စက်တင်ဘာ ၁၆၊ ၂၀၂၅ GG(VOM) ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ် နဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီး သံဃာတပါးနဲ့ အမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်ကဒီနေ့မနက်အစောပိုင်းလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ သင်တန်း ကျောင်းမှတ်တိုင်အနီးမှာ ကားတိုက်ခံရပြီး ဦးခေါင်းကြေမွ ၊ ဝမ်းဗိုက်ပွင့်ဒဏ်ရာနဲ့ ဘုန်းကြီးတပါး နေရာမှာပဲပျံလွန်တော်မူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ခေါင်းကကြေမွနေတယ်။ဘယ်ကားတိုက်လို့တိုက်သွားမှန်းတောင်မသိရဘူး။ တိုက်ခံရတဲ့ဘုန်းကြီးက အသက် ၅၀ ကျော်လောက်တော့ရှိမယ်။လူမှုရေးကားတွေက ဆေးရုံကိုပို့လိုက်တယ်။” လို့ ဒေသခံလူမှုကူညီရေးအသင်းဝင်တယောက်ကပြောပါတယ်။ ကားသမားက ဘုန်းကြီးကိုဝင်တိုက်ပြီး ကားမောင်းထွက်ပြေးသွားတာကြောင့် တိုက်ခဲ့တဲ့ကားကိုမသိရှိရသေးသလို ကားသမားကိုလည်းဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ အမျိုးသမီးတယောက်သေဆုံးမှုဖြစ်စဥ်ကတော့ လှိုင်သာယာမြို့နယ် ၊ အနော်ရထာလမ်းမှာ ဒီနေ့မနက်ပိုင်းက YBS 79 က စက်ဘီးကိုဝင်တိုက်မိပြီး စက်ဘီးစီးနင်းသူ အမျိုးသမီးသေဆုံးခဲ့တာဖြစ်ပါတယ်။ ” တက်ကြိတ်မိတဲ့ပုံပါ။မနက်ကဖြစ်တာပါ။ကားသမားကမပြေးပါဘူး။သူတောင်ကူညီလုပ်ပေးပါသေးတယ်။သေတဲ့ကောင်မလေးက အသက် ၂၅ လောက်အရွယ်ပါ။” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီရေးအသင်းဥက္ကဋ္ဌဦးစန်းဦးကပြောပါတယ်။…
Read MoreMonth: September 2025
ဂုတ်ထိပ် တံတားကို နဂို လက်ရာ ဒီဇိုင်း အတိုင်း ပြန်ပြုပြင် တည်ဆောက်နေသလို ဂုတ်တွင်းကားလမ်းဘေလီတံတား ပြီးစီး
စက်တင်ဘာ ၁၆၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို – ကျောက်မဲကြားရှိ ဂုတ်ထိပ် ရထားလမ်း တံတားကို လတ်တလောအတွင်း နဂို လက်ရာ ဒီဇိုင်း အတိုင်း ပြန်ပြုပြင် တည်ဆောက်ဖို့ လုပ်နေကြောင်း ဒေသခံတွေနဲ့ MOI ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ဂုတ်ထိပ် တံတားလည်း ပြန်ပြင်ဖို့ စီစဥ်နေတာပါ။ အဲ့နားမှာတော့ TNLA တပ်ဖွဲ့တွေ မရှိတော့ဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဂုတ်တွင်း ကားလမ်း တံတားကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဘေလီသံဘောင် တံတားထိုးပြီးသွားပြီလို့ သိရပေမယ့် အရပ်သားတွေ သွားလာခွင့် မပြုသေးဘူးလို့ ဆိုပါတယ်။ သမိုင်း အမွေအနှစ် တံတား ဖြစ်တာကြောင့် မူလ ဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်ဖို့၊ စံချိန်…
Read Moreရခိုင်ပြည်နယ်ထဲက တိုက်ပွဲဖြစ်နေရာတွေမှာ ပညာသင်ကြားခွင့်ဆုံးရှုံးနေသလို အခမဲ့ပညာသင်ကြားပေးမယ့်အဖွဲ့တွေ လိုအပ်နေ
စက်တင်ဘာ ၁၆ ၊၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်မြို့နယ်တွေမှာ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးတာကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ ကလေးတွေအများအပြားရှိနေပြီး ကျောက်တက်ချင်သူတွေရှိနေတယ်လို့သိရပါတယ်။ “တိုက်ပွဲတွေကြောင့် စီးပွားရေးကလည်း အလုပ်မဖြစ်တော့ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေမထားနိုင်တော့ အခမဲ့ပညာရေးကျောင်းရှိရင်ထားချင်တာပါ။ ကိုယ့်ဒေသမှာရှိတဲ့ နီးနီးနားနားလောက်ဆို ပိုအဆင်ပြေတာပေါ့။နယ်မြေကလည်းမငြိမ်တော့ အဝေးကြီးလည်း ပို့ဖို့ကိုစိတ်မချဘူး။ ကျောင်းက ထားချင်ပါတယ်။ ” လို့ မြောက်ဦးမြို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းတွေ မဖွင့်တဲ့အတွက် အခြေခံလူတန်းစားမိသားစုတွေ ၊ငွေကြေးမပြည့်စုံတဲ့မိသားစုတွေမှာရှိတဲ့ ကလေးတွေအနေနဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေ မထားနိုင်တာကြောင့် ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ခြင်းမရှိကြဘူးလို့သိရပါတယ်။ ဒါကြောင့် ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ဖို့အတွက် စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီကို ကျောင်းတက်လိုကြောင်း ကူညီပေးဖို့ မိဘတွေဘက်မှ ဆက်သွယ်လာမှုတွေရှိနေတယ်လို့သိရပါတယ်။ “ပညာရေးကဏ္ဍကကြတော့ ပုံမှန်ကျောင်းတွေဖွင့်လှစ်နိုင်တာတော့မရှိသေးပါဘူး။ ရပ်ရွာတွေမှာကိုယ်ထူကိုယ်ထ ပညာသင်ကြားရေးအစီစဥ်တွေအကောင်ထည်ဖော်ပြီးတော့သင်ကြားနေကြတာတော့ရှိပါတယ်။ တချို့ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ ကျုရှင်သဘောမျိုးတက်နေကြတယ်။ သက်ဆိုင်ရာပညာရေးဌာနကလည်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေရှိပါတယ်။ အခုအခြေနေက ပုံမှန်ကျောင်းတွေမဖွင့်လှစ်နိုင်သေးဘူးဆိုတော့ ပညာသင်ကြားခွင့်မရနိုင်သေးတဲ့ကလေးတွေအများအပြားရှိနေပါသေးတယ်။…
Read MoreTikTok အရောင်းအဝယ်ကိစ္စ မူဘောင်တရပ်ကို အမေရိကန်နဲ့ တရုတ် သဘောတူ
ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၅ မျိုးဆက်(VOM) TikTok ရဲ့ အမေရိကန် လုပ်ငန်းတွေ ပိုင်ဆိုင်မှု အရောင်းအဝယ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ မူဘောင်တရပ်ကို သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူတွေဟာ မက်ဒရစ်မှာပြုလုပ်တဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ မူဘောင်ကို ရရှိခဲ့တာလို့ ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ဒီသဘောတူညီချက်အတွက် လာမယ့်သောကြာနေ့မှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။ ဆွေးနွေးမှုဟာ အလွန်ကောင်းမွန်တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ Tiktok ရဲ့ အမေရိကန်လုပ်ငန်းစုကို ရောင်းချဖို့ သို့မဟုတ် ပိတ်သိမ်းဖို့နောက်ဆုံးရက် နီးကပ်လာချိန်မှာ ထွက်ပေါ်လာတာပါ။ ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား စေ့စပ်ညှိနှိုင်းမှု ဒုတိယနေ့မှာ မူဘောင် သဘောတူညီချက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့တာပါ။ ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းချက်တွေအရ သဘောတူညီပါက…
Read Moreငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ မဟာမုနိဘုရားကြီးမှာ ဘုရားဖူးတွေ ပြန်လည်ခွင့်ပြုနေတဲ့ အခြေအနေ
မန္တလေး၊စက်တင်ဘာ ၁၆ – ၂၀၂၅ (Voice of Myanmar) ငလျင်ကြီးဒဏ်ကြောင့် ယာယီပိတ်ထားခဲ့ရတဲ့မန္တလေးမြို့က မဟာမုနိဘုရားကြီးကို ပြန် လည်ဖွင့်လှစ်ပေးထားပြီးနောက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအတွက် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်အောင် အဆင်ပြေစွာ စီစဉ်ပေးထားပါတယ်။ ဘုရားကြီးဂေါပကအဖွဲ့ရဲ့အဆိုအရ လုံခြုံစိတ်ချရတဲ့နေရာတွေကိုသာ ဘုရားဖူးပြည်သူတွေကို သွားလာခွင့်ပေးထားပြီး စိတ်မချရသေးတဲ့နေရာတွေနဲ့ ပြုပြင်ဆဲအပိုင်းတွေကိုတော့ ကန့်သတ်ထားတယ်လို့သိရပါတယ်။ ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းက “ရာနှုန်းပြည့်စိတ်ချရတဲ့နေရာတွေကို ဖွင့်ပေးထားပြီး ပြုပြင်ဆဲနေရာတွေကိုတော့ အချိန်အလိုက်ကန့်သတ်ထားရတယ်။ ဘုရားဖူးပြည်သူတွေ အခက်အခဲမရှိဘဲ ရွှေသင်္ကန်းကပ်နိုင်အောင်စီစဉ်ပေးထားတယ်” လို့ VOM ကိုပြောပါတယ်။ ဘုရားကြီးပုရဝဏ်အတွင်းရှိ နိဗ္ဗာန်ကုန်နဲ့အမှတ်တရ ပစ္စည်းဆိုင်တန်းတွေဟာလည်း ယခင်လိုပြန်လည်ဖွင့် လာကြပြီး အနယ်နယ်အရပ်ရပ်ကဘုရားဖူးပြည်သူတွေ ဝယ်ယူမှုတွေရှိနေပေမယ့် အရောင်းအဝယ်ကတော့ အေးနေဆဲဖြစ်တယ်လို့ ရောင်းချသူတွေက ဆိုပါတယ်။ ဒါအပြင် စနေ၊တနင်္ဂနွေကဲ့သို့ပိတ်ရက်တွေမှာ ဘုရားကြီးပုရဝဏ်အတွင်း ဘုရားဖူးပြည်သူ၊ရဟန်းရှင်လူအပေါင်းနဲ့လူစည်ကားတဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း VOM သတင်းဌာနက အခုလိုရိုက်ကူးတင်ဆက်ထားပါတယ်။ ရိုက်ကူး/တင်ဆက် – VOM #VOM…
Read Moreစစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းအယောင်ကာ ဖုန်းဆက်ငွေတောင်းရင် သက်ဆိုင်ရာကို အကြောင်းကြားနိုင်
စက်တင်ဘာ – ၁၆ – ၂ဝ၂၅ NL(VOM ) စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး မန္တလေးမြို့ပေါ်ကရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကလိုလို ပုံမှားရိုက်ပြီး မိဘတွေဆီကို ဖုန်းနံပါတ်တခုက ဖုန်းဆက်ပြီး ငွေကြေးတောင်းခံမှုတွေရှိနေတဲ့ကိစ္စ နစ်နာသူ ကာယကံရှင်တွေက VOM သတင်းဌာနကို ပေးပို့အကြောင်းကြားတဲ့သတင်း ဖော်ပြပြီးဖြစ်ပါတယ်။ အဲဒီနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ကလည်း အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး ငွေလိမ်သူပေါ်ပေါက်အောင် နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းဖော်ထုတ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က ” သဲလွန်စရတာနဲ့ တရားခံဖော်ထုတ်နိုင်ဖို့ လုပ်နေပါတယ်။ အဲလို အကြောင်းအမျိုးမျိုးပြ ဖုန်းဆက်ငွေတောင်းရင် နီးစပ်ရာတာဝန်ရှိသူနဲ့ ပူးပေါင်းဖော်ထုတ်သင့်ပါတယ်” လို့ ဆိုပါတယ်။ ဒီလိုစစ်မှုထမ်းကိစ္စရပ်နဲ့ ပတ်သက်လို့ မသိနားမလည်သူတွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာလည်း အောက်ခြေမှာ အများအပြားဖြစ်ပေါ်နေတယ်လို့လည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ နေထိုင်သူအချို့က ပြောပါတယ်။ ယခုလို စစ်မှုထမ်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ အောက်ခြေမှာ ငွေကြေးလိမ်လည် တောင်းခံတာ လာဘ်ပေးလာဘ်ယူပြုလုပ်တာတွေရှိလာပါက…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၆)
ဆူးငှက် ထိုစာအုပ်ကို ဖတ်ပြီးတော့ လူကြီးတွေ စကားဝိုင်းမှာ လူရာဝင်လာသည်။ သူတို့ပြောကြသော နောက်ပိုင်းဇာတ်တော်ကြီးတွေ ထဲက အပူတိုက် ငိုချင်းတွေအကြောင်း သဘောပေါက်လာသည်။ အပူငို၊ အအေးငို ဆိုတာတွေ ခွဲတတ်လာသည်။ ဇာတ်သဘင်၏ “ရသ” သဘောကို တီးခေါက်မိလာသည်။ “ပြည်သူချစ်သော အနုပညာသည်များ” ဟူသော စာအုပ်ခေါင်းစီးနှင့်အတူ ရေးသားပြုစုသူ “လူထုဒေါ်အမာ” ဟူသော ကလောင်အမည်ကိုလည်း စာအုပ်ဖတ်တိုင်း တနုံ့နုံ့ ကျေးဇူးတင်ကာ ရိုသေကြည်ညိုနေမိတော့သည်။ လူထုသတင်းစာတွေကို စုဆောင်းထားသူ ဦးလေးတစ်ယောက်က “လူထုဒေါ်အမာ”ရဲ့ လှုပ်ရှားနေတဲ့ ကမ္ဘာ …ဆိုတဲ့ ပင်တိုင် ဆောင်းပါးခန်းတွေကို မင်းအနေနဲ့ အခုပြန်ဖတ်ရမယ်ကွ၊ ကမ္ဘာ့ရေးရာတွေကို လူတန်းစားအမြင်နဲ့ သုံးသပ်ရေးသားထားတာ…” ဟု ပြော သည်ကို ထိုစဉ်က ကျွန်တော် လိုက်မမီနိုင်ခဲ့ …။ လူထုသတင်းစာက ဆက်မထွက်တော့ဘဲ ရပ်နားခံရကာ သတင်းစာဟောင်းတွေပဲမို့ လတ်တလော ဖြစ်ရပ်များလောက် အာရုံမရတာလည်း…
Read Moreတောင်ဥက္ကလာမှာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတယောက် ကြိုးဆွဲချ သတ်သေ
စက်တင်ဘာ ၁၆ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချပြီး သေဆုံးသွားသူဟာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် လုံခြုံရေးဝန်ထမ်းတယောက် ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အသင်းကို မနက် ၅ နာရီဝန်းကျင်လောက်မှာ သက်ဆိုင်ရာက ဖုန်းဆက်ပြီး ကြိုးဆွဲချသေလို့ Dead body ကို လာသယ်ပေးပါဆိုလို့ ကျွန်တော်တို့ သွားသယ်တာပါ။ သေဆုံးတာကတော့ ဒီမနက် လူပြတ်တဲ့အချိန် သူအခုလို လုပ်သွားတယ်လို့ ယူဆရပါတယ်။…
Read Moreရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ မဲဆန္ဒနယ်များစာရင်းမှာပါပြီး နလအ ဌာနဆိုင်ရာတွေ ဝင်လာမယ်လို့ သတင်းထွက် နေတဲ့ သိန္နီပါဝင်
စက်တင်ဘာ ၁၅၊ ၂၀၂၅ Shy V (VOM) ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ မဲဆန္ဒနယ်များစာရင်းမှာ နလအ ဌာနဆိုင်ရာ ဝင်လာမယ်လို့ သတင်းထွက် နေတဲ့ သိန္နီ ပါဝင် နေကြောင်း MOI ရဲ့ ထုတ်ပြန်ကြေညာစာ အရ သိရပါတယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ ဖြစ်တဲ့ UWSA ထိန်းချုပ်နယ်မြေက ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်မြို့၊ မိုင်းမော၊ ပန်ဝိုင်၊ NDAA ထိန်းချုပ် နယ်မြေက မိုင်းလား၊ MNDAA ထိန်းချုပ် နယ်မြေက သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ TNLA ထိန်းချုပ်နယ်မြေက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် နဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ် နယ်မြေက မဘိမ်း စတဲ့…
Read Moreရေးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတို့ နေအိမ်ထဲအထိ ဝင်ရောက်ပစ်သတ်ခံရ
စက်တင်ဘာလ ၁၅ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ်၊ ရေးမြို့နယ်က အံဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆိုသူတို့ နေအိမ်ထဲအထိ ဝင်ရောက်ပစ်သတ်ခံခဲ့ရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က စက်တင်ဘာ ၁၄ ရက်နေ့ည ၇ နာရီလောက်မှာ အံဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်ဟာ နေအိမ်မှာရှိနေချိန် သေနတ်နဲ့လာရောက်ပစ်သတ်ခံရတာဖြစ်ပြီး အံဒင်းကျေးရွာအုပ်စုက ရာအိမ်မှူးဖြစ်သူ ဦးသောင်းစိန်ကိုလည်း လာရောက်ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” အုပ်ချုပ်ရေးမှူးဆိုသူက ညာဘက်နားနဲ့ ဂျိုင်းအောက်ကို ကျည်တချက်စီမှန်တယ်။ ရာအိမ်မှုးဆိုသူက ကျည်ဖောက်ဝင်ဒဏ်ရာတွေရတယ်။အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးဆုံးပါတယ်။ဘာကြောင့်သတ်လဲ ဘယ်သူသတ်လဲတော့မသိပါဘူးဗျ။ ” လို့ ဒေသခံကပြောပါတယ်။ အမည်မသိလက်နက်ကိုင်ထားသူတွေက ဆိုင်ကယ်နဲ့လာရောက်ပြီး ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်ကြောင်း ၊လက်ရှိမှာ အသတ်ခံရတဲ့ သေဆုံးသူရုပ်အလောင်းတွေကို ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ရေးကို ရွေးကောက်ပွဲကိစ္စအတွက်သွားရောက်ခဲ့တဲ့ PPP ပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌဖြစ်အပါအဝင် လေးယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ရေး – သံဖြူဇရပ် လမ်းပိုင်းမှာ…
Read More