ပူတာအိုမှာ တောင်ပြို၊ ရေကြီးမှုကြောင့် စပါးစိုက်ခင်း ဧကရာနဲ့ချီပြီး သဲမြေဖုံးလွှမ်း ပျက်စီး

စက်တင်ဘာ ၁၉ ၊၂၀၂၅ GG (VOM) ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်က ဖြစ်ပွားခဲ့တဲ့ တောင်ပြို၊မြေပြို ၊ရေကြီးမှုကြောင့် မန်စေခွန်ရွာအပါအဝင် ရွာခြောက်ရွာလောက်မှာရှိတဲ့ လယ်ဧကရာနဲ့ချီပြီး သဲမြေဖုံးလွှမ်းကာ စိုက်ခင်းတွေပျက်စီးသလို သဲသောင်ပြင်ကြီးဖြစ် သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စပါးစိုက်ခင်းတွေကို သဲတွေဖုံးလွှမ်းသွားတာကြောင့် မကြာမီရိတ်သိမ်းရတော့မယ့် စပါးခင်းတွေပျက်စီးသွားသလို လယ်တွေလည်းသဲတွေဖုံးသွားတဲ့အတွက် သဲသောင်ပြင်ကြီးဖြစ်သွားတာကြောင်​့ လာမယ့်မိုးရာသီမှာပင် စပါးစိုက်ပျိုးနိုင်လို့မရတဲ့အခြေအနေထိဖြစ်သွားတယ်လို့သိရပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေက သူတို့ကို အကူအညီနဲ့အကြံညဏ်တွေပေးကြဖို့ ပြောဆိုမှုတွေရှိနေပါတယ်။ “ကျွန်မတို့ မန်စေခွန်ရွာ တရွာလုံးမှာရှိတဲ့ လယ်တွေအကုန်မြုပ် ပျက်စီး သွားပါတယ်။အကုန်ဆုံးရှုံးနစ်နာသွားပါတယ်။ ကျွန်မတို့ကိုကူညီနိုင်တဲ့သူတွေက ကူညီပေးပါ။အကြံညဏ်ပေးနိုင်သူကပေးပါရှင်။ဒီမိုးတွင်းကြီးမှာချက်ချင်းကြီူပိုက်ဆံရှာပြီး ရုန်းကန်ကြဖို့မဖြစ်နိုင်လို့ပါ။ကူညီပေးကြပါ။ လာမယ့်နှစ်မှာလယ်ကိုပြန်ဖော်ပြီးစိုက်ဖို့လည်း ကျွန်မတို့ မနိုင်လို့ပါ။ရွာတွေကလယ်တွေအကုန်ပျက်စီးသွားပါတယ်။လယ်ကနေသဲသောင်ပြင်ဖြစ်သွားပါတယ်။”လို့ မန်စေခွန်ရွာ ဒေသခံကပြောပါတယ်။ အဆိုပါ ကျေးရွာတွေက စပါးကို ဒေသတွင်းရောင်းချဖို့နဲ့ ကိုယ်တိုင် သိုလှောင်ထားပြီး ကြိတ်ခွဲစားသောက်ဖို့ စိုက်ပျိုးကြတာဖြစ်လို့ ယခုမိုးစပါးစိုက်ဧကတွေ ပျက်စီးဆုံးရှုံးသွားတဲ့အတွက် အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ခုလိုရေကြီးမှုဖြစ်တာဟာ ပူဆာအိုမြို့တယ်အတွင်းလုပ်ကိုင်နေတဲ့…

