ရှမ်း/တောင်မှာ ဂေါ်ရခါးသီးတလုံး ၂၅ ကျပ်သာရလို့ တောင်သူတွေအရှုံးပေါ်

စက်တင်ဘာ ၁၅၊ ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းသီးနှံစျေးကွက်မှာ ဂေါ်ရခါးသီးတလုံးကို ၂၅ ကျပ်သာရရှိတာကြောင့် တောင်သူတွေမှာ တွက်ခြေမကိုက်ဘဲ အရှုံးနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။ ဂေါ်ခါးသီးတလုံး ၂၅ ကျပ်နူန်းဆိုတာဟာ ပွဲရုံအရောက်ရောင်းချမှရရှိတဲ့စျေးဖြစ်ကြောင်း ၊ ခြံအထိ လာရောက်ဝယ်ယူပေးပါက ၂၅ ကျပ်ထက်နည်းတယ်လို့သိရပါတယ်။ ပွဲရုံကို အိမ်က ကားနဲ့သွားပို့ရတာပါ။ ခြံထိလာ၀ယ်တဲ့ ပွဲစားငယ်တွေဆို၁၅ ကျပ်လောက်ပဲပေးမယ်ထင်တယ်။ အခုလမှာပိုပြီးကျသွားတာ။၂၅ ကျပ်ပဲရှိတော့တာ။မိုးကလည်းရွာတယ်။ ဘယ်လောက်အထိကျအုံးမလဲမသိဘူး။ အထွက်များလာလေစျေးကကျလေပဲ။ အရင်းကကြီးတယ်။ဝါးဝယ်ရတာ၊သံကြိုးခွေကလည်းစျေးတက်၊တိုင်တူရတယ်။ အလုပ်သမားခတွေ၊မျိုးဖိုး၊နွားချေး၊မြေဩဇာ၊ပေါင်းသတ်ဆေး အကုန်သုံးရတာစျေးတက်တယ်။စျေးပြန်တက်လာရင်တော်အုံးမယ်ရှင်။” လို့ အောင်ပန်းမြို့နယ်မှ ဂေါရခါးသီးစိုက်ပျိုးသူတယောက်ကပြောပါတယ်။ ယခု စက်တင်ဘာလမှာ ဂေါ်ရခါးသီးအထွက်နူန်းများပြားလာခြင်းကြောင်း ရောင်းလိုအားများတဲ့အတွက် စျေးကွက်ကျလာခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လလောက်တုန်းက ဂေါ်ရခါးသီတလုံးကို ၇၀ မှ ၈၀ ကျပ်လောက်ရှိပြီး အဲဒီအရင်ကာလတွေတုန်းကဆိုရင် ဂေါ်ရခါးသီးစတင်ပေါ်ချိန်မှာတုန်းကဆိုရင်အမြင့်ဆုံး တလုံးကို ၃၀၀ ကျပ်အထိရှိခဲ့တယ်လို့သိရပါတယ်။ ” အစောထွက်တဲ့အခင်းတွေကစျေးကောင်းရတယ်။ တလုံးကို ၃၀၀ ရတယ်။နောက်ပိုင်း…

Read More

မန္တလေးမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူတိုင်းအတွက် ဒုတိယအသုတ်အဖြစ် တယောက် သိန်း(၁၀၀) ကုမ္ပဏီကထောက်ပံ့

မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၅ SA(VOM) Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ ငါးလခွဲအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်းတွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၀၇ ယောက်ထဲကနေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုအတွက် သေဆုံးသူတယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ဒီကနေ့ စက်တင်ဘာ ၁၅ရက်မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီကနေ့ ထောက်ပံ့ငွေပေးအပ်ပွဲမှာ ၇၆ ယောက်ပေးအပ်ခဲ့ပြီး အရင်ပထမအသုတ်အနေနဲ့ကတော့ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်ပြီးဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ဒေါ်သက်သက်ခိုင်၊NTL…

Read More

အမေရိကန်နဲ့မဟာမိတ်တွေ ပူးတွဲစစ်ရေး လေ့ကျင့်မှု မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ စက်တင်ဘာ-၁၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာမယ်လို့ မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြောင့် လေတပ် ၊ ရေတပ်နဲ့ ဆိုက်ဘာ စစ်ဆင်ရေးစွမ်းရည်တွေ အဆင့်မြှင့်တင်ဖို့ အတွက် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ Freedom Edge နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ထားပါတယ်။ “ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတဝိုက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ကြုံတွေ့ရမယ်” လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လာမယ့် သီတင်းပတ်မှာ “Iron Mace” စစ်ရေးလေ့ကျင့်မှုကို…

Read More

ကျောက်မဲ နောင်ပိန်ဈေးကို ဆိုင်ရှင်တွေ ပစ္စည်း သိမ်းယူနိုင်ဖို့ ယာယီဖွင့်ပေး

စက်တင်ဘာ ၁၄၊ ၂၀၂၅ Shy V (VOM) နောင်ပိန်ဈေးကို ဆိုင်ရှင်တွေ ပစ္စည်း သိမ်းယူနိုင်ဖို့ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၆ နာရီကစပြီး ဈေးကို ယာယီ ဖွင့်ပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ မနက် ၆ နာရီကစ နောင်ပိန်ဈေးကို ခေတ္တ၊ ယာယီ ဖွင့်ပေးလိုက်တယ်လို့ သိရတယ်။ ဖွင့်ပေးတာက ဆိုင်ရှင်တွေ ကိုယ့် ပစ္စည်း ဝင်ယူဖို့ ဖွင့်ပေးတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တချို့ စစ်ရှောင်တွေက အဝေးကို ရောက်နေကြတော့ ဈေးကို ယာယီ ဖွင့်ပေးတာလည်း မသိတာ‌ေကြာင့် ပစ္စည်းတွေကို တခြားလူတွေက ဝင်ရောက် ခိုးသယ်ယူသွားနေတာတွေ ရှိတယ်လို့ သူကပြောပါတယ်။ ဈေးကိုဝောာ့ အချိန် အကန့်အသတ်နဲ့ပဲ ဖွင့်ပေးမယ်လို့ ယူဆရတယ်လို့…

Read More

လက်ချင်းကြိုးချည်ပြီး ဘေလီတံတားပေါ်ကနေ ခုန်ချခဲ့တဲ့ ချစ်သူစုံတွဲကို သုံးရက်အကြာမှာ အလောင်းပြန်တွေ့

စက်တင်ဘာ ၁၄ ၊၂၀၂၅ GG(VOM) ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ ချစ်သူစုံတွဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီစုံတွဲ နှစ်ယောက်ဟာ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက ဘေလီတံတားပေါ်ကနေ ခုန်ချခဲ့ကြတာဖြစ်ကြောင်း ၊ ခုန်ချပြီး သုံးရက်မြောက်နေ့မှာ ရုပ်အလောင်းကိုတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။ ” ခုန်ချသွားတဲ့နေ့ကတည်းက လက်တွေကိုကြိုးချည်ပြီးခုန်ချသွားကြတယ်။ အခုပြန်တွေ့တော့လည်းကြိုးချည်လျက်ပဲ။ ငမိုးရိပ်ချောင်းထဲမှာ လှေသမားတွေက အလောင်းတွေ့လို့ လှေနဲ့ ဘေလီတံတားအောက်ကို ဆွဲလာပြီးမှ အလောင်းကောက်တာပါ။ မိသားစုတွေနဲ့လည်းအဆက်အသွယ်ရပါပြီ။” လို့ မြေပြင်ကူညီရေးလုပ်ဆောင်ခဲ့တဲ့ ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောပါတယ်။ ခုန်ချသတ်သေခဲ့တဲ့ အမျိုးသားက အသက် ၂၆ နှစ်ဖြစ်ပြီး မြောက်ဥက္ကလာကဖြစ်ကြောင်း ၊ အမျိုးသမီးကတော့ အရှေ့ဒဂုံရှိ သုခဒဂုံအိမ်ယာကဖြစ်ကြောင်းနဲ့ လက်ရှိမှာရုပ်အလောင်းတွေကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်…

Read More

သပိတ်ကျင်းမှာ တရက်တည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပြီး ခုနစ်ယောက် သေဆုံး

စက်တင်ဘာ ၁၄ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက သတင်း ထုတ်ပြန်ထားပါတယ်။ မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်နဲ့ ညနေ ၄ နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ်က ညောင်ပင်သာရွာ အပါအဝင် နေရာအနှံ့အပြားမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ညောင်ပင်သာရွာက ငါးယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကျောက်ဖျာကျေးရွာအနီးက နှစ်ယောက် သေဆုံးပြီး သုံးယောက် ‌ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “နေ့လယ်ပိုင်း ညောင်ပင်သာမှာ ဖြစ်တာက ဂျက်ဖိုက်တာနဲ့ လေကြောင်း…

Read More

သူတို့အိမ် အခန်း – ၇

ဆူးငှက်   မိုးမင်းလွန်ကဲ ——————-     မနေ့ည (၂၀၂၂ခု စက်တင်ဘာ ၅ ရက်နေ့ည) သန်းခေါင်ကျော်က မန္တလေးမှာ မိုးတွေရွာသည်။ အရင်ရက်တွေက ကျောကော့အောင် ပူထားလို့ မိုးကလည်း ရွာနိုင်ရန်ကောဟု အပြစ်တင်ကြတာကြောင့် ကိုရွှေမိုးက အညှိုးနှင့် ရွာချလေသလား အောက်မေ့ရသည်။ သည်းကြီးမည်းကြီး။ အရင်ရက်တွေက ပူတာအိုက်တာရော မီးပျက်တာရောမို့ ဒီည မိုးသည်းသည်းမှာ အိပ်ရေးဝချေသေးတော့မည်။ ဤသို့ အကောင်းမြင်မိပါ၏။ တကယ့် အဖြစ်က ဤသို့မဟုတ်။ နာရီဝက်လောက် ဒုန်းစိုင်း ကဆုန်ပေါက်ရွာလိုက်တာနှင့် မိုးရေတွေက အိမ်ထဲ လှိမ့်ဝင်လာလိုက်တာ အိပ်ရာအောက်ထိ ရောက်ပါပကော။ အရင်က သည်ရပ်ကွက်လေးမှာ ခြံဝင်းကျယ်ကြီးတွေနှင့် ထိုခြံကြီးတွေထဲမှာ ငါးကန်ကြီးတွေရှိသည်။ မိုးဘယ်လောက်ရွာရွာ မိုးရေတွေက ခြံဝင်းထဲ ငါးကန်တွေထဲ ငုတ်လျှိုးသွားလို့ အိမ်ထဲ လမ်းပေါ် ရေမတင်။ အခုတော့ ခြံဝင်းကျယ်ကြီးတွေက ပေ…

Read More

ဧရာဝတီတိုင်း စပါးခင်း​တွေမှာ ရွှေခရုကျရောက်မှုကြောင့် စပါးဧကသောင်ချီပျက်စီး

စက်တင်ဘာ ၁၃ – ၂၀၂၅ KKL(VOM) ဧရာဝတီတိုင်းမှာ တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို စပါးအပင်ဖျက် ရွှေခရုတွေကျရောက်ပြီး စပါးဧက သောင်းချီပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ သြဂုတ်လ တတိယအပတ်နဲ့ စက်တင်ဘာလ ပထမအပတ်အတွင်း ဧရာဝတီတိုင်းက သာပေါင်း၊ ဝါးခယ်မ၊ ညောင်တုန်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြ ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စတဲ့မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ အများဆုံးကျရောက်နေတာဖြစ်ပြီး ဧရာဝတီ တိုင်းတတိုင်းလုံးမှာ စပါး ဧက ၂​သောင်းကျော်အထိ ပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ” တကြိမ်မက နှစ်ကြိမ်မက ရွှေခရုတွေက ကိုက်ဖျက်တာ။ အပင်ငုတ်ကလေးတွေပဲကျန်တော့တဲ့အထိဖြစ်တာ။ ရွှေခရုဥနှုန်းကလည်း အရမ်းမြန်တယ်။ လယ်ဧကနည်းတဲ့ တောင်သူတွေဆိုဘာမှကိုမကျန်တာ။ ဆေးဖြန်းတာလည်း ၂ ကြိမ်ရှိတဲ့သူနဲ့ ၃ ကြိမ်ရှိတဲ့သူနဲ့ဖြစ်နေပြီ။ ရွှေခရုကပျောက်သွားခဏပဲဖြစ်နေတာ။ ”လို့…

