လသာမှာ အထပ်မြင့်တိုက်ပေါ်ကနေ လူတယောက်ပြုတ်ကျလို့ ဆေးရုံပို့ထားရ

စက်တင်ဘာ ၁၇ – ၂ဝ၂၅ KKO(VOM) ဒီနေ့နံနက်‌အစောကြီးပိုင်းအချိန်က ရန်ကုန်မြို့၊လသာမြို့နယ်၊(၈)ရပ် ကွက်အတွင်းရှိအထပ်မြင့်တိုက်တခုပေါ်ကနေလူတယောက်‌အောက်သို့ပြုတ်ကျခဲ့သော်လည်းကံကောင်းထောက်မစွာနဲ့အမိုးပေါ်တင်နေခဲ့လို့အသက်ဘေးကကံသီပြီးလွတ် မြောက်ခဲ့ပါတယ်။ ဖြစ်စဉ်က ယနေ့(စက်တင်ဘာ ၁၇ ရက်)နံနက် ၁ နာရီ ၅၈ မိနစ်အချိန်ခန့်ကလသာမြို့နယ်၊(၈)ရပ်ကွက်၊မဟာဗန္ဓုလလမ်းနဲ့ရွှေတိဂုံဘုရားလမ်းထောင့်ရှိအထပ်မြင့်တိုက်ပေါ်ကနေ လူတယောက်ပြုတ်ကျခဲ့ရာ အောက်ရှိဂမုန်းပွင့်အမိုးပေါ်သို့တင်နေခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ “ပြုတ်ကျတာလား၊ခုန်ချတာလားတော့‌သေချာမသိရဘူး။သူအောက်ရောက်မှသာကျွန်တော်တို့အဖွဲ့တွေ့ရတယ်။မနက်၂ နာရီလောက်ကြီးကဖြစ်တယ်။အခုဆေးရုံပို့ပေးထားပါတယ်”လို့ လူမှု‌ကူညီရေးသမား‌တယောက်က VOM ကို ပြောပါတယ်။ အထပ်မြင့်တိုက်ပေါ်ကနေပြုတ်ကျခဲ့သူဟာအမျိုးသားတယောက်ဖြစ်ပြီးဘယ်လိုအကြောင်းကြောင့်အခုလိုဖြစ်ရတယ်ဆိုတာ‌တော့မသိရ သေးပါဘူး။မီးသတ်တပ်ဖွဲ့ကတော့သူ့မှာမစိုးရိမ်ရဒဏ်ရာသာရရှိခဲ့တယ်လို့ပြောပါတယ်။ “မနေ့က ၅၂ လမ်းဖြစ်စဉ်တခုဖြစ်ခဲ့တယ်။အဲဒီ ၅၂ လမ်းကလူနာပို့ပြီး ဆေးရုံကြီးပြန်ဖို့အလုပ်မှာ မနက် ၂ နာရီလောက်ကြီးလူနာတယောက်ဆေးရုံကိုရောက်လာတာတွေ့ရတယ်။တိုက်ပေါ်ကပြုတ်ကျတယ်လို့ပြောတယ်။အခုသတင်းမှာပါတဲ့လူနာဖြစ်ဖို့များပါတယ်”လို့လူမှု‌ကူညီရေးသမား‌တယောက်ကဆက်ပြီး ပြောပြခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ကတော့အထပ်မြင့်တိုက်ပေါ်ကနေပြုတ်ကျပြီးအမိုးပေါ်တင်နေခဲ့တဲ့လူနာကိုခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရပြီးလသာမြို့နယ် (၂)ရပ်ကွက်၊(၁၇)လမ်း(အထက်)၊ ပရဟိတအသင်းကသူနာတင်ယာဉ်နဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုအမျိုးသားပြုတ်ကျခဲ့တဲ့ အထပ်မြင့်တိုက်အပေါ်ဆုံးထပ်မှာကာရာအိုကေခန်းတွေနဲ့အခြားသောဖျော်ဖြေရေးလုပ်ငန်းတွေလည်းရှိနေတယ်လို့အခင်းဖြစ်ရာအနီးရှိ လသာမြို့အတွင်းမှာနေထိုင်ကြတဲ့သူတွေကပြောပါတယ်။ ဒါအပြင်ယခုဖြစ်စဉ်အပေါ် လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook ပေါ်မှာလည်းဝေဖန်မှတ်ချက်ပြုသူတွေလည်းများစွာရှိနေပါတယ်။ “ပြုတ်ကျတာလား၊ခုန်ချတာလားမသိဘူးပေါ့။ကျန်တဲ့ကိစ္စတွေစုံစမ်းစစ်ဆေးတာတွေကတော့ရဲဘက်ကပဲဆက်လုပ်သွားမှာပါ”လို့ လူမှု‌ကူညီရေးသမား‌တယောက်က ထပ် လောင်း ပြောပြခဲ့ပါတယ်။ Photo – MFSD

