သူတို့အိမ် အခန်း – ၃

ဆူးငှက်   ၂၉လမ်း ဈေးလမ်းမ ——————– “ရှေးတုန်းက မြစ်ဆိပ်ဆိုတာ ဒီနားပေါ့။ သင်္ဘောတွေ ဆိုက်တဲ့နေရာ လေ”” ဟု လူကြီးသူမများ ပြောစကားကို တအံ့တသြ နားထောင်ရင်း ဒေါင်းရိုးသင်္ဘောတန်းဟူ သော ရပ်ကွက်နာမည်ကို ဆီသည်ချောင်ဟူသော အမည်ထက် နှစ်သက်ခဲ့တာ ဝန်ခံပါသည်။ အိမ်လိပ်စာပေးတိုင်း ဒေါင်းရိုးသင်္ဘောတန်းရပ် စိုင်ပျိုရိပ်သာဝင်းအတွင်းဟု ရေးသားရတာကို မြိန်ယှက်ခဲ့သည်။ မည်သို့ဆိုစေ ရပ်ကွက်၏ အဓိက လမ်းဖြစ်သည့် စိုင်ပျိုရိပ်သာဝင်းရှေ့က ၂၉လမ်းသည် ဈေးလမ်းမအဖြစ် အချက်အချာကျသည်။ မြစ်ဆိပ်နှင့် ဈေးချိုကို ဟင်းသီးဟင်းရွက် ကုန်၊ ကောက်ပဲသီးနှံကုန်တွေကိုတော့ ဒီလမ်းကပဲ သယ်ပို့ကြရသည်။ အနောက် ကျွန်းထဲဆီမှ ပဲစိမ်းစားဥ လှည်းတန်းကြီးလာလျှင် ကျွန်တော်တို့သည် လှည်းမြီး ခိုကာ ရိုင်ပတ်ကြားမှ ပဲစိမ်းစားဥများ ဆွဲဖြုတ်ပြေးကြရသည်။ သဘောကောင်းသော လှည်းသမား တစ်ယောက် တစ်လေကမူ ကျွန်တော်တို့မြင်သည်နှင့် ပဲစိမ်းစားဥတစ်တွဲ ဖြုတ်ယူပြီး…

Read More

ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ခရီးသွားခြင်း

ဆူးငှက် ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ခရီးတချို့ထွက်ဖူးပါသည်။ အလွန်ပျော်စရာကောင်းပါ၏။ ခရီးအများစုမှာ ဒေါ်ဒေါ့်အိမ်ကကားနှင့် ဖြစ် သည်။ မှတ်မိသလောက် ထွက်ဖူးသော ခရီးအချို့မှာ အနီးအနားဆိုလျှင် ဝါးချက်ဆေးရုံ (၁ဝ)နှစ်မြောက်ပွဲ၊ အလ္လကပ္ပ ဝမ်းပြေရွာက ဒသမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြ ဆရာတော် ကမ္ပည်းမော်ကွန်း ကျောက်စာဗိမာန်ဖွင့်ပွဲ၊ ကျောက်ဆည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မစာကြည့်တိုက်ဖွင့်ပွဲ၊ ဆရာသိန်းဖေမြင့် အမှတ်တရအခမ်းအနား ဘုတလင်၊ ပန်းချီဆရာကြီး ဦးအောင်ခင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ချင်းတွင်း နတ်ကျွန်းအောင်မြေခရီး၊ ဆရာ လင်းယုန်မောင်မောင် မွေးနေ့ မုံရွာနှင့်ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက်ဖွင့်ပွဲတို့ဖြစ်သည်။ ဒေါ်ဒေါ်က စာပေခရီးဆိုလျှင် တစ်အုပ်တစ်မကြီး သွားရတာပျော်ပုံရသည်။ ကျွန်တော်လိုက်ဖြစ်ခဲ့သော ခရီးအများစုမှာ ဆရာညီပုလေး အထိန်းသိမ်းခံနေရစဉ် သွားရသောခရီးများမို့ ဒေါ်ဒေါ့်မှာ ကားရှိသော်လည်း ကားမောင်းပို့မည့်သူ ကသီလင်တရှိသည်။ အလ္လကပ္ပ ဝမ်းမြေ့သွားစဉ်က ကိုအော်ပီကျယ်မောင်းသည်ထင်ပါ့။ ဆရာညီပုလေး ပြန်လွတ်ချိန်ခရီးကတော့ ဆင်ဖြူကျွန်းအောင် ဗလစာကြည့်တိုက် ဖွင့်ပွဲဖြစ်သည်။ ချင်းတွင်းနှင့်…

Read More

ကင်ဂျုံအန်နဲ့ တောင်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်ခဲ့

ပေကျင်း၊ စက်တင်ဘာ-၄-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၀ူဝန်ဆစ်ခ်ဟာ တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်ခဲ့ပြီး ချီတက်ပွဲမစခင်မှာ သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အဲဒီစစ်ရေးပြပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဌဟာ ကင်ဂျုံအန်အပြင် ရုရှားသမ္မတပူတင်၊ တရုတ်သမ္မတ ရှီကျင်းပင်တို့နဲ့လည်း စကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကင်ဂျုံအန်ထံကို သတင်းစကားပါးနိုင်ကြောင်း ပူတင်က ၀ူဝန်ဆစ်ခ်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ၀ူဝန်ဆစ်ခ်ကတော့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရသော်လည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အရေးကြီးကြောင်းနဲ့ အဲဒီရည်ရွယ်ချက်အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်စစ်တပ်ဟာ…

Read More

မန္တလေးနဲ့ အနီးတဝိုက်မှာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်လို့ မြို့ခံလူထု အလန့်တကြားဖြစ်ခဲ့ရ

မန္တလေး၊ စက်တင်ဘာ- ၄- ၂၀၂၅ ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ ၁၀ နာရီ ၅၂ မိနစ် အချိန်က ၄.၂ အဆင့်ရှိငလျင်တခုဟာ မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာကြောင့် မြို့ခံတချို့ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။ မြောက်ပြင်ဘက်ရောက်နေသူတဦးကတော့ ” ကျနော် ကားပစ္စည်းသွားဝယ်နေတုန်း ငလျင်လှုပ်တာနဲ့ကြုံလိုက်တာ အနီးနားဝန်းကျင်ကလူတွေ အကုန် လမ်းပေါ်ထွက်ပြေးကြတာတွေ့ရတာပဲ ခါရမ်းသွားတာဆိုတော့ စိုးရိမ်ကြမှာပဲလေ” လို့ ပြောပါတယ်။ ဒါအပြင် မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၄.၂ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးနဲ့အနီးတဝိုက်က ဒေသတချို့မှာလည်း ငလျင်လှုပ်တဲ့ဒဏ်ကို သိသာစွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင် ဘာလ ၃ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၂၂၆ ကြိမ်ရှိတယ်လို့ ဖော်ပြထားပြီး ဒီကနေ့နဲ့ဆိုရင် ၂၂၇ ကြိမ်မြောက်…

Read More

ထာ၀ရ အသက်ရှည်ရေးနည်းလမ်းများ ပူတင်နဲ့ ရှီကျင်းပင် ဆွေးနွေးခဲ့

ပေကျင်း၊ စက်တင်ဘာ-၄-၂၀၂၅ မျိုးဆက်(VOM) တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ပေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဘေးမှာ အသက်ရှည်စေမယ့် နည်းလမ်းအဖြစ် ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်းဆိုင်ရာတွေကို နှစ်ယောက်သား ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ပူတင်က ဇီဝနည်းပညာဆန်းသစ်မှုတွေကြောင့် ထာဝရအသက်ကိုပင် ရနိုင်တယ်လို့ ပူတင်ရဲ့ ပြောဆိုချက်ကို ရုရှားဘာသာပြန်က ပြောကြားခဲ့တာကို အမှတ်မထင် အသံဖမ်းမိခဲ့တာဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ သမိုင်းဝင် တီအန်နန်မင် ရင်ပြင်မှာ အတူတကွ လမ်းလျှောက်ပြီး အစောင့်အရှောက်မဲ့အခိုက်အတန့်ကို တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်မှုမှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရှီကျင်းပင်နဲ့ ပူတင်တို့ရဲ့ အာဏာသက်တမ်းဟာ ၁၃ နှစ်နဲ့ ၂၅ နှစ် အသီးသီး ရှိနေပြီး နုတ်ထွက်ရန် ရည်ရွယ်ချက် အရိပ်အမြွတ်တောင် မပြောသေးပါဘူး။ သူတို့နှစ်ယောက်ရဲ့ နှစ်ကိုယ်ကြား ဆွေးနွေးမှုဟာ စီးပွားရေးနဲ့ နိုင်ငံရေးထက် ကျော်လွန်တဲ့ အမြင်တွေကို ဖော်ပြနေပါတယ်။ သူတို့နှစ်ယောက်…

Read More

လားရှိုးမှာ နလအ တပ်ဖွဲ့နဲ့ MNDAA တို့ ထပ်မံတွေ့ဆုံ

စက်တင်ဘာ ၄၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ နလအ တပ်ဖွဲ့နဲ့ MNDAA တို့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ထပ်မံတွေ့ဆုံကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆင်နှစ်ကောင် ဟိုတယ်မှာ စက်တင်ဘာလ ၂ ရက်နေ့က စည်းဝေးစတယ်။ MNDAA တွေ လားရှိုးထဲ ဝင်လာတယ်။ အများကြီးပဲ ဝင်လာတာတွေ့တယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ MNDAA တွေ ဝင်လာတော့ နလအ တပ်ဖွဲ့တွေက လမ်းရှင်းပေးနေတာလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။ “အရင်နေ့က ဘာတွေ ဆွေးနွေးကြလဲ မသိဘူး။ မအောင်မြင်ဘူးလို့ ပြောသံပဲကြားတယ်။ စစ်တပ်ဘက်ကေတာ့ ဒီ ၉ လပိုင်း ၉ ရက်နေ့ သိန္နီကို ပြန်ပေးဖို့ ပြောထားတယ်လို့ကြားတယ်” လို့ ဒေသခံ…

Read More

လားရှိုးမှာ မိုင်းပေါက်ကွဲလို့ သုံးရက်အတွင်း အမျိုးသမီးတဦးအပါအဝင် ငါးဦးဒဏ်ရာရ

ဩဂုတ် ၄၊ ၂၀၂၅ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာလ ၁ရက်နေ့ကနေ ၃ရက်နေ့အတွင်း မိုင်းပေါက်ကွဲမှု တွေကြောင့် အမျိုးသမီးတဦး အပါအဝင် လူငါးဦးဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၃ ရက်မနေ့ မနက်ပိုင်းက လားရှိုးမြို့ ရပ်ကွက်(၁) ရန်တိုင်းအောင်ဘုရားအနီးမှာရှိတဲ့ အဟောင်း ပစ္စည်းရောင်းတဲ့ဆိုင်မှာ မိုင်းပေါက်ကွဲလို့ အဲမှာ အလုပ်လုပ်နေတဲ့လူ လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုး မြို့ ခံတယောက်က ပြောပါတယ်။ “အဟောင်းပစ္စည်း ဝယ်တဲ့အထဲကနေ ပါလာတာထင်တယ် ထုရိုက်တော့ ကွဲတာပဲ။ မြေကြီးတောင် ဂလိုင်ပုံစံဖြစ် သွားတာ။ အဲဆိုင်က လူလေးယောက် ဒဏ်ရာရသွားတယ်” စက်တင်ဘာ ၁ ရက်နေ့မှာ လားရှိုးမြို့ရှောင်လမ်း အနီး မျှစ်ရှာနေတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာ ရခဲ့ပါတယ်။ “ဟိုပိတ်ရွာက အဖွား မျှစ်လာရှာရင်း မိုင်းနင်းမိသွားတာ။ ခြေထောက်ဖြတ်လိုက်ရတယ်”လို့ လားရှိုးမြို့ခံတ…

Read More

မြ၀တီမြို့နယ်က DKBA အဖွဲ့ချုပ်ရှိရာကို ဒရုန်ဗုံးနဲ့တိုက်ခိုက်ခံရ၊ အာရှလမ်းမှာ နလအက အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေ

စက်တင်ဘာ ၄ ၊ ၂၀၂၅ GG(VOM) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊DKBA ထိန်းချုပ်နယ်မြေရှိ ကျောက်ခက်ကျေးရွာမှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ကျေးရွာအချို့မှာလည်းတိုက်ပွဲဖြစ်ပွားနေသလို မြဝတီ – ကော့ကရိတ်အာရှလမ်းမှာလည်း နလအမှ အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေတာကြောင်းတိုက်ပွဲပြင်းထန်လာနေတယ်လို့သိရပါတယ်။ DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ရွာကို ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီကျော်လောက်မှာ ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံအဟောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ” ကျောက်ခက်က DKBA အဖွဲ့ချုပ်ရှိရာဘက်ပါ။ဒီနေ့မနက် တိုက်ခိုက်ခံရတာဟုတ်ပါတယ်။အခုကျောင်းတွေပိတ်လိုက်တယ်သိရတယ်။ သူက မြဝတီနဲ့ဆိုရင် တနာရီကျော်လောက်တော့သွားရတယ်။ခုထိတော့မြဝတီမှာက အခြေအနေအေးဆေးပါပဲ။ဘာမှမဖြစ်ဘူး။အာရှလမ်းဘက်မှာတော့တော်တော်လေးဖြစ်နေတယ်။ ” လို့ မြို့ခံတယောက်ကပြောပါတယ်။ လက်ရှိ မြဝတီမြို့နယ်ထဲက နို့ဖိုးရွာ နဲ့ ထီးမူရွာတွေဘက်မှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နေပြီး မြေပြင်ထိုးစစ်အပြင် ဒရုန်းဗုံး ၊လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတယ်လို့သိရပါတယ်။ အလားတူ မြဝတီ – ကော့ကရိတ်အာရှလမ်းဘက်မှာတော့ စစ်တပ်က အာရှလမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားသုံးပြီး…

Read More

စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မယူရင် ယူကရိန်းကို ဆက်တိုက်မယ်လို့ ပူတင်သတိပေး

မော်စကို၊ စက်တင်ဘာ-၄-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းအနေနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက် မယူဘူးဆိုရင် ရုရုားရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို အောင်မြင်ဖို့ စစ်ပွဲကို ဆက်ပြီတိုက်သွားမယ်လို့ သမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာကျင်းပတဲ့ စစ်ရေးပြပွဲကို တက်ရောက်ပြီးနောက် ပူတင်က အခုလို ပြောဆုလိုက်တာပါ။ အမေရိကန်သမ္မတက စစ်ပွဲပြီးဆုံးဖို့ နားချစည်းရုံးမှုတွေ လုပ်ခဲ့ပြီး ထရန့်ရဲ့ စိတ်ရင်းမှန်ကို ချီးကျူးခဲ့ပေမယ့် စစ်ပွဲရပ်ရေးကိုတော့ ရုရှားခေါင်းဆောင်က ယခုထိ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။ ကီဗ်ယက်ကို သွားရောက်လည်ပတ်နေတဲ့ ယူကေကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ထရန့်ဟာ ပူတင်ကို စားပွဲဝိုင်းဆီခေါ်လာနိုင်ခဲ့ပြီး ဖိအားပေးမှုတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ယူကေကဲ့သို့သော နိုင်ငံတွေဟာ ပူတင်ကို နောက်ထပ် စီးပွားရေးဖိအားပေးဖို့နဲ့ ယူကရိန်းကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။ ထရန့်ဟာ လွန်ခဲ့တဲ့ လက အလာစကာမှာ ပူတင်နဲ့ ထိပ်သီးဆွေးနွေးခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးဖို့…

Read More
VOM News

FREE
VIEW