Read More

ငလျင်ဒဏ်ကြားထဲက ရုန်းထနေတဲ့ မန္တလေး

စက်တင်ဘာ ၁၃ – ၂ဝ၂၅ (VOM) စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ၅ လခွဲကျော်ကြာမြင့်သည်အထိ မန္တလေးမြို့က ဒေသခံအချို့ဟာ သူတို့ရဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ယာယီငလျင်ကယ်ဆယ်ရေးစခန်းတွေမှာ ဒီကနေ့အချိန်ထိ နေထိုင်ခိုလှုံနေရဆဲဖြစ်ပါတယ်။ ဒီထဲကမှငလျင်ရဲ့ရိုက်ခတ်မှုကြောင့်အခြေခံလူတန်းစားအများစုဟာ နလန်ပြန်ထူနိုင်ဖို့အတွက်အခက်အခဲတွေကြားကနေ ဘဝကို တစ်ကနေ ပြန်စပြီးတော့ကြိုးစားရုန်းကန်နေကြရတာကိုလည်း တွေ့ရပါတယ်။ ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့သူတွေအနေနဲ့ သူတို့ရဲ့နေအိမ်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာထက်စားဝတ်နေရေးကိုသာ ခက်ခက်ခဲခဲရုန်းကန်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့သူတို့ရဲ့နေအိမ်တွေကိုပြန်လည်တည် ဆောက်ဖို့ဆိုတာကလည်းငွေကြေးပိုင်းဆိုင်ရာမှာအခက်အခဲတွေများစွာရှိနေကြလို့ မိမိတို့ရဲ့မိသားစုနေအိမ်လေးပြန်ရဖို့ဆိုတာက ဝိုးတဝါးအိပ်မက်ပုံရိပ်တခုလိုသာဖြစ်နေခဲ့ရပြန်ပါတယ်။ ရိုက်ကူး/တင်ဆက် – VOM #VOM #voiceofmyanmar #မန္တလေးမြို့ #ငလျင် #ပြန်လည်ထူထောင်ရေး #ယာယီကယ်ဆယ်ရေးစခန်း

Read More

သွေးလွန်တုပ်ကွေး ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန်အဆင့် ရောက်နိုင်တဲ့အတွက် ဂရုပြုဖို့ လို

စက်တင်ဘာ ၁၃ – ၂၀၂၅ SN (VOM) သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့် ရောက်ရှိနိုင်တဲ့အတွက် အထူး ဂရုပြုဖို့ လိုအပ်တယ်လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “သွေးလွန်တုပ်ကွေး ပထမတကြိမ် ဖြစ်ထားပြီးတဲ့ ကလေးသူငယ်တွေ နောက်တကြိမ် ထပ်ဖြစ်တယ်ဆိုရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သေချာလေး ဂရုစိုက်ရမယ်။ ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ကို ရောက်နိုင်တယ်။ ခု‌နောက်ပိုင်းက ဖျားရင်လည်း တခါဖျားပြီး နောက်တခါထပ်ဖြစ်တဲ့ လူနာတွေ အတော်များများ တွေ့လာရတယ်။ ဒီရောဂါ အဖြစ်များတဲ့လကတော့ မေ၊ ဇွန်၊ ဇူလိုင် သုံးလပေါ့။ သွေးလွန်တုပ်ကွေးမှန်း သိရင်တော့ ချက်ချင်း ဆေးရုံတက် ကုရင်တော့ အကောင်းဆုံးပါ” လို့ သူက ပြောပါတယ်။ အဆိုပါရောဂါဟာ…

Read More
✕
VOM News

FREE
VIEW