Read More

၅ ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၂ဝဝ ကျော်ကိုထိုင်းရဲဖမ်းဆီး

စက်တင်ဘာ ၁၇ – ၂ဝ၂၅ KKO(VOM) ယခုရက်သတ္တပတ် ၅ ရက်အတွင်းမှာထိုင်းနိုင်ငံဘက်ကိုတရားမဝင် လမ်းကြောင်းကနေဝင်ရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၂ဝဝ ကျော်ဟာထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြန်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိုကူညီဆောင်ရွက်သူတွေကပြောပါတယ်။ အခုစက်တင်ဘာလအတွင်းမှာပင်ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်အတွင်းသို့တရားမဝင်သွားရောက်ခဲ့တဲ့မြန်မာနိုင်ငံသားရာနဲ့ချီဟာထိုင်းရဲတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ “ဟိုတရက်ကလည်းမြဝတီဘက်ကနေတရားမဝင်တက်လာတဲ့ ကျွန်တော်တို့အမျိုး ၂၄ ယောက်ထိုင်းဘက်မှာဖမ်းဆီးခံလိုက်ရတယ်။သူတို့ကမြဝတီမြို့နယ်ကနေသောင်ရင်းမြစ်ကိုဖြတ်ပြီးတက်လာတာကံတရားပေါ့၊ကိုယ့်နိုင်ငံမှာအဆင်မ‌ပြေမှုတွေနဲ့ဆိုတော့အဆင် ပြေမယ်ထင်တဲ့နိုင်ငံတွေကိုရရာ လမ်းကြောင်းကနေသွားကြရတာပေါ့”လို့ ထိုင်းရောက်မြန်မာရွှေ့ ပြောင်းလုပ်သားတယောက်က ပြောပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာထိုင်းနိုင်ငံကိုတရားမဝင်လမ်းကြောင်းတွေကနေဝင်ရောက်ဖို့အတွက်ပွဲစားတွေကိုထိုင်းဘတ်ငွေ ၁၅ဝဝဝ ကနေ ၂ဝဝဝဝ လောက်အထိဝန်ဆောင်ခအဖြစ်ပေးဆောင်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။ “ပို့ပေးတဲ့ပွဲစားတွေကိုကပေါင်းစားနေကြတာများတယ်။တမင်အဲ့လိုအစုလိုက်အပြုံလိုက်ဖြစ်အောင်ကိုစုပြီးမှဖြစ်ချင်ရာဖြစ်ထားခဲ့ကြတယ်။ဘာမှတာဝန်ယူမှုမရှိဘူး။သူတို့ကဒီဘက်ကငွေရတယ်။နယ်စပ်မှာပို့ခဲ့တယ်။ ထိုင်းရဲကဖမ်းတယ်ပြန်ပို့တယ်။တမင်လုပ် စားနေကြတာပါ”လို့ မြန်မာရွှေ့ပြောင်းလုပ် သားအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်းပြောပြပါတယ်။ ဒီလိုတရားမဝင်လမ်းကြောင်းကနေထိုင်းဘက်ကို‌သွားရောက်နေကြတဲ့မြန်မာရွှေ့ ပြောင်းလုပ်သားတွေဟာနေ့စဉ်ဆိုသလိုထိုင်းရဲတွေရဲ့အဖမ်း အဆီးကိုခံနေကြရတာဖြစ်ပါတယ်။ ဒေသတွင်းသတင်းတွေအရ အခုစက်တင် ဘာလ ၁၂ ရက်နေ့မှာ ထိုင်းကိုတရားမဝင်လာကြတဲ့ မြန်မာ ၁၁ ယောက်ကန်ချနဘူလီခရိုင်မှာဖမ်းမိခဲ့သလို ဖိစနုလောခရိုင်မှာလည်း တရားမဝင်လမ်းနဲ့ ဝင်လာတဲ့ မြန်မာ ၈ ယောက်ကိုထိုင်းရဲတွေကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းကိုတရားမဝင်လမ်းကနေလာကြတဲ့ မြန်မာ…

Read More

ဗန်းမောက် တိုက်ပွဲအတွင်း ပြည်သူတွေ ပိတ်မိနေ

စက်တင်ဘာ ၁၇ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေကာ စစ်ရှောင်မရဘဲ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ဗန်းမောက်မြို့မှာ အခြေစိုက်တဲ့ နလအတပ် ကာကင်းစခန်းတချို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး တခြားသော လက်နက်ကိုင် တပ်တချို့အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်တချို့လည်း ပူးပေါင်း ပါဝင်နေတယ်လို့ သိရပါတယ်။ “အတိအကျ ပြောရရင် စက်တင်ဘာ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်း ၁ နာရီလောက်စပြီး မြို့ပြင်က ကာကင်းစခန်းတွေကို လက်နက်ကိုင် ပူးပေါင်းတပ်တွေက စတင် တိုက်ခိုက်လာတာပါ။ တိုက်ပွဲက အခုထိ…

Read More

လားရှိုးနဲ့ ဝက်ဝံ – နောင်ချို လမ်းပိုင်း စစ်ဆေးရေး တင်းကြပ်

စက်တင်ဘာ ၁၇၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ ဝက်ဝံ – နောင်ချို လမ်းပိုင်း တွေမှာ လတ်တလောစစ်ဆေးရေး တင်းကြပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုးမှာ ဖမ်းခံရတဲ့ သူတွေ ရှိတယ်ဘို့ ကြားနေတာ။ မာရှယ်လောလိုတောင် ဖြစ်နေတယ်။ လူတိုင်း ကိုယ့်သားသမီးတွေကို ည ၆ နာရီကနေ မနက် ၆ နာရီထိ အပြင် မထွက်ကြဖို့ ပြောနေကြတာ” လို့ လားရှိုး ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လူ အပြင် ဆိုင်ကယ်တွေရော၊ ကားတွေရော၊ ကုန်ပစ္စည်း တွေရော စစ်ဆေးရေး တင်းကြပ်နေတာ ဖြစ်ပြီး လတ်တလော လူကြီး တွေလာလို့ ပို တင်းကြပ်နေတာလို့လည်း ကြားသိရတယ်လို့ သူက ပြောပါတယ်။ “အခုက…

Read More

လားရှိုးမြို့ပေါ်တချို့​နေရာ​တွေမှာ လျှပ်စစ်မီးမရလို့ မြို့ခံတွေအခက်တွေ့

စက်တင်ဘာ ၁၇၊ ၂၀၂၅။ NN(VOM) လားရှိုးမြို့ပေါ်ရပ်ကွက်တချို့မှာ လျှပ်စစ်မီးပုံမှန်မရတော့တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ လားရှိုးမြို့ကို နလအ တပ်ဖွဲ့က လွှဲပြောင်းယူချိန် ဧပြီလတုန်းက မြို့ပေါ်ရပ်ကွက်တွေမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပုံမှန် ရခဲ့ပေမယ့် စက်တင်ဘာလ ဆန်းပိုင်းကစပြီး လျှပ်စစ်မီး ပုံမှန်မရတော့ဘူးလို့ လားရှိုးမြို့ခံ တယောက် ကပြောပါတယ်။ “အရင်က လေးရက်မှာ တကြိမ်ရတာပေါ့။ နေ့တပိုင်းလောက်ရတယ်။ အခုက လုံး၀ မလာတော့ ။ ရေတင်ဖို့ ဖုန်းအားသွင်းဖို့တောင် အဆင်မပြေတော့ဘူး” ဌာနဆိုင်ရာရုံးတွေမှာ လျှပ်စစ်မီးပုံမှန်ရပေမယ့် မြို့ပေါ်ရပ်ကွက်တွေမှာတော့ အလှည့် ကျစနစ်နဲ့သာ လျှပ်စစ်မီးရတယ်လို့ လားရှိုးမြို့ရပ်ကွက် (၄) မှာနေထိုင်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ လျှပ်စစ်မီး မရတဲ့အတွက် ဖုန်း၊ အားသွင်းမီးလုံးနဲ့ Power Bank တွေကို အခကြေးငွေ ပေးပြီး အားသွင်း အသုံးပြုနေကြရတယ်လို့…

