ့ဟင်းလျာတွေကို ပြင်သစ်ဝိုင်လို အဖျော်ယမကာတွေနဲ့ တည့်ခင်းဧည့်ခံတဲ့ စားသောက်ဆိုင်တခုလည်း ပါဝင်ပါတယ်။

ကင်ဂျုံအန်ဟာ တနင်္လာနေ့က ပြုံယမ်းမှ ထွက်ခွာခဲ့သော်လည်း ရထားရဲ့ လေးလံတဲ့ အကာအကွယ်ကြောင့် နှေးကွေးစွာ ခရီးဆက်ရတာပါ။ စစ်ရေးပြအခမ်းအနားကို ကင်ဂျုံအန် တက်ရောက်မှုဟာ ၁၉၅၉ ခုနှစ်ကတည်းက တရုတ်စစ်ရေးပြအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင်တယောက် ပထမဆုံးအကြိမ် တက်ရောက်တာလည်း ဖြစ်ပါတယ်။

ကင်ဂျုံအန်အပြင် မြန်မာ၊ အီရန်နဲ့ ကျူးဘားတို့မှ ခေါင်းဆောင်တွေအပါအဝင် အခြားနိုင်ငံ အကြီးအကဲ ၂၆ ယောက်လည်း တက်ရောက်မှာဖြစ်ပါတယ်။၂၀၁၅ ခုနှစ်ကတော့ တရုတ်မှာ ကျင်းပတဲ့ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတယောက်ဖြစ်တဲ့ ချိုယောင်ဟေးသာ တက်ရောက်ခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ ရုရှားက ယူကရိန်းကို တိုက်ခိုက်ပြီးနောက် ပူတင်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် ပေကျင်းကို သွားရောက်ခဲ့ရာမှာလည်း ကျည်ကာရထားကိုသာ အသုံးပြုခဲ့ပါတယ်။

ဗီယက်နမ်နဲ့ အရှေ့ဥရောပနိုင်ငံတွေကို သွားရောက်ရာမှာလည်း ကင်ဂျုံအန်ဟာ ကိုယ်ပိုင်ရထားကိုသာ အသုံးပြုခဲ့ပြီး ကင်ရဲ့ အဖိုး ကင်အီဆွန်းလက်ထက်က ရထားတဲ့ ခရီးသွားတာကို စတင်ခဲ့ပါတယ်။

ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျုံအီဟာလည်း လေယာဉ်စီးရတာကို ကြောက်ရွံ့တဲ့အတွက် ရထားနဲ့သာ ခရီးသွားခဲ့သူပါ။ တောင်ကိုရီးယားသတင်းဌာနတခုရဲ့ အဆိုအရ သံချပ်ကာရထားမှာ အစည်းအဝေးခန်း၊ ဟောခန်းနဲ့ အိပ်ခန်းတွေအပါအဝင် ရထားတွဲ ၉၀ ခန့်ပါရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW