စက်တင်ဘာ ၂၁ ၊၂၀၂၅ GG (VOM) မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ “ပိဋကတ် သုံးဘုံမယ်တော်ကြီး “ဆိုတဲ့အမျိုးသမီးကြီးကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ အမျိုးသမီးကို လက်ရှိမှာ မုဒုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်း ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ မြို့နယ် သာသနာရေးဌာနက ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုလုပ်ခင် ဒီနေ့ ၁၂ နာရီအချိန်မှာ မြို့နယ်သံဃနာယကအဖွဲ့ရုံးကို လာရောက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတဆင့်စာပို့အကြောင်းကြားခဲ့ပေမယ့် ရောက်မလာခဲ့တဲ့အပြင် ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှာစိုးရိမ်တာကြောင့် ညနေပိုင်းမှာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ” မဖြစ်သင့်တဲ့ကိစ္စမို့အချိန်မီတားဆီးလိုက်တာပါ။ သူတိမ်းရှောင်သွားမှာစိုးလို့ အရင်ထိန်းသိမ်းလိုက်တာ။ အစည်းအဝေးပွဲဖိတ်ထားတာဘာလို့မလာလဲဆိုတော့ လာစရာမလိုဘူး ။ဘုန်းကြီးတွေက သူ့လောက်အဆင့်မရှိဘူးလို့ပြောတယ်။ သူ့ဆီသွားတဲ့ ဒကာဒကာမတွေကိုလည်း သူကပြောတယ်တဲ့ သူကဘုရားမယ်တော်ဖြစ်တယ်။ နောက်ပွင့်မယ့်ဘုရားဖြစ်တယ်။ဘုန်းကြီးကျောင်းသွားစရာမလိုဘူးပြောတယ်။သူ့ဆီပဲနေပေါ့…
Read MoreDay: September 21, 2025
လေကြောင်းဗုံးကြဲခံရပြီးနောက် ၃ ရက်အတွင်း ဒေသခံ ၅၀ ခန့်ကို TNLAက ဖမ်းဆီး
စက်တင်ဘာ ၂၀၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့ နမ့်တုံ နဲ့ ရန်ကွင်းကြား စက်မှုလယ်ယာ ကုန်းမှာ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်မှာ နလအ တပ်ဖွဲ့က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့သွားခဲ့ပြီးနောက် ၃ ရက်အတွင်း ဒေသခံ ၅၀ ခန့် TNLA ပူးပေါင်း တပ်ဖွဲ့ရဲ့ အဖမ်းဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လူနေအိမ်တော့ မရှိဘူး။ ဂျက်ဖိုက်တာ နဲ့ လာကြဲသွားတာ။ မြို့ပေါ်တော့ မဟုတ်ဘူး။ မြို့စွန်မြို့ဖျား။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မြို့တွင်းရပ်ကွက် ၂ စာရင်းဝင် ဖြစ်ပေမယ့် မြို့တွင်းမက မြို့ပြင်မကျ နမ့်တုံ နဲ့ ရန်ကွင်းကြား စက်မှုလယ်ယာကုန်းမှာ နေ့လယ် ၁…
Read More