ကဘူးလ်၊ စက်တင်ဘာ-၂-၂၀၂၅
ရတီ (VOM)
တနင်္ဂနွေညနေက အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ရစ်ချ်တာစကေး ၆ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ ၈၀၀ ကျော်သေဆုံးခဲ့ပြီးနောက် နိုင်ငံတကာ အကူအညီတွေ တောင်းခံထားတယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ကုလသမဂ္ဂဟာ အစားအစာတွေနဲ့ အရေးပေါ် နေထိုင်စရာတွေအပါအဝင် အကူအညီတွေ ဖြန့်ဝေဖို့ ပြင်ဆင်နေကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးက ပြောပါတယ်။
ဒီမြေငလျင်ဟာ တောတောင်ထူထပ်ပြီး ဝေးလံတဲ့ ကူနာပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လမ်းတွေပိတ်ဆို့နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေပြီး ငလျင်သင့် ဒေသတွေနဲ့ အကူအညီလိုအပ်တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဟတ်ယာဉ်တွေ အသုံးပြုနေရပါတယ်။
လူအများအပြား အပျက်အစီးတွေအောက်မှာ ပိတ်မိနေပြီး ကျေးရွာတွေတရွာလုံး ပျက်စီးခဲ့တဲ့ နေရတွေရှိပြီး သေဆုံးသူအရေအတွက် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တာလီဘန်တွေကတော့ နိုင်ငံတကာအကူအညီတွေ တောင်းခံထားပြီး ဗြိတိန်ကတော့ ကယ်ဆယ်ရေး ရန်ပုံငွေ ပေါင် ၁ သန်း ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီထောက်ပံ့ငွေတွေကို တာလီဘန်လက်ထဲ ထည့်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
မြေအောက် အနက် ၅ မိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ဒီမြေငလျင်ဟာ ပိုပျက်စီးစေနိုင်တဲ့ အနက်အနေအထားမျိုးကနေ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကဘူးလ်မြို့တော်ကနေ ပါကစ္စတန်ရဲ့ မြို့တော် အစ္စလာမ္မာဘတ်ထိ အဆောက်အဦတွေကို တုန်လှုပ်စေခဲ့ပါတယ်။
Ref:BBC
Photo:AP