Read More

အိန္ဒိယမှာ အရှင်လတ်လတ်မြေမြုပ်ခံရတဲ့ မွေးကင်းစ ကလေးငယ်ကို အသက်ရှင်လျက်တွေ့ရှိ

ဒေလီ၊ စက်တင်ဘာ-၁၉-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ်မှာ အရှင်လတ်လတ် မြေမြုပ်ခံထားရတဲ့ ရက် ၂၀ အရွယ် ကလေးငယ်ကို တွေ့ရှိခဲ့ပြီးနောက် အသက်ရှင်ရေး ကုသမှုတွေ ပေးနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဆိတ်တွေကို ကျက်စားရာနေရာကို ရောက်ရှိနေတဲ့ ဆိတ်ကျောင်းသားတယောက် ယူဆောင်သွားသော မြေကြီးအောက်ကနေ ငိုသံကြားရပြီးနောက် မွေးကင်းစမိန်းကလေးငယ်ကို တွေ့ရှိခဲ့တာပါ။ သူ အနားကို ရောက်သွားတော့ ရွှံ့ထဲက လက်တဖက်ကိုတွေ့ရှိခဲ့ပြီး ရွာသားတွေကို အကြောင်းကြားပြီးနောက်မှာ ကလေးငယ်ကို ကယ်တင်ဖို့ ရဲတွေကို ခေါ်ခဲ့ပါတယ်။ ရာဇ၀တ်မှုအတွက် ဘယ်သူဘယ်ဝါလို့ သံသယရှိသူကို ရဲတွေက မပြောပေမယ့် မိန်းကလေးငယ်တွေဆိုရင် စွန့်ပစ်မှုနဲ့ သတ်ပစ်ဖို့ ကြိုးပမ်းမှုတွေနဲ့ အလားတူဖြစ်ရပ်မျိုးတွေဟာ အိန္ဒိယရဲ့ ကျားမ အချိုးမညီခြင်း အကြောင်းရင်းလို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားတဲ့ သားယောက်ကျားလေးတွေကို ဦးစားပေးတဲ့အပေါ် အပြစ်တင်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံရဲ့…

Read More

ဖားကန့်မှာ စစ်ရေးပိုတင်းမာလာနေပြီး ဒရုန်းဗုံးကျလို့ နှစ်ယောက်သေပြန်

စက်တင်ဘာ ၁၉၊၂၀၂၅ CC (VOM) ကချင်ပြည်နယ် ၊ဖားကန့်ဒေသ၊ မရှိကထောင်အုပ်စု ၊ ထုံးဘိုရွာမှာ ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး နှစ်ယောက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနက် ၉ နာရီခွဲလောက်မှာ ဒရုန်းဗုံးကျပြီး အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်သေတယ်။ဗုံးသုံးလုံးကျတယ်။အိမ်တွေလည်းပျက်စီးတယ်သိရတယ်။စစ်တပ်သိမ်းထားတဲ့ဆန်းကြွယ်ဘက်မှာလည်း မီးတွေလောင်နေတာတွေ့ရတယ်။” လို့ ဒေသခံကပြောပါတယ်။ ဒရုန်းဗုံးက နေအိမ်ပေါ်ကို တည့်တည့်ကျရောက်ခဲ့တာကြောင့် အဆိုပါအမျိုးသား နဲ့အမျိုးသမီးဖြစ်သူတို့ဟာ နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲဲကြရတယ်လို့သိရပါတယ်။ လက်ရှိ ဖားကန့်ဒေသမှာ စစ်တပ်မှာ အင်အားတိုးမြှင့်ချထားပြီး ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးတာတွေလုပ်နေပြီး တိုက်ပွဲကလည်းပြင်းထန်လာနေကာ လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှု ၊ဒရုန်းဗုံး ပစ်ခတ်မှုမှုတွေ ဆက်တိုက်ဆိုသလိုရှိနေတယ်လို့သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်ကလည်း ဆိပ်မူကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၉ နှစ်အရွယ်ကလေး သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆိုင်းဂျာဘွမ် ၊ မနရွာ မှာလည်း လက်နက်ကြီးကျရောက်မှုကြောင့်…

Read More

ထိုင်ဝမ်အတွက် ဒေါ်လာသန်း ၄၀၀ တန် စစ်ရေးအကူအညီ ဒေါ်နယ်ထရန့် ငြင်းဆန်

ဝါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ထိုင်ဝမ်ကိုပေးမယ့် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ ဖိုးအစီအစဉ်ကို မကြာသေးမီက ငြင်းဆန်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားဖော်ပြလာပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ သမ္မတနှစ်ယောက်ရဲ့ အလားအလာရှိတဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တရုတ်ရဲ့ စစ်ရေးဖိအားတွေ ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲမှုလို့ အကဲခတ်တွေက ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီအစဉ်အစဉ်ကို အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ဝါရှင်တန်ပို့စ်ကို ပြောပါတယ်။ အသက် ၇၉ နှစ်ရှိ ရီပတ်ဘလီကန်သမ္မတ ထရန့် အိမ်ဖြူတော် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ဒုတိယအကြိမ်မြောက် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုကို သောကြာနေ့မှာ ပြုလုပ်မှာပါ။ ကုန်သွယ်ရေးကိစ္စတွေအပြင် တစ်တော့ အက်ပလီကေးရှင်းဆိုင်ရာ သဘောတူညီချက်ကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ အမေရိကန်သည်…

Read More

နောင်ချို တိမ်ပင်လယ်စခန်း သီတင်းကျွတ် လပြည့်နေ့မှာ ပြန်ဖွင့်မယ်

စက်တင်ဘာ ၁၉ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးရွာမှာရှိတဲ့ နောင်ချို တိမ်ပင်လယ်စခန်း တချို့ကို လာမယ့် အောက်တိုဘာလ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့) မှာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ တိမ်ပင်လယ်ကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ Cloudy Villa ပိုင်ရှင်လည်းဖြစ်တဲ့ ဦးပြည့်စုံအောင်က ပြောပါတယ်။ နောင်ချို တိမ်ပင်လယ်စခန်း များစွာ ရှိတဲ့အထဲက အခု ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့မှာတော့ Cloudy Villa , Win Villa နဲ့ တောင်ပေါ်စခန်း စတဲ့ စခန်း သုံးခုကို ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဦးပြည့်စုံအောင်က ပြောပါတယ်။ “ဒီနှစ်ကတော့ ကျွန်တော်သိသလောက် ဆိုရင်တော့ စခန်းသုံးခုပဲ ဖွင့်နိုင်ဦးမယ်။ ပုံမှန်အတိုင်း ဆိုရင်တော့…

Read More

ရွှေကူမြို့နယ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့ရဲ့ လေ့ကျင်ရေးကွင်း လေကြောင်းတိုက်ခိုက်ခံရလို့ အများအပြား သေဆုံး

စက်တင်ဘာလ ၁၉၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်က KIA ပူးပေါင်း တပ်ဖွဲ့ရဲ့ လေ့ကျင်ရေးကွင်း တခုကို စက်တင်ဘာ ၁၇ ရက်နေ့ည ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်းဗုံးကြဲ ခံရလို့ အများအပြား ထိခိုက်၊ သေဆုံးသွားကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေက လေ့ကျင့်ရေးကွင်းမှာ ဖြစ်သွားတာပါ။ စက်တင်ဘာ ၁၇ ရက်နေ့ညက” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ သေဆုံးသူ ၁၇ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ပြင်းထန်သူ ၁၉ ယောက် ရှိကာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူတွေလည်း ၂၀ ကျော်ရှိတယ်လို့ သိရတယ်လို့ ဆိုပါတယ်။…

Read More

သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ အဖေကို ထောင်ဒဏ်နှစ် ၄၀ ချမှတ်

စက်တင်ဘာ ၁၉ ၊၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက်တယ်လို့သိရပါတယ်။ သမီးဖြစ်သူကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေဖြစ်သူ ကျော်သက်ဆိုသူကို ဖမ်းဆီးပြီးနှစ်လကျော်အကြာမှာ တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁)အရ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ပုဒ်မ ၃၇၆ နဲ့ကိုပဲ ပြစ်ဒဏ်ကို နှစ်ခါအမိန့်ချလိုက်တာ ။ကိုယ့်သားသမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့လို့ ပုဒ်မတခုတည်းကိုပဲ ပြစ်ဒဏ်နှစ်ခါချလိုက်တာလို့သိရတယ်။ဒါမျိုးက ချသင့်တယ်။သေဒဏ်တောင်ချသင့်တယ်။ကိုယ့်သားသမီးကို ဘဝပျက်အောင်လုပ်တာ အဖေလို့မခေါ်ထိုက်ဘူး။လွတ်ငြိမ်းတွေလည်းမပါသင့်ဘူး။ “လို့ လုံခြုံရေးအဖွဲ့ နဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ အဖေဖြစ်သူ ကျော်သက်ဆိုသူကို ဇူလိုင် ၁၂ ရက်မှာ အမှုဖွင့်တိုင်ကြားပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီး နှစ်လအကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စဥ်ကတော့ ဇူလိုင်…

