လားရှိုးမှာ မိုင်းပေါက်ကွဲလို့ သုံးရက်အတွင်း အမျိုးသမီးတဦးအပါအဝင် ငါးဦးဒဏ်ရာရ

ဩဂုတ် ၄၊ ၂၀၂၅
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာလ ၁ရက်နေ့ကနေ ၃ရက်နေ့အတွင်း မိုင်းပေါက်ကွဲမှု တွေကြောင့် အမျိုးသမီးတဦး အပါအဝင် လူငါးဦးဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်မနေ့ မနက်ပိုင်းက လားရှိုးမြို့ ရပ်ကွက်(၁) ရန်တိုင်းအောင်ဘုရားအနီးမှာရှိတဲ့ အဟောင်း ပစ္စည်းရောင်းတဲ့ဆိုင်မှာ မိုင်းပေါက်ကွဲလို့ အဲမှာ အလုပ်လုပ်နေတဲ့လူ လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုး မြို့ ခံတယောက်က ပြောပါတယ်။
“အဟောင်းပစ္စည်း ဝယ်တဲ့အထဲကနေ ပါလာတာထင်တယ် ထုရိုက်တော့ ကွဲတာပဲ။ မြေကြီးတောင် ဂလိုင်ပုံစံဖြစ် သွားတာ။ အဲဆိုင်က လူလေးယောက် ဒဏ်ရာရသွားတယ်”
စက်တင်ဘာ ၁ ရက်နေ့မှာ လားရှိုးမြို့ရှောင်လမ်း အနီး မျှစ်ရှာနေတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာ ရခဲ့ပါတယ်။
“ဟိုပိတ်ရွာက အဖွား မျှစ်လာရှာရင်း မိုင်းနင်းမိသွားတာ။ ခြေထောက်ဖြတ်လိုက်ရတယ်”လို့ လားရှိုးမြို့ခံတ ယောက်ကပြောပါတယ်။
ဒဏ်ရာရသူတွေကို လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်း လားရှိုးမြို့ကို ကိုးကန့်လက်နက်ကိုင် အဖွဲ့က သိမ်းပိုက်ခဲ့ပြီး အခုနှစ် ဧပြီလမှာ နလအ တပ်ကို ပြန်လွှဲပြောင်း ထားတာဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်းခဲ့တဲ့ လားရှိုူမြို့မှာ မိုင်းနဲ့ လက်နက်အကြွင်းအကျန်တွေ ဆက်ရှိနေပြီ မကြာခဏဆိုသလို မိုင်း ပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့် လက်ကျန်မိုင်းတွေ ရှင်းလင်းပေးဖို့ လိုအပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW