ဂါဇာစီးတီး၊ စက်တင်ဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့တော်ကို မြေပြင်စစ်ဆင်ရေး ဒုတိယမြောက်နေ့အဖြစ် အဓိက လူနေရပ်ကွက်ကြီးတခုထဲကို ဒါဇင်နဲ့ချီတဲ့ တင့်ကားတွေ၊ စစ်သုံးယာဉ်တွေနဲ့ ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာမြို့တော်မြောက်ပိုင်း ရပ်ကွက်တင့်ကားတွေ၊ ဘူဒိုဇာတွေနဲ့ သံချပ်ကာကားတွေ ရွေ့လျားနေပုံကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အစ္စရေးစစ်တပ်က ဒီလိုဝင်ရောက်မှုအတွင် အမြောက်ကျည်တွေ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ရှိတ်ခ်ရက်ဒ်ဝမ် ရပ်ကွက်ဟာ ဂါဇာစစ်ပွဲမဖြစ်ခင်က လူပေါင်း သောင်းချီနေထိုင်ခဲ့ပြီး မြို့ရဲ့ လူဦးရေအထူထပ်ဆုံး နေရာများထဲမှ တခုဖြစ်ပါတယ်။ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓါးစားခံတွေကို ကယ်ထုတ်ဖို့ နဲ့ ဟားမတ်စ် ၃၀၀၀ လောက်ခြေမှုန်းဖို့ ဒီစစ်ဆင်ရေလုပ်ဆောင်တာလို့ အစ္စရေးက ပြောပါတယ်။ ဂါဇာမြို့တော်ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံခြေကုပ်ရာနေရာလို့ အစ္စရေးက ဆိုပေမယ့် ဒီလို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်တဲ့ အပေါ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားပါတယ်။ Save the Children…
Read MoreMonth: September 2025
Dj Violet တောင်းပန်မှုကိုလက်ခံပြီး ကိုယ်စားခွင့်လွတ်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအပါအဝင် ဆရာတော်ငါးပါး ဝန်ခံကတိလက်မှတ်ထိုးရမယ်
စက်တင်ဘာ ၁၈ ၊၂၀၂၅ GG (VOM) ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမ္မတေးသီးချင်းကို ကလပ်မှာ တီးခတ်ကပြဖျော်ဖြေခဲ့တဲ့ Dj Violet ရဲ့ မှားကြောင်း ခံဝန်ထိုးတောင်းပန်မှုကို လက်ခံခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပါ ဆရာတော်ငါးပါးအနေနဲ့ ခံဝန်ကတိပြုလက်မှတ်ရေးထိုးရမယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ မခင်ထွေးထွေးမွန်(ခ)Dj Violet က ဝန်ချတောင်းပန်တာကို မြို့နယ်အဆင့်ရှိ သံဃနာယက အဖွဲ့က နိုင်ငံတဝန်း ရဟန်းရှင်လူ ပြည်သူတို့ရဲ့ ကိုယ်စား ခွင့်လွတ်ကြောင်းလက်မှတ်ရေးထိုးခြင်းက လျော်ကန် သင့်မြတ်မှု မရှိကြောင်း၊ သံဃာအဖွဲ့ အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း သံဃာ့နာယကလက်စွဲတို့နဲ့လည်း ညီညွတ်မှု မရှိကြောင်း၊ နောင်မှာလည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်ဒဏ်လွတ်မြောက်စေ ရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူ အသုံးချလာနိုင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ် လာနိုင်တဲ့အတွက် ဗုဒ္ဓဘာသာကိုစော်ကားတဲ့ ဖြစ်စဉ်ကိစ္စရပ်ကို လက်ခံခွင့်လွတ်ပေးခြင်းမျိုး မရှိစေရေး ညွှန်ကြားချက်ထုတ်ပြန်ပေးဖို့…
Read Moreဖားကန့် ဆိုင်းတောင်ထိ စစ်ရေးတင်းမာနေပြီး ကြိုတင်ရှောင်ရှားဖို့ သတိပေးမှုတွေရှိ
စက်တင်ဘာ ၁၈ – ၂၀၂၅ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ထပ်မံ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အခြေအနေအရ တိုက်ပွဲ နီးကပ်လာပြီ ဖြစ်တာကြောင့် ဆိုင်းတောင် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ နေရာတွေကို ကြိုတင် ရှောင်ရှားနိုင်ဖို့အတွက် အရေးကြီး ပစ္စည်းတွေကို ထုပ်ပိုး အသင့်ပြင်ထားဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက် သတိပေးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ “ဆိုင်းတောင်က တိုက်ပွဲ တဖြည်းဖြည်း နီးကပ်လာပြီ။ နလအက သူတို့ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရွေးကောက်ပွဲ မတိုင်မီ အရယူဖို့ ပြင်ဆင်နေပုံရတယ်။ ဒီအချိန်မှာ လေကြောင်း အန္တရာယ်ကိုလည်း ပိုသတိထားရမယ်။ ဒေသခံတွေ အားလုံး သတိရှိကြဖို့လိုတယ်” လို့…
Read Moreဗြိတိန်ရောက်နေတဲ့ ဒေါ်နယ်ထရန့်ကို ဆန္ဒပြမှုတွေ ဖြစ်ပွား
လန်ဒန်၊ စက်တင်ဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဗြိတိန်ကိုသွားရောက်တဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်မှာ လူထောင်ချီပြီး ပါလီမန်ရင်ပြင်မှာ လူထောင်ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လန်ဒန်မြို့လယ်ရှိ Portland Place မှ Whitehall သို့ ၏ Stop Trump Coalition အဖွဲ့ကချီတက် ဆန္ဒပြခဲ့ကြပြီး ဒီအဖွဲ့မှာတော့ သမဂ္ဂနဲ့ အဖွဲ့အစည်း ၅၀ ကျော် ပါဝင်ပါတယ်။ ဆန္ဒပြသူအချို့က “လူမျိုးရေးခွဲခြားမှု မပြုရန်” “ထရန့်အလိုမရှိ ” “အစ္စရေးသို့ လက်နက်တပ်ဆင်မှု ရပ်တန့်ရန်” အစရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်က ထရန့်ရဲ့ ဗြိတိန် ပထမဆုံး နိုင်ငံတော်ခရီးစဉ်မှာလည်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါသေးတယ်။ လက်ရှိဆန္ဒပြပွဲမှာ လူ ၅၀၀၀ လောက်ပါမယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ခန့်မှန်းပြီး ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ကို ဖြန့်ကြက်ထားပါတယ်။…
Read Moreဂျပန်အနောက်တောင်ပိုင်း ကျွန်းတစ်ကျွန်းမှာ ငလျင် ၃၄ ကြိမ်ထိ လှုပ်ခတ်
တိုကျိ၊ စက်တင်ဘာ-၁၈-၂၀၂၅ ရတီ(VOM) ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျွန်းတကျွန်းမှာ ပြီးခဲ့တဲ့နေ့ ညပိုင်းက ဂျပန်ငလျင် တိုင်းတာရေးစကေး ၇ ခုအနက် အဆင့် ၅ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၄ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်မှစတင်ပြီး ကာဂိုရှီးမား စီရင်စုရှိ ဆူဝါနိုဆီဂျီးမား ကျွန်းတဝိုက်မှာ ငလျင်လှုပ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ပြောပါတယ်။ ည ၉ နာရီ ၅၅ နာရီခန့်မှာ အဲဒီကျွန်းမှာ အဆင့် ၅ အောက်ဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး အကူဆီကီဂျီးမား ကျွန်းမှာ အဆင့် ၃ ငလျင်လှုပ်ခတ်ခဲ့ပေမယ့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခြင်းမရှိဘူးလို့ မိုးလေဝသ ဌာနက ဆိုပါတယ်။ ငလျင်ဟာ ရစ်ချ်တာစကေး ၄.၇ ခန့်မှန်းရပြီး ငလျင်ဗဟိုချက်ကတော့ ၁…
Read Moreမိတ္တီလာမှာ အွန်လိုင်းဂိမ်း အကြွေးကြောင့် လူသတ်၊ ငွေယူတဲ့ တရားခံတွေကို ဖမ်းမိ
စက်တင်ဘာ ၁၈ – ၂၀၂၅ SN (VOM) မန္တလေးတိုင်း၊ မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှ တရားခံနှစ်ယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ စက်တင်ဘာ ၁၇ ရက်၊ မနက် ၈ နာရီဝန်းကျင်က မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ ၎င်းတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီး ရမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီ လူသတ်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်က မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်း တခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို မြို့ရဲ့ နန်းတော်ကုန်းရပ်ကွက် နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်း အနီးမှာ ပြစ်မှု ကျူးလွန်သူတွေက သွားရောက် စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့၊…
Read Moreဆူးလေ မြို့တော်ခန်းမအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်
စက်တင်ဘာ ၁၆ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က အထင်ကရနေရာတခုဖြစ်တဲ့ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမရှေ့က လုံခြုံရေးအတွက် ကာရံထားတဲ့ ဘယ်ရီဂိတ်တခုကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မတွေ့ရှိရဘူးလို့ သိရပါတယ်။ “မြို့တော်ခန်းမ အပြင်ဘက်မှာ ကာရံထားတဲ့ ဘယ်ရီဂိတ်အောက်ကနေ ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ ဗုံးပေါက်တဲ့အချိန်က မနက်ပိုင်း လူသွားလူလာနည်းတဲ့ အချိန်မို့ လူထိခိုက်တာတော့ မတွေ့ခဲ့ရဘူး။ ပေါက်ကွဲမှုလည်း ဖြစ်ပြီးရော မြို့တော်ခန်းမကနေ စစ်သားတွေ အပြင်ထွက်လာတယ်။…
Read Moreမန္တလေးမြို့ပေါ်က ကျောက်ဆစ်လုပ်ငန်းတွေ နာလန်မထူနိုင်သေး
မန္တလေး၊စက်တင်ဘာ ၁၇ – ၂ဝ၂၅ KKO(VOM) ငလျင်ကြီးရဲ့ရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရတဲ့အထဲမှာမန္တလေးမြို့ပေါ်ကနိဗ္ဗာန်ကုန်လုပ်ငန်းတခုဖြစ်တဲ့ကျောက်ဆစ်လုပ်ငန်းတွေလည်းပါဝင်ခဲ့ပါတယ်။ အဲလုပ်ငန်းတွေဟာငလျင်ကြီးပြီးနောက်ယနေ့ကာလအထိနလန်မထူနိုင်သေးဘဲခက်ခက်ခဲခဲရုန်းကန်နေရဆဲဖြစ်တယ်လို့မန္တလေးမြို့က ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ “အရောင်းအဝယ်ကအရင်ထက်စာရင်အေးပါတယ်။ဘယ်လိုပြောမလဲအားလုံးကတော့ကိုယ့်နည်းကိုယ့်ဟန်နဲ့အဆင်ပြေအောင်ပဲနေနေကြရတာပါ။နောက်တခုကကျွန်တော်တို့ ကျောက်ဆစ်လုပ်ငန်းရဲ့ထုံးစံအရဝါတွင်းကာလဆိုအရောင်းအဝယ်ပါးကြပါတယ်”လို့ မန္တလေးမြို့ပေါ်ကကျောက်ဆစ်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။ ဒါအပြင်ကျောက်ဆစ်လုပ်ငန်းနဲ့ပတ်သက်လို့လက်ရှိကာလမှာကုန် ကြမ်းပစ္စည်းတွေရှားပါးတာနဲ့ကြို တင်အော်ဒါမှာယူမှုတွေနည်းပါးတာကိုလည်းကျောက်ဆစ်လုပ်ငန်းရှင်တွေအနေနဲ့ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ “အခုကာလမှာကုန်ကြမ်းရဖို့ကမ လွယ်ဘူးပေါ့။ဒါပေမယ့်ရအောင်တော့သယ်နေကြတယ်။ကုန်ကျ စရိတ်များတယ်။ဖောက်သည်ပေးနေတဲ့သူတွေကတော့လုပ်ငန်းအမြဲရှိနေတယ်။ကျွန်တော်တို့ကျအဲလောက်မရှိဘူးပေါ့။ငလျင်နောက် ဆက်တွဲအနေနဲ့ရုန်းကန်နေရတာပါဘဲ။ပုံမှန်ကိုယ့်စုဆောင်းထားတာလေးနဲ့ကိုယ်လုပ်ကိုင်နေရပါတယ်” လို့သူက VOM ကိုဆက်ပြီးပြောပြပါတယ်။ ကျောက်ဆစ်လုပ်ငန်းကထွက်ရှိလာတဲ့ထုတ်ကုန်တွေဟာလက်ရှိမှာဝယ်လက်ရှားပါးနေပြီးအခုလာမယ့်သီတင်းကျွတ်ရာသီကာလမှာလုပ်ငန်းတွေပြန်လည်ကောင်းမွန်ဖို့ကိုလည်းမျှော်လင့်ထားတယ်လို့ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ “အရောင်းအဝယ်ပါးသွားတဲ့အပေါ်မှာအခက်အခဲကအနည်းအများရှိမှာပဲလေ။အဝယ်အများဆုံးကနယ် ဘက်သူတွေပါဘဲ။တောင်သူလယ် သမားတွေများတယ်။ဒီအချိန်လယ် ယာလုပ်ငန်းတွေလုပ်ကိုင်ကြရတော့အဝယ်ပါးတယ်။ဝါတွင်းကာလမှာမအားကြတော့ဒီဘက်သိပ်မလာကြဘူးပေါ့။မန္တလေးမြို့ပေါ်ကလာဝယ်တဲ့သူနည်းသွားတယ်။နယ်ကလူတ ချို့တဝက်ကတော့လာဝယ်ကြသေးတယ်” လို့ ကျောက်ဆစ်လုပ်ငန်းရှင်တယောက်က ထပ်လောင်းပြောပြပါတယ်။ အဲဒါအပြင် မန္တလေးမြို့ပေါ်ကကျောက်ဆစ်လုပ်ငန်းတွေကနေထွက်ရှိတဲ့ကုန်ချောတွေကို ပြည်တွင်းသာမကအမှာရှိပါကပြည်ပနိုင်ငံတွေအထိပါတင်ပို့ရောင်းချနေတယ်လို့ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ “တနိုင်ငံလုံးကိုဖြန့်တယ်။နောက်ပြည်တွင်းမှာအကုန်ဖြန့်တယ်။နောက်တခါပြည်ပကိုလည်းတင်ပို့တယ်။သူ့ဈေးကွက်ကပြည်တွင်းရောပြည်ပတင်ပို့မှုရောရှိတယ်။ဥမာ_- တရုတ်၊ဩစတြေးလျ၊ထိုင်းတော်တော်များများစုံပါတယ်။တင်ပို့ရပါတယ်။အခုကျောက်ဆစ်လုပ်ငန်းဈေးကွက်အနေအထားစဏကဝါဝင်သွားပြီးနောက်ပိုင်းကိုအရောင်းအဝယ်တွေကအေးသွားတယ်။ဒီကြားထဲလည်းအရောင်း ညာဝယ်ဖြစ်တာသိပ်မရှိဘူး”လို့ ကျောက်ဆစ်လုပ်ငန်းရှင်တယောက်က ထပ်လောင်းပြောပြပါတယ်။ မန္တလေးမြို့ပေါ်ကကျောက်ဆစ်လုပ်ငန်းတွေဟာဧရာဝတီမြစ်တဖက်ကမ်း၊မတ္တရာမြို့နယ်အတွင်းကကုန်ကြမ်းတွေကိုသယ်ယူပြီးမြန်မာ့မှုလုပ်ငန်းအဖြစ်နိဗ္ဗာန်ကုန်လုပ်ငန်းအနေနဲ့ဘုရားဆင်းတုတော်တွေကိုကုန်ချောအဖြစ်ပြန်လည်ထုဆစ်လုပ်ကိုင်ကြရပါတယ်။ ဒါအပြင် ကျောက်ဆစ်လုပ်ငန်းဟာ မန္တလေးဒေသရဲ့နာမည်ကျော်ဒေသထွက်ကုန်ရိုးရာလုပ်ငန်းတခုလည်းဖြစ်ပါတယ်။ ကျောက်ဆစ်လုပ်ငန်းအတွက်အဓိကကုန်ကြမ်းတွေဟာ မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းကသာထွက်ရှိပြီး အဓီဒေသမှာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေ အပါအဝင် နယ်မြေဒေသအခြေအနေတွေကြောင့် ကုန်ကြမ်းရှားပါးခြင်းတွေကိုမန္တလေးမြို့ခံကျောက်ဆစ်လုပ်ငန်းရှင်တွေကကြုံ တွေ့နေကြရတာဖြစ်ပါတယ်။ ဒေသတွင်းသတင်းတွေအရ မန္တလေးတိုင်း၊မတ္တရာ၊စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေရဲ့ နေရာအချို့ကို ဒေသခံ PDF…
Read Moreသိန္နီဈေး ပြောင်းရွှေ့ခံရပြီးနောက် သိန္နီမြို့နယ်က နမ့်စလပ် ဈေးလည်း ထပ်မံ ပြောင်းရွှေ့ခံရ
စက်တင်ဘာ ၁၇၊ ၂၀၂၅ Shy V (VOM) သိန္နီဈေး ပြောင်းရွှေ့ခံရပြီးနောက် သိန္နီမြို့နယ်က နမ့်စလပ် ဈေးလည်း စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ကစ ထပ်မံ ပြောင်းရွှေ့ခံရကြောင်း ဒေသခံတွဆီကဘသိရပါတယ်။ “ဒီမနက်ကစ နမ့်စလပ် ဈေးထဲ MNDAA တပ်ဖွဲ့က မရောင်းခိုင်းတော့ဘူး။ ကျနော်တို့ ဈေးအစား ၅၆၇ တပ် သွားတဲ့ လမ်းဘက် ဈေး အသစ်ဆောက်ထားတယ်။ သိန္နီဈေးလည်းအဲလိုပဲလေ။ ဈေးကို နမ့်စလပ် သွားတဲ့လမ်း မြို့ပြင်ဘက် ရွှေ့လိုက်ပြီးတော့ ဈေးမှာကျတာ့ ကိုယ်ပိုင်ဆးရုံ ဆောက်ဖို့ လုပ်နေတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒီနေ့မနက်က ကွတ်ခိုင်နဲ့ သိန္နီဘက်က ကုန်စိမ်း လာေရာင်းတဲ့သူတွေကို နဂို ဈေးမှာ ရောင်းချခွင့်မပြုတော့တာေကြာင့် ပြန်လှည့်သွားလည်း အဆင်မပြ၊ ရောင်းချဖို့လည်း နေရာ မရှိတာကြောင့်…
Read Moreဂါဇာမြို့တော်ကို သိမ်းပိုက်ဖို့ အစ္စရေးရဲ့ မြေပြင်ထိုးစစ် စတင်
ဂါဇာစီးတီး၊ စက်တင်ဘာ- ၁၇ -၂၀၂၅ ရတီ (VOM) အစ္စရေးစစတပ်ဟာ ဂါဇာမြို့တော်ကို သိမ်းပိုက်ဖို့ မြေပြင်ထိုးစစ် စတင်နေပြီလို့ ထုတ်ပြန်ကြောညာလိုက်ပါတယ်။ မြို့အတွင်းကို မြေပြင်စစ်ဆင်မှုတွေ ချဲ့ထွင်စတင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒါဟာ ဟားမတ်စ်ရဲ့ နောက်ဆုံး ခြေကုက်လို့ ပြောပါတယ်။ ဂါဇာမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ အမေရိကန်ဟာ စ်ဆင်ရေးကို ထောက်ခံပေမယ့် အမြန်အဆုံးသတ်ဖို့ လိုလားတယ်လို့ ပြောပါတယ်။ ဂါဇာမြို့တော်တဝိုက် အပြင်းထန်ဆုံး တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေပြီး အင်္ဂါနေ့မနက်မှစလို့ ဂါဇာကမ်းမြှောင်တခုလုံးမှာ ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ လူဦးရေ တသန်းနီးပါးနေထိုင်တဲ့ ဂါဇာမြို့တော်မှ လူဦးရေ သံုးသိန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ ပြီး အစ္စရေးက မြို့သူမြို့သားအားလုံးအား မြို့တော်မှ ထွက်ခွာဖို့ တိုက်တွန်းထားပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက…
Read More