Read More

သူတို့အိမ် အခန်း – ၉

  ဆူးငှက်   ပုဂံမင်း၏ ကုသိုလ်တော် ———————– မဟာလောကရံသီ အိမ်တော်ရာစေတီတော်ကို ပုဂံမင်းက ကောဇာသက္ကရာဇ် ၁၂၀၉ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ပန္နက်တော်မင်္ဂလာ ဆင်ယင်ပြီး နတ်တော်လဆန်း ၁၁ ရက်တွင် အုတ်မြစ်ချကာ နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့တွင် ဌာပနာတော်များသွင်း ဗုဒ္ဓါဘိသေကမင်္ဂလာ ဆင်ယင်ပြီး သက္ကရာဇ် ၁၂၁၀ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်နေ့တွင် ရွှေထီးတော်ကြီး တင်လှူပူဇော်ခဲ့သည်။   ပုဂံမင်းတင်လှူခဲ့သော ရွှေထီးတော်ကြီးမှာ အရပ် ၉ တောင် ၁မိုက်၊ ထီး၀ ၄တောင်ရှိသည့် ဘုံ ၇ဆင့် ထီးတော်ကြီးဖြစ်သည်။ ထိုသို့ တည်ထား ကိုးကွယ်တော်မူပြီးနောက် စေတီ့ဒကာ ပုဂံမင်း အရာကျခြင်း၊ ညီတော် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့က မန္တလေးရတနာပုံ နေပြည်တော် တည်တော်မူခြင်း၊ မင်းတုန်းမင်း၏…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၇)

ဆူးငှက် ကျွန်တော်က “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ပြီး မန္တလေးမြို့၏ ဘုရားပွဲတိုင်းတွင် (ထိုစဉ်က) မပါမဖြစ် ပါခဲ့သော “စည်တော်ကြီးအဖွဲ့” များကို တန်ဖိုးထားရကောင်းမှန်း သိလာသည်။ ဘုရားပွဲ၏ အကြိုနေ့ညတိုင်းတွင် ပါဝင်သော စည်တော် ကြီးအဖွဲ့ရှေ့ရှိ လူကျဲကျဲပါးပါးကြားတွင် ဝင်ထိုင်ရင်း စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်းများကို စိတ်ဝင်စားလာ၏ “ကုန်းဘောင်ပလ္လင့်၊ ဘုန်းရောင်တင့်တဲ့ ပြဘင့်နရိန်၊ ရေသွန်းနဂါးသွဲ့၊ နေမွန်းမတဲ့တဲ့ ၁၁ကြိမ်၊ သိမ်သရေလျော၊ တစ်ရာဇဝင်၊ အညွှန်းကြည့်လို့ ဖတ်ကြတော့ …၊ ဗမာ(မြန်မာ)ဘုရင် တစ်ကျွန်းထိ အပ်ရသော်လည်း မှတ်တော့နောက်နောင် …၊ ရှေးကလို စကားအသုံး မမှန်သောကြောင့် အများထုံးစံ တစ်နာရီ လိုပါသဖြင့်၊ ဗမာ(မြန်မာ)ပြည်ပဟိုရ် အောင်မြေအရပ်က …၊ အရောင်တွေလျှပ်ခါ အမြန်တစ်နည်းဆောင်ခဲ့သော စံထီးဆောင်သပြေဆိုတဲ့ ဂိုဏ်းရယ်နဲ့၊ ရန်ကြီးအောင် ရေညိုဝိုင်းပါသတဲ့၊ ရွှေဘိုသမိုင်းခေါင်မဟီနဲ့ နီးတဲ့အောင် ……

Read More

တရုတ်မှာ မိုးပျံကားနှစ်စင်း လေ့ကျင့်ပျံသန်းစဉ် လေထဲမှာတိုက်မိ

ပေကျင်း၊ စက်တင်ဘာ-၁၈-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံမှာ ကျင်းပမယ့်နည်းပညာပြပွဲအတွက် ကြိုတင်လေ့ကျင့်ချိန်မှာ မိုးပျံကားနှစ်စင်း လေထဲမှာ တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Xpeng AeroHT ရဲ့ ယာဉ်နှစ်စီးဟာ လေထဲမှာ တိုက်မိပြီး တစီးဟာဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ရုပ်သံမှတ်တမ်းတွေမှာတော့ မီးသတ်ကားတွေ ဝန်းရံထားတဲ့နေရာမှာ ယာဉ်တစီး မီးလောင်နေတာကို တွေ့ရပါတယ်။ ဖြစ်စဉ်နေရာရှိ လူအားလုံး ဘေးကင်းကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပေမယ့် လူတယောက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်ကို ကိုးကားပြီး CNN သတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပမယ့် ချန်ချွှန်လေကြောင်းပြပွဲအတွက် ကုမ္ပဏီက အစမ်းလေ့ကျင့်နေတာဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး အဲဒီမိုးပျံကားတွေဟာ ဒေါင်လိုက် ပျံတက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်ကာ ကားတစီးကို အမေရိကန်ဒေါ်လာ သုံးသိန်းနဲ့ ရောင်းချဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။ ဒီကားတွေအတွက် အမှာစာ…

Read More
VOM News

FREE
VIEW