ထာ၀ရ အသက်ရှည်ရေးနည်းလမ်းများ ပူတင်နဲ့ ရှီကျင်းပင် ဆွေးနွေးခဲ့

ပေကျင်း၊ စက်တင်ဘာ-၄-၂၀၂၅
မျိုးဆက်(VOM)
တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ပေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဘေးမှာ အသက်ရှည်စေမယ့် နည်းလမ်းအဖြစ် ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်းဆိုင်ရာတွေကို နှစ်ယောက်သား ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
ပူတင်က ဇီဝနည်းပညာဆန်းသစ်မှုတွေကြောင့် ထာဝရအသက်ကိုပင် ရနိုင်တယ်လို့ ပူတင်ရဲ့ ပြောဆိုချက်ကို ရုရှားဘာသာပြန်က ပြောကြားခဲ့တာကို အမှတ်မထင် အသံဖမ်းမိခဲ့တာဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ သမိုင်းဝင် တီအန်နန်မင် ရင်ပြင်မှာ အတူတကွ လမ်းလျှောက်ပြီး အစောင့်အရှောက်မဲ့အခိုက်အတန့်ကို တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်မှုမှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ရှီကျင်းပင်နဲ့ ပူတင်တို့ရဲ့ အာဏာသက်တမ်းဟာ ၁၃ နှစ်နဲ့ ၂၅ နှစ် အသီးသီး ရှိနေပြီး နုတ်ထွက်ရန် ရည်ရွယ်ချက် အရိပ်အမြွတ်တောင် မပြောသေးပါဘူး။ သူတို့နှစ်ယောက်ရဲ့ နှစ်ကိုယ်ကြား ဆွေးနွေးမှုဟာ စီးပွားရေးနဲ့ နိုင်ငံရေးထက် ကျော်လွန်တဲ့ အမြင်တွေကို ဖော်ပြနေပါတယ်။
သူတို့နှစ်ယောက် ပြောဆိုမှုမှာ ပူတင်အတွက် မန်ဒရင်းဘာသာပြန်သူနဲ့ ရှီကျင်းပင်အတွက် ရုရှားဘာသာပြန်တို့က ဘာသာပြန်ခဲ့ပြီး ဘီဘီစီသတင်းဌာနက အင်္ဂလိပ်ဘာသာပြန်ခဲ့ပါတယ်။
“အရင်တုန်းကတော့ အသက် ၇၀ အရွယ်ဟာ ရှားရှားပါးပါးဖြစ်ခဲ့ပြီး အခုခေတ်မှာတော့ အသက် ၇၀ ကလေးပဲရှိသေးတယ်လို့ ပြောကြတယ်” လို့ ရှီကျင်းပင်ရဲ့ ဘာသာပြန်သူက ရုရှားလိုပြောကြားခဲ့ပါတယ်။
ပူတင်ပြောတာကို သေချာစွာမကြားရပေမယ့် မန်ဒရင်းဘာသာစကားပြန်ရဲ့ ပြောဆိုမှုမှာတော့ “ဇီဝနည်းပညာ ဖွံ့ဖြိုးတိုးတက်လာနဲ့ အမျှ လူ့အင်္ဂါတွေကို စဉ်ဆက်မပြတ် အစားထိုးလဲလှယ်နိုင်ပြီး လူတွေဟာ ငယ်ရွယ်နုပျိုစွာ အသက်ရှည်နိုင်ပြီး ထာ၀ရအသက်ကိုပင် ရနိုင်တယ်”လို့ ဆိုပါတယ်။
“ဟောကိန်းထုတ်မှုတွေအရ ဒီရာစုနှစ်မှာ နှစ်ပေါင်း ၁၅၀ အထိအသက်ရှင်ဖို့ အခွင့်အရေးရှိတယ်လို့ ” ရှီကျင်းပင်ရဲ့ စကားပြန်က ပြောပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပြောဆိုမှုတွေကို ပူတင်ကလည်း မီဒီယာတွေကို အတည်ပြုထားပါတယ်။
ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီကတော့ ခေတ်မီပြန်လည်ထူထောင်ရေးနည်းလမ်းတွေ ဆေးဘက်ဆိုင်ရာနည်းလမ်းတွေ၊ အင်္ဂါအစိတ်အပိုင်းများအစားထိုးခြင်းဆိုင်ရာခွဲစိတ်မှုတွေဟာ လူသားမျိုးနွယ် ယနေ့ခေတ်ထက်အသက်ပိုရှည်ဖို့ မျှော်လင့်ချက်ဖြစ်စေတယ်လို့ ဆိုပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW