ဆူးငှက် ပုဂံမင်း၏ ကုသိုလ်တော် ———————– မဟာလောကရံသီ အိမ်တော်ရာစေတီတော်ကို ပုဂံမင်းက ကောဇာသက္ကရာဇ် ၁၂၀၉ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ပန္နက်တော်မင်္ဂလာ ဆင်ယင်ပြီး နတ်တော်လဆန်း ၁၁ ရက်တွင် အုတ်မြစ်ချကာ နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့တွင် ဌာပနာတော်များသွင်း ဗုဒ္ဓါဘိသေကမင်္ဂလာ ဆင်ယင်ပြီး သက္ကရာဇ် ၁၂၁၀ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်နေ့တွင် ရွှေထီးတော်ကြီး တင်လှူပူဇော်ခဲ့သည်။ ပုဂံမင်းတင်လှူခဲ့သော ရွှေထီးတော်ကြီးမှာ အရပ် ၉ တောင် ၁မိုက်၊ ထီး၀ ၄တောင်ရှိသည့် ဘုံ ၇ဆင့် ထီးတော်ကြီးဖြစ်သည်။ ထိုသို့ တည်ထား ကိုးကွယ်တော်မူပြီးနောက် စေတီ့ဒကာ ပုဂံမင်း အရာကျခြင်း၊ ညီတော် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့က မန္တလေးရတနာပုံ နေပြည်တော် တည်တော်မူခြင်း၊ မင်းတုန်းမင်း၏…
Read MoreDay: September 18, 2025
လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၇)
ဆူးငှက် ကျွန်တော်က “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ပြီး မန္တလေးမြို့၏ ဘုရားပွဲတိုင်းတွင် (ထိုစဉ်က) မပါမဖြစ် ပါခဲ့သော “စည်တော်ကြီးအဖွဲ့” များကို တန်ဖိုးထားရကောင်းမှန်း သိလာသည်။ ဘုရားပွဲ၏ အကြိုနေ့ညတိုင်းတွင် ပါဝင်သော စည်တော် ကြီးအဖွဲ့ရှေ့ရှိ လူကျဲကျဲပါးပါးကြားတွင် ဝင်ထိုင်ရင်း စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်းများကို စိတ်ဝင်စားလာ၏ “ကုန်းဘောင်ပလ္လင့်၊ ဘုန်းရောင်တင့်တဲ့ ပြဘင့်နရိန်၊ ရေသွန်းနဂါးသွဲ့၊ နေမွန်းမတဲ့တဲ့ ၁၁ကြိမ်၊ သိမ်သရေလျော၊ တစ်ရာဇဝင်၊ အညွှန်းကြည့်လို့ ဖတ်ကြတော့ …၊ ဗမာ(မြန်မာ)ဘုရင် တစ်ကျွန်းထိ အပ်ရသော်လည်း မှတ်တော့နောက်နောင် …၊ ရှေးကလို စကားအသုံး မမှန်သောကြောင့် အများထုံးစံ တစ်နာရီ လိုပါသဖြင့်၊ ဗမာ(မြန်မာ)ပြည်ပဟိုရ် အောင်မြေအရပ်က …၊ အရောင်တွေလျှပ်ခါ အမြန်တစ်နည်းဆောင်ခဲ့သော စံထီးဆောင်သပြေဆိုတဲ့ ဂိုဏ်းရယ်နဲ့၊ ရန်ကြီးအောင် ရေညိုဝိုင်းပါသတဲ့၊ ရွှေဘိုသမိုင်းခေါင်မဟီနဲ့ နီးတဲ့အောင် ……
Read Moreတရုတ်မှာ မိုးပျံကားနှစ်စင်း လေ့ကျင့်ပျံသန်းစဉ် လေထဲမှာတိုက်မိ
ပေကျင်း၊ စက်တင်ဘာ-၁၈-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံမှာ ကျင်းပမယ့်နည်းပညာပြပွဲအတွက် ကြိုတင်လေ့ကျင့်ချိန်မှာ မိုးပျံကားနှစ်စင်း လေထဲမှာ တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Xpeng AeroHT ရဲ့ ယာဉ်နှစ်စီးဟာ လေထဲမှာ တိုက်မိပြီး တစီးဟာဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ရုပ်သံမှတ်တမ်းတွေမှာတော့ မီးသတ်ကားတွေ ဝန်းရံထားတဲ့နေရာမှာ ယာဉ်တစီး မီးလောင်နေတာကို တွေ့ရပါတယ်။ ဖြစ်စဉ်နေရာရှိ လူအားလုံး ဘေးကင်းကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပေမယ့် လူတယောက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်ကို ကိုးကားပြီး CNN သတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပမယ့် ချန်ချွှန်လေကြောင်းပြပွဲအတွက် ကုမ္ပဏီက အစမ်းလေ့ကျင့်နေတာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး အဲဒီမိုးပျံကားတွေဟာ ဒေါင်လိုက် ပျံတက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်ကာ ကားတစီးကို အမေရိကန်ဒေါ်လာ သုံးသိန်းနဲ့ ရောင်းချဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။ ဒီကားတွေအတွက် အမှာစာ…
Read Moreဂါဇာမြို့တော်ရဲ့ အကြီးဆုံးလူနေရပ်ကွက်ကို အစ္စရေးတင့်ကားနဲ့ စစ်သုံးယာဉ် ဒါဇင်များစွာ ဝင်ရောက်လာ
ဂါဇာစီးတီး၊ စက်တင်ဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့တော်ကို မြေပြင်စစ်ဆင်ရေး ဒုတိယမြောက်နေ့အဖြစ် အဓိက လူနေရပ်ကွက်ကြီးတခုထဲကို ဒါဇင်နဲ့ချီတဲ့ တင့်ကားတွေ၊ စစ်သုံးယာဉ်တွေနဲ့ ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာမြို့တော်မြောက်ပိုင်း ရပ်ကွက်တင့်ကားတွေ၊ ဘူဒိုဇာတွေနဲ့ သံချပ်ကာကားတွေ ရွေ့လျားနေပုံကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အစ္စရေးစစ်တပ်က ဒီလိုဝင်ရောက်မှုအတွင် အမြောက်ကျည်တွေ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ရှိတ်ခ်ရက်ဒ်ဝမ် ရပ်ကွက်ဟာ ဂါဇာစစ်ပွဲမဖြစ်ခင်က လူပေါင်း သောင်းချီနေထိုင်ခဲ့ပြီး မြို့ရဲ့ လူဦးရေအထူထပ်ဆုံး နေရာများထဲမှ တခုဖြစ်ပါတယ်။ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓါးစားခံတွေကို ကယ်ထုတ်ဖို့ နဲ့ ဟားမတ်စ် ၃၀၀၀ လောက်ခြေမှုန်းဖို့ ဒီစစ်ဆင်ရေလုပ်ဆောင်တာလို့ အစ္စရေးက ပြောပါတယ်။ ဂါဇာမြို့တော်ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံခြေကုပ်ရာနေရာလို့ အစ္စရေးက ဆိုပေမယ့် ဒီလို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်တဲ့ အပေါ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားပါတယ်။ Save the Children…
Read MoreDj Violet တောင်းပန်မှုကိုလက်ခံပြီး ကိုယ်စားခွင့်လွတ်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအပါအဝင် ဆရာတော်ငါးပါး ဝန်ခံကတိလက်မှတ်ထိုးရမယ်
စက်တင်ဘာ ၁၈ ၊၂၀၂၅ GG (VOM) ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမ္မတေးသီးချင်းကို ကလပ်မှာ တီးခတ်ကပြဖျော်ဖြေခဲ့တဲ့ Dj Violet ရဲ့ မှားကြောင်း ခံဝန်ထိုးတောင်းပန်မှုကို လက်ခံခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပါ ဆရာတော်ငါးပါးအနေနဲ့ ခံဝန်ကတိပြုလက်မှတ်ရေးထိုးရမယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ မခင်ထွေးထွေးမွန်(ခ)Dj Violet က ဝန်ချတောင်းပန်တာကို မြို့နယ်အဆင့်ရှိ သံဃနာယက အဖွဲ့က နိုင်ငံတဝန်း ရဟန်းရှင်လူ ပြည်သူတို့ရဲ့ ကိုယ်စား ခွင့်လွတ်ကြောင်းလက်မှတ်ရေးထိုးခြင်းက လျော်ကန် သင့်မြတ်မှု မရှိကြောင်း၊ သံဃာအဖွဲ့ အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း သံဃာ့နာယကလက်စွဲတို့နဲ့လည်း ညီညွတ်မှု မရှိကြောင်း၊ နောင်မှာလည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်ဒဏ်လွတ်မြောက်စေ ရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူ အသုံးချလာနိုင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ် လာနိုင်တဲ့အတွက် ဗုဒ္ဓဘာသာကိုစော်ကားတဲ့ ဖြစ်စဉ်ကိစ္စရပ်ကို လက်ခံခွင့်လွတ်ပေးခြင်းမျိုး မရှိစေရေး ညွှန်ကြားချက်ထုတ်ပြန်ပေးဖို့…
Read Moreဖားကန့် ဆိုင်းတောင်ထိ စစ်ရေးတင်းမာနေပြီး ကြိုတင်ရှောင်ရှားဖို့ သတိပေးမှုတွေရှိ
စက်တင်ဘာ ၁၈ – ၂၀၂၅ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ထပ်မံ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အခြေအနေအရ တိုက်ပွဲ နီးကပ်လာပြီ ဖြစ်တာကြောင့် ဆိုင်းတောင် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ နေရာတွေကို ကြိုတင် ရှောင်ရှားနိုင်ဖို့အတွက် အရေးကြီး ပစ္စည်းတွေကို ထုပ်ပိုး အသင့်ပြင်ထားဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက် သတိပေးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ “ဆိုင်းတောင်က တိုက်ပွဲ တဖြည်းဖြည်း နီးကပ်လာပြီ။ နလအက သူတို့ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရွေးကောက်ပွဲ မတိုင်မီ အရယူဖို့ ပြင်ဆင်နေပုံရတယ်။ ဒီအချိန်မှာ လေကြောင်း အန္တရာယ်ကိုလည်း ပိုသတိထားရမယ်။ ဒေသခံတွေ အားလုံး သတိရှိကြဖို့လိုတယ်” လို့…
Read Moreဗြိတိန်ရောက်နေတဲ့ ဒေါ်နယ်ထရန့်ကို ဆန္ဒပြမှုတွေ ဖြစ်ပွား
လန်ဒန်၊ စက်တင်ဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဗြိတိန်ကိုသွားရောက်တဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်မှာ လူထောင်ချီပြီး ပါလီမန်ရင်ပြင်မှာ လူထောင်ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လန်ဒန်မြို့လယ်ရှိ Portland Place မှ Whitehall သို့ ၏ Stop Trump Coalition အဖွဲ့ကချီတက် ဆန္ဒပြခဲ့ကြပြီး ဒီအဖွဲ့မှာတော့ သမဂ္ဂနဲ့ အဖွဲ့အစည်း ၅၀ ကျော် ပါဝင်ပါတယ်။ ဆန္ဒပြသူအချို့က “လူမျိုးရေးခွဲခြားမှု မပြုရန်” “ထရန့်အလိုမရှိ ” “အစ္စရေးသို့ လက်နက်တပ်ဆင်မှု ရပ်တန့်ရန်” အစရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်က ထရန့်ရဲ့ ဗြိတိန် ပထမဆုံး နိုင်ငံတော်ခရီးစဉ်မှာလည်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါသေးတယ်။ လက်ရှိဆန္ဒပြပွဲမှာ လူ ၅၀၀၀ လောက်ပါမယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ခန့်မှန်းပြီး ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ကို ဖြန့်ကြက်ထားပါတယ်။…
Read Moreဂျပန်အနောက်တောင်ပိုင်း ကျွန်းတစ်ကျွန်းမှာ ငလျင် ၃၄ ကြိမ်ထိ လှုပ်ခတ်
တိုကျိ၊ စက်တင်ဘာ-၁၈-၂၀၂၅ ရတီ(VOM) ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျွန်းတကျွန်းမှာ ပြီးခဲ့တဲ့နေ့ ညပိုင်းက ဂျပန်ငလျင် တိုင်းတာရေးစကေး ၇ ခုအနက် အဆင့် ၅ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၄ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်မှစတင်ပြီး ကာဂိုရှီးမား စီရင်စုရှိ ဆူဝါနိုဆီဂျီးမား ကျွန်းတဝိုက်မှာ ငလျင်လှုပ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ပြောပါတယ်။ ည ၉ နာရီ ၅၅ နာရီခန့်မှာ အဲဒီကျွန်းမှာ အဆင့် ၅ အောက်ဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး အကူဆီကီဂျီးမား ကျွန်းမှာ အဆင့် ၃ ငလျင်လှုပ်ခတ်ခဲ့ပေမယ့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခြင်းမရှိဘူးလို့ မိုးလေဝသ ဌာနက ဆိုပါတယ်။ ငလျင်ဟာ ရစ်ချ်တာစကေး ၄.၇ ခန့်မှန်းရပြီး ငလျင်ဗဟိုချက်ကတော့ ၁…
Read Moreမိတ္တီလာမှာ အွန်လိုင်းဂိမ်း အကြွေးကြောင့် လူသတ်၊ ငွေယူတဲ့ တရားခံတွေကို ဖမ်းမိ
စက်တင်ဘာ ၁၈ – ၂၀၂၅ SN (VOM) မန္တလေးတိုင်း၊ မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှ တရားခံနှစ်ယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ စက်တင်ဘာ ၁၇ ရက်၊ မနက် ၈ နာရီဝန်းကျင်က မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ ၎င်းတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီး ရမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီ လူသတ်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်က မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်း တခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို မြို့ရဲ့ နန်းတော်ကုန်းရပ်ကွက် နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်း အနီးမှာ ပြစ်မှု ကျူးလွန်သူတွေက သွားရောက် စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့၊…
Read More