ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဆွေးနွေးတော့မယ်

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ပြီး လာမယ့်ရက်အတွင်း ဆော်ဒီအာရေဗျမှာကျင်းပမယ့် ရုရှား-အမေရိကန်ဆွေးနွေးပွဲကို ယူကရိန်းတက်ရောက်မှာမဟုတ်ကြောင်း အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲအတွက် ယူကရိန်းကို ဖိတ်ကြားထားတာမရှိဘူးလို့ ဆိုထားပြီး ကိုယ်စားလှယ်စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်းရဲ့ ဆန္ဒမပါဘဲ ရရှိတဲ့ ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်သင့်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကြိမ်ဖန်များစွာ ပြောဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံခြားရေးမူဝါဒ အဓိကအကြံပေးတွေဖြစ်တဲ့ မာကိုရူဘီအို၊ မိုက်ဝေါ့ဇ်နဲ့ စတိဝှခ်အော့တို့ဟာ ဒီနေ့ညမှ ဆော်ဒီအာရေဗျကို သွားရောက်မှာဖြစ်ပါတယ်။ ရုရှား-အမေရိကန်ဆွေးနွေးပွဲအပေါ် တုံပြန်တဲ့အနေနဲ့ ဥရောပခေါင်းဆောင်တွေဟာ မနက်ဖြန် ပြင်သစ်မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိနေပါတယ်။ ယူကရိန်းအတွက် လိုအပ်ပါက မြေပြင်တပ်တွေ စေလွှတ်ပြီး လုံခြုံရေးအာမခံချက်အတွက် ပါဝင်ကူညီဖိုပ ပြင်ဆင်ထားကြောင်း အစည်းအဝေးမတိုင်ခင်မှာ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ ယူကရိန်းမှာ ထာ၀ရငြိမ်းချမ်းရေးရဖို့အတွက် ပူတင်ကိုနောက်ထပ်ရန်လိုမှုတွေကနေ ဟန့်တားဖို့လိုတယ်လို့…

Read More

မုံရွာ – မန္တလေး – ချောင်းဦးကားလမ်းကို ချောင်းဦး PDF က ယာယီပိတ်

ဖေဖော်၀ါရီ ၊ ၁၇ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) မနေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော် တိုက်ပွဲမှာ ထိခိုက် သေဆုံးသူများပြားတာကြောင့် မုံရွာ – မန္တလေး- ချောင်းဦး ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ CHU – PDF က လူမှုကွန်ယက်ပေါ်မှာ မနေ့က ထုတ်ပြန်ထားတယ်လို့ မုံရွာ – မန္တလေး ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက ​သိရပါတယ်။ “ညက ရန်ကုန် – မုံရွာအတက်ကားတွေ ထွက်လာကြတယ် ၊ပုံမှန်အချိန်တော့ ရောက် မရောက်မသိရသေးဘူး၊ လမ်းကြောင်း အခြေနေရတော့ ပိတ်ထားတယ်လို့ သိရတယ် ” လို့ ရန်ကုန် – မုံရွာ နေ့စဥ်ပြေးဆွဲနေတဲ့ ကားလုပ်ငန်းရှင် တယောက်က…

Read More

မွေးမြူရေးစရိတ် ကြီးမြင့်လာပြီး ကြက်ဈေးကျလာလို့ ရှမ်း/တောင်က ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးပေါ်

ZY(VOM) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ မွေးမြူရေးကုန်ကျစရိတ် မြင့်တက်လာပေမယ့် ကြက်ခြံဖမ်းစျေးက လက်ရှိဖေဖော်ဝါရီလအတွင်း ကျဆင်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေရတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ ကုမ္ပဏီထုတ် မွေးမြူရေးအစာစျေးတွေ အပါအဝင် ကြက်ပေါက်စျေးမြင့်တက်လာသလို စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် လက်ရှိကာလမှာ ကြက်ပေါက်ဖွားမှုနှုန်း လျော့ကျနေတဲ့အပြင် ကြက်ခြံဖမ်းစျေးကလည်း ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရှေ့လတုန်းကတော့ ခြံဖမ်းဈေးက တပိဿကို ၁၂၀၀၀လောက် ရတယ်။ အခုက ၁၁၀၀၀ ဝန်းကျင်ပဲ ရတော့တယ်။ ကြက်တစ်ပိဿအတွက် မွေးမြူရေးကုန်ကျစရိတ်က ၁၃၀၀၀ကျော်လောက် ရှိတော့ တပိဿကို ၂၀၀၀လောက် ရှုံးနေပြီ။ ဒီကြားထဲ ကြက်ပေါက်နှုန်းက မဖြစ်ရင် ပိုဆိုးတာပေါ့”လို့ တောင်ကြီးမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က VOMကို ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြက်အစာစျေးနူန်းတွေအနေနဲ့ အမျိုးအစားအလိုက် တအိတ်ကို ၉၀၀၀၀ ကျပ်ဝန်းကျင်ကနေ…

Read More

ရေဘေးကြောင့် ပုံးအင်းဒေသ ကျေးရွာပေါင်း ၂၅ ရွာမှာ မျိုးစပါး အကူအညီ လိုအပ်နေ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ ZY (VOM) ရေဘေးကြောင့် စပါးမျိုးတွေ ပျက်စီးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုံးအင်းဒေသက ကျေးရွာပေါင်း ၂၅ရွာဟာ လက်ရှိအချိန်မှာ မျိုးစေ့အတွက် အကူအညီ လိုအပ်နေပြီး စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသဟာ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်သလို အဲဒီဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်ဖက်အခြမ်းကတော့ ဒေသဦးစီးအဖွဲ့ကို စာတင်ထားတယ်။ တောင်ကြီးဖက် အခြမ်းကတော့ စိုက်ပျိုးရေးဦးသီးဌာနကို စာတင်ထားတယ်။ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာ၊ အခုထိတော့ အကြောင်းမပြန်လာသေးဘူး။ နွေစပါးက စိုက်ရတော့မှာဆိုတော့…

Read More

ထိုင်ဝမ်ရေလက်ကြားမှာ ကနေဒါစစ်သင်္ဘောဖြတ်သန်းပြီးနောက် ကျွန်းအနီးကို စစ်လေယာဉ် ၂၄ စင်း တရုတ်စေလွှတ်

ပေကျင်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်နဲ့ ထိုင်ဝမ်အကြား အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ကနေဒါစစ်သင်္ဘောတစင်း ဖြတ်သန်းခုတ်မောင်းပြီးနောက် ကျွန်းအနီးကို တရုတ်စစ်တပ်က စစ်လေယာဉ် ၂၄ စင်း စေလွှတ်ခဲ့ပါတယ်။ ဒါဟာ ယခုနှစ်အတွင်း ကနေဒါစစ်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းခုတ်မောင်းပြီးနောက် ရက်ပိုင်းအကြာမှာ ဖြတ်သန်းခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုက်လေယာဉ်တွေ ၊ မောင်းသူမဲ့လေယာဉ်တွေအပါအဝင် တရုတ်စစ်လေယာဉ် ၂၄ စင်းဟာ စစ်သင်္ဘောတွေနဲ့အတူ ကျွန်းအနီးမှာ ပူးတွဲတိုက်ခိုက်ရေး အဆင်သင့်ပုံစံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ကနေဒါစစ်သင်္ဘောဖြတ်သန်း ခုတ်မောင်းမှုကိုလည်း လမ်းကြောင်း ပြောင်းဖို့တရုတ်စစ်တပ်က သတိပေးခဲ့တယ်လိုပ ထိုင်ဝမ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ နိုင်ငံတကာရေပိုင်နက်ဆိုကာ ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းခုတ်မောင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကိစ္စအပေါ် တရုတ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက်…

Read More

ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၇ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ “ဒီနေ့ရဲ့ဒုတိယမြောက် ကူညီမှုလမ်းကြောင်းက နာရေးလမ်းကြောင်းပါ။ မြောက်ဒဂုံ (၄၃)ရပ်ကွက်မှ ကြိုးဆွဲချ သေဆုံးသူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တာပါ။သေဆုံးသူက ပြည်ပအလုပ် အကိုင်ရှာဖွေပေးသူဖြစ်ပြီး သူရဲ့ နေအိမ်မှာ ပါတ်စပို့စာအုပ် (၇၀)ခန့်တွေ့ရှိရပါတယ်”လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။ ယခုသေဆုံးသွားသူဟာ မြောက်ဒဂုံမြို့နယ်၊(၄၃)ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာ အလုပ် အကိုင်အဆင်မပြေမှုတွေကြောင့် အခုလိုမိမိကိုယ်ကို စီရင်သွားသူဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်လို့ နယ်ခံလူမှုကူညီရေးသမားတွေက ဆိုပါတယ်။လက်ရှိမှာလည်း သေဆုံးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်သွားသူဖြစ်ပါတယ်။သူရဲ့မိသားစုဝင်တွေနဲ့လည်းအဆက် အသွယ်ရပါပြီ”လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း…

