စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မယူရင် ယူကရိန်းကို ဆက်တိုက်မယ်လို့ ပူတင်သတိပေး

မော်စကို၊ စက်တင်ဘာ-၄-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းအနေနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက် မယူဘူးဆိုရင် ရုရုားရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို အောင်မြင်ဖို့ စစ်ပွဲကို ဆက်ပြီတိုက်သွားမယ်လို့ သမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာကျင်းပတဲ့ စစ်ရေးပြပွဲကို တက်ရောက်ပြီးနောက် ပူတင်က အခုလို ပြောဆုလိုက်တာပါ။ အမေရိကန်သမ္မတက စစ်ပွဲပြီးဆုံးဖို့ နားချစည်းရုံးမှုတွေ လုပ်ခဲ့ပြီး ထရန့်ရဲ့ စိတ်ရင်းမှန်ကို ချီးကျူးခဲ့ပေမယ့် စစ်ပွဲရပ်ရေးကိုတော့ ရုရှားခေါင်းဆောင်က ယခုထိ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။
ကီဗ်ယက်ကို သွားရောက်လည်ပတ်နေတဲ့ ယူကေကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ထရန့်ဟာ ပူတင်ကို စားပွဲဝိုင်းဆီခေါ်လာနိုင်ခဲ့ပြီး ဖိအားပေးမှုတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ယူကေကဲ့သို့သော နိုင်ငံတွေဟာ ပူတင်ကို နောက်ထပ် စီးပွားရေးဖိအားပေးဖို့နဲ့ ယူကရိန်းကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။
ထရန့်ဟာ လွန်ခဲ့တဲ့ လက အလာစကာမှာ ပူတင်နဲ့ ထိပ်သီးဆွေးနွေးခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးဖို့ တိုက်တွန်းနေပါတယ်။ပူတင်ကတော့ ဒီလိုတွေ့ဆုံမှုဖြစ်နိုင်ခြေကို မငြင်းပယ်ကြောင်းနဲ့ ဘယ်လိုဖြစ်လာမလဲ စောင်ကြည့်ရမယ်လို့ ပြောပါတယ်။
ဘယ်လို အစည်းအဝေးမဆို ရလဒ်ထွက်ဖို့ ကြိုတင်ပြင်ဆင်မှုလိုအပ်ပြီး ဇီလန်စကီးအနေနဲ့ မော်စကိုမှာ လာရောက်ဆွေးနွေးနိုင်တယ်လို့ ပူတင်က ပြောပါတယ်။ မော်စကိုသွားဖို့ မဖြစ်နိုင်တာကြောင့် ဒီကိစ္စဟာ လက်သင့်ခံလို့မရတဲ့ အကြံဉာဏ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုပါတယ်။
စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ပူတင်ကို ပေးစရာ သတင်းစကားမရှိကြောင်း ၊ မိမိရပ်တည်ချက်ကို သိနေတဲ့အတွက် ပူတင်ဟာ တနည်းမဟုတ်တနည်းနဲ့ ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW