ဆူးငှက် စစ်ကြီးအတွင်း ရွာအပြန် ————————- ကျွန်တော်သည် ထိုရပ်ကွက်လေးတွင် မွေးဖွားခဲ့ပါ၏။ တစ်နေ့ကပဲ အမေ့မှတ်ပုံတင်ဟောင်းလေး တွေ့လို့ လွမ်းလွမ်းဆွတ်ဆွတ် ပြန်ကြည့်လိုက်တော့ အမေ့ မွေးသက္ကရာဇ်က ၁၂၇၀ပြည့်နှစ် ဖြစ်သည်။ အမေ၁၉နှစ်သမီးမှာ မန္တလေးရောက်သည်ဆိုပြန်တော့ ၁၂၈၉ ၊ ၉၀ ဝန်းကျင် ဖြစ်မှာပေါ့။ မန္တလေးရောက်ပြီး ၄နှစ်လောက်မှ အစ်မကြီး မွေးသတဲ့။ အစ်မကြီးအရင် ၂နှစ်လောက်က သားဦး ယောက်ျားလေးကတော့ အဖတ်မတင်ဘူးတဲ့။ အစ်မကြီး မွေးတော့ အရင်သားဦးလို အဖြစ်မခံနိုင်တော့ ဆွေမျိုးအသိုင်းအဝန်းရှိရာ ရွာပြန်မွေးသတဲ့။ ရွာမှာ သားသမီးဖွားပြီး လအချို့နေပြီးမှ မန္တလေး ပြန်သည်။ သည်တစ်ခါ မန္တလေးအပြန်မှာ ကလေးနှင့်မို့ ရွာက အဘ အဖေ အဖိုးဦးလူနီနှင့် အဘမိထွေးပါ လိုက်လာသည်ဆိုသည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး မန္တလေးကို…
Read More