Read More

မင်းသမီးက ခါးမပါဘူး တဲ့

ဆူးငှက်   ကုန်လွန်ခဲ့တဲ့ နှစ်၄၀လောက်က မန္တလေးမှာ အငြိမ့်တစ်ခေတ် တကျော့တပြန် ခေတ်စားလာပါတယ်။ ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ မန္တလေးအငြိမ့်ဟာ ရတနာပုံခေတ်က မယင်းတော်တို့ မကြေးမျှင် (ခေါ်) ဆင်ခိုးမလေးတို့ မထွေးလေးတို့ ဆီကနေ ဆင်းသက်လာပြီး မြခြေကျင်းမငွေမြိုင်တို့ လေဘာတီမမြရင်တို့ သြဘာသောင်းတို့ ဥက္ကလာအေးကြည်တို့ ခေတ်အထိ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ဒီလက်ဆင့်ကမ်းမှုဟာ “အငြိမ့်” ဆိုတဲ့ ဝေါဟာရအတိုင်း တီးတော့လည်း ငြိမ့်ငြိမ့်၊ ဆိုတော့လည်း ငြိမ့်ငြိမ့်၊ က တော့လည်း ငြိမ့်ငြိမ့် ပါပဲ။ ရွှေနန်းတွင်းက သက်ဆင်းခဲ့လေတော့ ရိုင်းလို့မရပါဘူး။ ကြမ်းလို့မရပါဘူး။ ခုန်လို့ ပေါက်လို့ အော်လို့ ဟစ်လို့ မရပါဘူး။   ဒီအစဉ်အလာအတိုင်း အငြိမ့် က ဖြစ်တည်လာလိုက်တာ ကိုလိုနီခေတ်ဦးရောက်တော့ အချိုးအကွေ့တစ်ခု ရောက်ရပါပြီ။ သီချင်းတွေ တေးသွားတွေမှာ အင်္ဂလန် က ဘင်သံတွေ ဝင်လာပါပြီ။…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၁၇ – ၂၀၂၅ SN (VOM) ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ အခေါက်ရွှေဈေး ဆက်တိုက်ဆိုသလို မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၅၀၀ ဝန်းကျင်နဲ့ ဒီတပတ်မှာ ဈေးငြိမ်နေပါတယ်။ စက်သုံးဆီ ဈေးကွက်မှာတော့ ဆီဈေးနှုန်းတွေက အရင်တပတ် ရည်ညွှန်းဈေးအတိုင်း မပြောင်းလဲဘဲ ရှိနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်တက်နေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တပတ် ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေပိုင်းကစလို့ အတက်ဘက်ကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီတပတ် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ အမြင့်ဆုံးဈေး ခြောက်ဆယ့်ခုနစ်သိန်း နှစ်သောင်းဝန်းကျင်အထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊…

Read More

မော်တင်စွန်းဘုရားပွဲ နှစ်စဉ်ကျင်းပမြဲအတိုင်း ၁၅ ရက်ကြာ ပြုလုပ်မယ်

Ms(VOM) ဖေဖော်ဝါရီ၁၆၊၂၀၂၅ ဧရာ၀တီတိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် မော်တင်စွန်းဘုရားပွဲတော်ကို မူလကျင်းပမြဲရက်များ အတိုင်းသာ ၁၅ရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ကပြောပါတယ်။ မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၃ ရက်အထိကျင်းပပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ဘုရားပွဲတော်ကျင်းပဖို့ ဘုရားစေတီတော်ရင်ပြင် သန့်ရှင်းစေဖို့ပြင်ဆင်ဆောင်ရွက်တာတွေနဲ့ ဘုရားဖူးတွေရဲ့လုံခြုံရေးပိုင်းတွေအတွက် လုပ်ဆောင်ဖို့ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ” ဘုရားပွဲကလုပ်ဖြစ်တာဟုတ်ပါတယ်။နှစ်စဉ်အတိုင်းပါပဲ ၊နှစ်စဉ်ပြုလုပ်နေကြ ရက်အတိုင်း လုပ်နေကြအတိုင်းလုပ်မှာပါ၊ကျန်တဲ့ဘုရားပွဲတော်အစီစဉ်တွေက ဘုရားပွဲလုပ်မယ့်ရက်နီးလာရင်ပြန်ပြောမှာပါ”လို့ မော်တင်စွန်းစေတီတော်ဂေါပကအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်များအတွင်း ရခိုင်ပြည်နယ်အစပ်ဖြစ်တဲ့၊ဧရာဝတီတိုင်းငပုတောမြို့နယ်အနီးကရွာတွေမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားတာတွေရှိခဲ့သလို မော်တင်စွန်းတောင်ခြေအနီးနဲ့ ဘုရားဖူးလာရာလမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ပြုလုပ်စစ်ဆေးတာတွေရှိနေကြောင်း ဒေသခံတွေထံကသိရပါတယ်။ ” မော်တင်စွန်းဘုရားပွဲကဒီနှစ်တော့အကျဉ်းချုံးလုပ်မယ်ကြားနေရတာပဲ၊၁၅ရက်လုပ်တာကတော့နှစ်စဉ်အဲဒီရက်အတိုင်းပါပဲ။တိုက်ပွဲတွေဖြစ်တာရှိတော့အရင်ကလောက်တော့စည်မှာမဟုတ်ဘူးထင်တယ်။ဈေးဆိုင်ခန်းနဲ့တည်းခိုနေရာတွေတော့ မလုပ်ကြသေးဘူး။ပွဲတော်ကျင်းပရေးဘက်ကတော့ ဈေးဆိုင်တွေကိစ္စမကြာခင်ပြောမယ်ပြောတယ်။ခုထိတော့ ဘုရားပွဲတော်အတွက်သေချာမသိသေးဘူး။ရေကြောင်းကနေဘုရားဖူးလာမယ့်သူတွေအတွက်ကတော့ဒီဖေဖော်ဝါရီ၅ရက်ထဲကသင်္ဘောစပြေးနေတယ်”လို့ ငပုတောမြို့နေ ဒေသခံတယောက်ကပြောပါတယ်။ နှစ်စဉ် တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ မော်တင်စွန်းဘုရားပွဲတော်ကို ကျင်းပတာဖြစ်ရာ ဘုရားဖူးများတနှစ်ထက်တနှစ်များပြားလာခဲ့လို့၂၀၂၃ခုနှစ်မှာ စေတီတော်ရင်ပြင်ကို တိုးချဲ့ပြုပြင်တာတွေရှိခဲ့တယ်လို့သိရပါတယ်။ မော်တင်စွန်းဘုရားမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းအနီး…

Read More

အခုရက်ပိုင်းအတ္ငင်း စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်ခံရမှုများလာ

ဖေဖော်၀ါရီ ၊ ၁၆ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ အခု ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဥ်တွေ များပြားလာတယ်လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုင်းအ၀ိုင်ဆီနေက သိရပါတယ်။ အဲ့ဒီလို တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေကတော့ တမူးမြို့နယ် ၊ ကလေးမြို့နယ် တောင်ပိုင်း၊ ချောင်းဦးမြို့နယ် ၊ အင်းတော်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကနီမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ” အခုနောက်ပိုင်း နစကတပ်ဘက်က လေကြောင်း စစ်ဆင်ရေးအတွက် Paramortar ( စက်တပ်လေထီး)တွေကို ပြောင်းလဲ အသုံးပြုလာတယ်၊ ဒါ့အပြင် ချေမူန်းရေး နေရာတွေကိုတော့ ဂျက်လေယာဥ်တွေ အသုံးပြုတယ်” လို့ ကနီမြိုခံ တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကနီမြိုနယ် နတ်ကြီးကျေးရွာနဲ့ နတ်လာပို့ရွာဘက်မှာ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက် ခံရတာကြောင့် လူနေအိမ်…

Read More
VOM News

FREE
VIEW