နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော် MICC I မှာကျင်းပတဲ့ လူငယ် ငြိမ်းချမ်းရေးဖိုရမ် (YOUTH PEACE FORUM) ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး၊ လူငယ်အရေး၊ ပညာရေးကဏ္ဍဆိုင်ရာတွေကို အဓိကထား ပြောကြားခဲ့ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)
Read MoreMonth: January 2026
ဖိလစ်ပိုင် အမှိုက်ပုံပြိုကျမှု သေဆုံးသူ ၁၁ ယောက်အထိရှိလာပြီး ပျောက်နေသူ ၂၀ ကျော် အသက်ရှင်ဖွယ်မရှိ
မနီလာ၊ ဇန်နဝါရီ-၁၃-၂၀၂၆ မျိုးဆက်(VOM) ဖိလစ်ပိုင်အလယ်ပိုင်းရှိ အမှိုက်ပုံပြိုကျမှုမှာ သေဆုံးသူဦးရေ ၁၁ ယောက်အထိ မြင့်တက်လာပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စီဘူးမြို့ရှိ ဘီနာလီ၀ူ ပြီးခဲ့တဲ့အပတ်က ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ချိန်မှာ အလုပ်သမား ၁၀၀ ကျော် နေရာမှာရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးများကြားမှ ဒဏ်ရာရသူ ၁၂ ယောက်ကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် လူ ၂၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အပျက်အစီးတွေနဲ့ အမှိုက်တန်ချိန်များစွာ ပြိုကျပြီးသုံးရက်အကြာမှာတော့ ပျောက်ဆုံးနေသူတွေ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဒေသခံမီးသတ်တာဝန်ရှိသူက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြိုကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံရဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အမှိုက်ပုံ စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီကို လုပ်ငန်းတွေရပ်ဆိုင်းထားဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းချက်ကို ရက်…
Read Moreလူငယ်တွေရဲ့ အားကို ယူပြီးတော့ ငြိမ်းချမ်းရေးကဏ္ဍမှာ ပိုမို တိုးချဲ့ လုပ်ဆောင်သွားဖို့ အကောင်ထည်ဖော်မယ်
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ အမျိုးသားအဆင့် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆(YOUTH PEACE FORUM 2026) မှာ ဘယ်လိုလူတွေ ပါဝင်သလဲ၊ ဘယ်လိုတွေ စီစဥ်ထားလဲ ဆိုတာနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်အကောင်ထည်ဖော်မယ် ဆိုတာတွေကို အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က မီဒီယာတွေကို ဖြေကြားထားပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)
Read Moreလူငယ်တွေရဲ့ ငြိမ်းချမ်းရေးမျှော်မှန်းချက် စကားသံ
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ အမျိုးသားအဆင့် ကျင်းပပြုလုပ်နေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အစုအဖွဲ့နဲ့ အလွှာ အသီးသီးက လူငယ်ကိုယ်စား လှယ် ၃၂၀ ဖိတ်ကြားထားပါတယ်။ ဖိတ်ကြားထားတဲ့ လူငယ်ကိုယ်စားလှယ် တချို့ရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်နဲ့ သဘောထားတွေကို VOM က မေးမြန်းထားပါတယ်။ ဒီကနေ့မနက်က ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဖွင့်ပွဲ အခန်းအနားမှာတော့ နိုင်ငံတော် အကြီးအကဲနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေအပြင် ဖိတ်ကြားထားသူ စုစုပေါင်း အင်အားတထောင်ကျော်နဲ့ နေပြည်တော်က MICC I မှာ ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ နေ့လည်ပိုင်းအစီအစဥ်မှာတော့ ညှိနှိုင်းရေးကော်မတီဝင် ၉…
Read Moreထိုင်းပါဆယ်ပို့သမားကို ရိုက်နှက်ခဲ့တဲ့ မြန်မာလုပ်သား ခြောက်ယောက် အဖမ်းခံပြီး ဒဏ်ငွေနဲ့ ပြေလည်
ဇန်နဝါရီ ၁၃ – ၂၀၂၆ SS (VOM) ထိုင်းပါဆယ်ပို့သမားကို ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမား ခြောက်ယောက်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းမှာ ထိုင်းရဲထံ လာရောက် အဖမ်းခံခဲ့ပြီး ဒဏ်ငွေနဲ့ ပြေလည်မှု ရရှိသွားပြီ ဖြစ်တယ်လို့ ထိုင်းနယူးရှိုးသတင်းမှာ ဖော်ပြထားပါတယ်။ ပါဆယ်ပို့သမားနဲ့ မြန်မာ အလုပ်သမားတွေ အချင်းများခဲ့တဲ့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောနယ်မြေရှိ စားသောက်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ဒီနေ့တော့ ဘန်ကောက် (စမွတ်ပရာကန်) မှာ ရန်ဖြစ်ခဲ့တဲ့ အဲဒီ မြန်မာလုပ်သား ခြောက်ယောက် ပုလိပ်ရုံး (ထိုင်းရဲစခန်း) မှာ အဖမ်းခံကြတယ်။ ဒီခြောက်ယောက်က ရန်ဖြစ်ပြီးကတည်းက တိမ်းရှောင်နေကြတာ။ ဒါပေမယ့် ထိုင်းရောက် မြန်မာတွေက ကိစ္စတွေ ကြီးကြီးမားမား…
