ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါခံစားနေရကြောင်း ဗြိတိန်အခြေစိုက်သတင်းဌာန ရေးသားဖော်ပြလာ

စက်တင်ဘာ ၅ – ၂ဝ၂၅
KKO(VOM)
ဗြိတိန်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ The Independent သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါခံစားနေရကြောင်း
ရေးသားဖော်ပြလာပါတယ်။
The Independent သတင်းဌာနရဲ့‌ ရေးသားဖော်ပြမှုတွင် အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါဆိုးရွားစွာခံစားနေရပြီးဆေးကုသခွင့်မရရှိဘူးလို့ ရေးသားထားတာကိုတွေ့ရပါတယ်။
သို့သော်လည်း ယခုသတင်းအပေါ်အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်ပတ်သက်သူ နေပြည်တော်သတင်းအရင်းအမြစ်တယောက်ကတော့ ယခုဒီသတင်းက ဖြစ်နိုင်ချေနည်း ပါးတယ်လို့ သူကပြောပါတယ်။
“မဟုတ်ပါ။ အန်တီစုကအရင်တုန်းကလိုထောင်ထဲမှာမဟုတ်ပါ။ ပြင်ပနေရာတစ်နေရာမှာလုံခြုံစွာနဲ့အကျယ်ချုပ်နဲ့ပြည့်စုံစွာနေထိုင်နေရပါတယ်။ အဲလိုတော့သိရတယ်”လို့ သူက VOM ကို ပြောပြပါတယ်။
ဒါအပြင် NLD ပါတီနဲ့နီးစပ်တဲ့ဝါရင့်နိုင်/ကျဉ်း(နိုင်ငံရေးအကျဉ်းသားဟောင်း)တယောက်ကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးသူသိထားသလောက်ကို အခုလိုဆက်ပြီး ပြောပြခဲ့ပါတယ်။
“အန်တီကျန်းမာရေးနဲ့ ပတ်သက်လို့က အန်တီကသွားရောဂါပေါ့။သွားကျန်းမာရေးကတော့သိပ်မကောင်းဘူးလို့သိရပါတယ်။ ကျန်တဲ့ရော ဂါကြီးကြီးမားမားကတော့အန်တီမှာရှိတယ်လို့မကြားမိပါဘူး။သွားနဲ့ ပတ်သက်တဲ့ရောဂါတော့အန်တီမှာရှိတယ်။ အခုသတင်းကလည်းအတည်ပြုဖို့ကျွန်တော်တို့အနေနဲ့ အလွန်ခက်ပါတယ်။မှတ်ချက်ပေးဖို့လည်းခက်ပါတယ်။ အန်တီကျန်း မာရေးဘယ်လိုအနေအထားရှိလဲပေါ့လေ၊ ဒါကသိရဖို့ခက်‌နေပါတယ်။‌ နေပြည်တော်အကျဉ်းထောင်ကလည်းသိတဲ့အတိုင်းလုံခြုံရေးတွေထူထပ်များပြားပါတယ်။ အန်တီတို့ကိုထားတဲ့နေရာဆိုရင်အစောင့်တွေထူထပ်တယ်။ အဝင်၊အထွင်ခက်တယ်ဆိုတော့ကျွန်တော်တို့လည်း အန်တီကျန်းမာရေးသတင်းအချက်အလက်တွေနဲ့ပတ်သက်လို့လက် လှမ်းမီဖို့ခက်ပါတယ်”လို့ သူက VOM ကို ဆက်ပြီးပြောပြပါတယ်။
ဗြိတိန်အခြေစိုက်The Independent သတင်းဌာနကတော့လက်ရှိအာ ဏာပိုင်တွေအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်ရှိအကျဉ်း ထောင်မှာချုပ်နှောင်ထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Aris ကလည်းသူရဲ့မိခင်ဖြစ်သူကျန်းမာရေးယိုယွင်းလာမှုနဲ့ပတ်သက်လို့ သတိပေးပြော
ကြားထားမှုတွေလည်းရှိနေတယ်လို့ လည်း The Independent သတင်းဌာနက ထည့်သွင်းရေးသားဖော်ပြထားပါတယ်။
ယခုသတင်းထွက်ပေါ်မှုအပြီးလက်ရှိအချိန်အထိဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ နလအ ဘက်က တော့ သတင်းတစုံတရာထုတ်ပြန်ထားခြင်းမျိုးမရှိသေးပါဘူး။
အဲဒါအပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ပြောခွင့်ရ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်သူ ဒေါက်တာမျိုးညွှန့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်း မာရေးအခြေအနေနဲ့ ပတ်သက်လို့ “ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်ပြည်သူတယောက်မဟုတ်ပါ။ပြည်သူအများစုကြီးရဲ့လေးစားယုံကြည်ခံရသူပြည်သူ့ခေါင်းဆောင်တ‌ ယောက်ဖြစ်ပါတယ်။သူမရဲ့ကျန်းမာရေးကို တတိုင်းပြည်လုံးက စိုးရိမ်နေကြပါတယ်”လို့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက VOM ကို ဖြေကြားမှုရှိထားပါတယ်။
ပုံစာ – ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်လို့ The Independent သတင်းဌာနရဲ့ဖော်ပြမှု။
Photo – The Independent

Related posts

Leave a Comment

VOM News

FREE
VIEW