Read More

သထုံထောင်က ထွက်ပြေးတဲ့ အချုပ်သား သုံးယောက် ပြန်အဖမ်းခံရပြီး လေးယောက် လွတ်မြောက်နေဆဲ

စက်တင်ဘာ ၁၇ – ၂၀၂၅ SN (VOM) မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်က ထွက်ပြေးခဲ့တဲ့ အချုပ်သားတွေထဲက သုံးယောက် ပြန်လည် ဖမ်းဆီးခံခဲ့ရပြီး လေးယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်‌နေ့က သထုံမြို့နယ် တရားရုံးကို ရုံးထုတ်ခဲ့တဲ့ အကျဉ်းသားတွေကို ညနေ ၄ နာရီကျော် ဝန်းကျင်အချိန် သထုံအကျဥ်းထောင်က အချုပ်ဆောင်ကို ပြန်ပို့စဥ် အချုပ်ကား တံခါးအဖွင့်မှာ အကျဉ်းသား ခုနစ်ယောက် ထွက်ပြေးကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီ‌နေ့မှာပဲ သုံးယောက်ကို ချက်ချင်း မိတာပါ။ သူတို့ကို အဲဒီနေ့ မနက်ပိုင်း ၉ နာရီလောက်က ရုံးထုတ်တယ်။ ညနေ ၄ နာရီကျော်လောက်မှာ အချုပ်ဆောင်ကို ပြန်ပို့တဲ့အချိန်မှာ ကားတံခါးဖွင့်ဖွင့်ချင်း ခုန်ချ ထွက်ပြေးကြတာပါ။…

Read More

ရွှေပြည်သာမှာ ဒို့အရေး အော်ဟစ်ခဲ့သူ လေးယောက် အဖမ်းခံရ

စက်တင်ဘာ ၁၇ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ” ဒို့အရေး “ဆိုပြီး အော်ဟစ်ခဲ့တဲ့ အမျိုးသားလေးယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ညပိုင်း ရွှေပြည်သာ၊ထန်းခြောက်ပင်လမ်းဆုံမှာ ဆိုင်ကယ်တစီးကို လူလေးယောက်စီးနင်းလာသူတွေက “ဒို့အရေး “ဆိုပြီးအော်ဟစ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ ” ဒို့အရေးဆိုပြီး လက်လည်းထောင်တယ်သိရတယ်။ရွှေပြည်သာနေထိုင်သူတွေပဲလို့သိရတယ်။အခုအရေးယူထားတယ်သိရတယ်။မူးပြီး အော်ဟစ်ကြတာမျိုးထင်ပါတယ်။ ” လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူဆီကသိရပါတယ်။ အဆိုပါ ဒို့အရေး ဆိုပြီးအော်ဟစ်ခဲ့တဲ့ လူငယ်လေးယောက်ကို လက်ရှိမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်းသိရပြီး အသေးစိတ်သိရှိနိုင်ဖို့ VOM မှ ရွှေပြည်သာရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံရေးအပြောင်းအလဲကာလမှာ နလအကို ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပုဒ်မ ၅၀၅ ကအပါအဝင် အခြားပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေရှိခဲ့တာဖြစ်ပါတယ်။ #Voiceofmyanmar…

Read More

ဖားကန့်မှာ စစ်ရေးပိုတင်းမာလာပြီး ဝန်းကျင်ရွာအချို့ကို နလအ ပြန်ထိန်းချုပ်

စက်တင်ဘာ ၁၇ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ် ၊ဖားကန့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာနေပြီး ဒီနေ့စက်တင်ဘာ ၁၇ ရက်မှာတော့ စစ်တပ်စစ်ကြောင်းက ဆန်းကြွယ်ရွာကို ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ “ဆန်းကြွယ်ရွာကို စစ်တပ်က သိမ်းသွားပြီ။တိုက်ပွဲက နေ့ရောညရောကိုဖြစ်နေတာပါ။အခုတောင် လက်နက်ကြီးထုနေတယ်။စစ်တပ်ကအခု နေရာအစုံကို အင်အားတိုးချဲ့လာတယ်။ စစ်တပ်က ဒရုန်းကိုပိုပြီးအသုံးပြုတာတွေ့ရတယ်။ “လို့ ဖားကန့် ဒေသခံ စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ်။ ဆန်းကြွယ်ရွာအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြားမှာ လက်နက်ကြီးထိမှန်ဒဏ်ရာရသူတွေရှိသလို သေနဲ့ပစ်သတ်ခံရသူတွေလည်းရှိနေပြီး ၊ စစ်မရှောင်ရသေးတဲ့ဒေသခံအချို့ ရွာထဲပိတ်မိမှုရှိနေတယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြို့ပေါ်အပါအဝင် ကျေးရွာတွေဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုရှိနေပြီး လူသေဆုံး ထိခိုက်ဒဏ်ရာရမှုတွေရှိနေ တယ်လို့သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတင် ဆိုင်းဂျာဘွမ် ၊ မနရွာ မှာ လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားတယောက်သေဆုံးခဲ့ပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို မှော်ဝမ်း ရပ်ကွက်မှာလည်း အမျိုးသားတယောက်သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။ ”…

Read More

သူတို့အိမ် အခန်း – ၈

ဆူးငှက် ရွှေကြိုးသတ် မန္တလေး ———————- အသစ်တည် မန္တလေးသည် ရွှေကြိုးသတ် နယ်မြေသဘောအရ တောင်အလား ဒုဋ္ဌဝတီမြစ်၊ မြောက်အလား မတ္တရာမြစ်၊ အရှေ့အလား နတ်ထိပ် တောင်ရိုးအထိ၊ အနောက်အလား ဧရာဝတီမြစ်တို့ ဖြစ်ကြောင်း ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ကောဇာ သက္ကရာဇ် ၁၂၁၈ ခု တပို့တွဲလပြည့်ကျော် ၅ ရက်နေ့ထိုး ကျောက်စာတွင် အသေးစိတ် ရေးထိုးထားသည်။ ကျောက်စာပါ နယ်မြေဒေသများကို မြေပုံအမျိုးမျိုးဖြင့် အတိအကျပင် မြစ်၊ ချောင်း၊ အင်းနှင့် တူးမြောင်း၊ ဆည်၊ ကန်၊ ကျေးရွာအမည်များဖြင့် ပြည့်ပြည့်စုံစုံ ရေးဆွဲဖော်ပြထားသည်။ စကေးကိုက် အကွာအဝေး၊ အကျယ်အဝန်းပြ မဟုတ်ဘဲ ပကတိအရှိမျက်မြင်ကိုသရုပ်ဖော် ရေးဆွဲသည့် ရှေးမြန်မာ မြေပုံရေးဆွဲပုံစနစ်အတိုင်း ရေးဆွဲထားသည့် မြေပုံများဖြစ်သည်။ ထိုမြေပုံများအရ မန္တလေးရွှေကြိုးသတ် နယ်နိမိတ်မှာ အလျားမိုင်…

Read More

နယူးယောက်တိုင်းမ် သတင်းစာကို ဒေါ်လာ ၁၅ ဘီလီယံ ရလိုမှုနဲ့ ဒေါ်နယ်ထရန့် တရားစွဲတော့မယ်

ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ကိုအသရေဖျက် ရေးသားမှုတွေ ပြုလုပ်တယ်ဆိုကာ နယူးယောက်တိုင်းမ် သတင်းစာကို ဒေါ်လာ ဘီလီယံ ၁၅ ဘီလီယံ ရလိုမှုနဲ့ တရားစွဲမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “နယူးယောက်တိုင်းမ်သတင်းစာဟာ ကာလရှည်ကြာ လိမ်လည်၊ အသရေဖျက် ၊ မဟုတ်မမှန်စွပ်စွဲမှုတွေကို ဒီနေ့မှာ အဆုံးသတ်လိုက်ပြီ ” လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ကမလာ ဟားရစ်ကို နယူးယောက်တိုင်းမ်သတင်းစာက ထောက်ခံခဲ့မှုကို ထောက်ပြကာ ဒီသတင်းစာဟာ လက်ဝဲဆန်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အာဘော်ဖြစ်လာခဲ့တယ်လို့ ထရန့်က ဆိုပါတယ်။ တရားစွဲဆိုမှုကိုတော့ ရီပတ်ဘလီကန်တွေ အင်အားကောင်းရာ ဖလော်ရီဒါပြည်နယ်မှာ တင်သွင်းမယ်လို့ ထရန့်က ပြောပါတယ်။ နယူးယောက်ခ်တိုင်းမ်ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပြု ထုတ်ပြန်တာမျိူး မရှိသေးပါဘူး။ ထရမ့်ဟာ ဒုတိယအကြိမ်…

Read More
VOM News

FREE
VIEW