Read Moreငြိမ်းချမ်းရေးရဲ့ မျိုးစေ့ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဆွေးနွေးပွဲ မွန်းလွဲပိုင်းအစီအစဥ် အစပိုင်းမှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့်အမှာစကားပြောကြားရာမှာ ငြိမ်းချမ်းရေးရဲ့ မျိုးစေ့ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ အစပြုခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့အကြောင်း ဦးစားပေး မှာကြားခဲ့ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်
Read Moreလူငယ်တွေရဲ့ အား ပါဝင်ပေါင်းစပ်လာရင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးအရွေ့က ပိုမြန်လာမယ်
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်း က လူငယ်တွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လက်ဆင့်ကမ်း အမွေ ရစေချင်ကြောင်း ရသင့်နေပြီဖြစ်ကြောင်း လူငယ်ငြိမ်းချမ်းရေးဖိုရမ်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်
Read Moreလူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မှာ ဘယ်လို အစီအစဥ်တွေ ပါဝင်မလဲ
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲမှာ ဘယ်လိုအစီအစဥ်တွေ ထည့်သွင်းထားသလဲဆိုတာနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပဖြစ်တယ်ဆိုတာကို အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်
Read Moreလူငယ်ငြိမ်းချမ်းရေးဖိုရမ် ဒုတိယနေ့ ဆွေးနွေးပွဲ စတင်
နေပြည်တော်၊ ဇန်နဝါရီ – ၁၄- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ ဒုတိယနေ့ မနက်ပိုင်းမှာတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို ပညာရှင် ၁၁ ဦးက ရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ပညာရှင် ၁၁ ဦးက တယောက်ကို ၁၀ မိနစ်ဆီ ဆွေးနွေး ရှင်းလင်းသွားမှာဖြစ်ပါတယ်။ ဒေါက်တာစန်စန်းအေး (လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)က ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာအကြံဉာဏ်များ ဖော်ထုတ်ခြင်း၊ ရယူခြင်း။ ဦးကောင်းကျော်လင်း က ပဋိပက္ခများလျှော့ချရပ်တန့်နိုင်စေရေးအတွက်လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေး ဖော်ထုတ်ခြင်း။ ဒေါက်တာနန်းလှိုင်(မြင်းခြံတက္ကသိုလ်) က လူငယ်နှင့် ခေတ်မီတိုးတက်သော နိုင်ငံရေးအမြင်၊ မျိုးချစ်စိတ်ကိုအခြေခံသော ပြည်ထောင်စုစိတ်ဓာတ်။ ဒေါ်စိုးစိုးမြာ(အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန)ယနေ့ခေတ် လူငယ်များ၏ စိတ်ပါဝင်စားမှုနှင့်ကိုက်ညီသော လူမှုရေး၊…
Read Moreအီရန်ဆန္ဒပြပွဲ လူ ၂၀၀၀ ကျော်သေဆုံး၊ ဆန္ဒပြပွဲတွေ ဆက်လုပ်ဖို့ ထရန့် တိုက်တွန်းထားပြီး အကူအညီတွေ လာနေပြီလို့ဆို
တီဟီရန် ၊ ဇန်နဝါရီ-၁၄-၂၀၂၅ မျိုးဆက်(VOM) အီရန်နိုင်ငံမှာ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုအတွင်း လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်နိုင်ငံသားတွေအတွက် အကူအညီတွေ ရောက်ရှိလာတော့မယ်လို့ ပြောပါတယ်။ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRANA) ကတော့ ပြီးခဲ့တဲ့ ၁၇ ရက်အတွင်း ဆန္ဒပြသူ ၁၈၅၀၊ အစိုးရနဲ့ ဆက်နွှယ်သူ ၁၃၅ ယောက်နဲ့ ဆန္ဒပြပွဲတွေမှာ မပါဝင်တဲ့ အရပ်သား ကိုးယောက်အပြင် ကလေး ကိုးယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ လူပေါင်း ၂၀၀၀ သေဆုံးခဲ့ပေမယ့်လည်း ဒါဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တယ်လို့ အီရန်အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ထရန့်ဟာ အင်္ဂါနေ့ညနေပိုင်းမှာ အီရန်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုကို တက်ရောက်မှာဖြစ်ပြီး သေဆုံးသူအရေအတွက် အတိအကျသိရဖို့ လုပ်ဆောင်မယ်ဆိုပါတယ် ။ “သေဆုံးမှု…
Read More