မန္တလေးနဲ့ အနီးတဝိုက်မှာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်လို့ မြို့ခံလူထု အလန့်တကြားဖြစ်ခဲ့ရ

မန္တလေး၊ စက်တင်ဘာ- ၄- ၂၀၂၅
ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ ၁၀ နာရီ ၅၂ မိနစ် အချိန်က ၄.၂ အဆင့်ရှိငလျင်တခုဟာ မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာကြောင့် မြို့ခံတချို့ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။
မြောက်ပြင်ဘက်ရောက်နေသူတဦးကတော့ ” ကျနော် ကားပစ္စည်းသွားဝယ်နေတုန်း ငလျင်လှုပ်တာနဲ့ကြုံလိုက်တာ အနီးနားဝန်းကျင်ကလူတွေ အကုန် လမ်းပေါ်ထွက်ပြေးကြတာတွေ့ရတာပဲ ခါရမ်းသွားတာဆိုတော့ စိုးရိမ်ကြမှာပဲလေ” လို့ ပြောပါတယ်။
ဒါအပြင် မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၄.၂ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးနဲ့အနီးတဝိုက်က ဒေသတချို့မှာလည်း ငလျင်လှုပ်တဲ့ဒဏ်ကို သိသာစွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင် ဘာလ ၃ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၂၂၆ ကြိမ်ရှိတယ်လို့ ဖော်ပြထားပြီး ဒီကနေ့နဲ့ဆိုရင် ၂၂၇ ကြိမ်မြောက် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ၄.၂ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW