နေပြည်တော်၊ ဇန်နဝါရီ – ၁၄- ၂၀၂၆ Voice Of Myanmar မှန်းထားတာထက် ပိုပြီး မြေပြင်က အသံတွေကို ပိုကြားရပြီး ကလေးတွေက အမှန်တိုင်း သူတို့ရင်ထဲက စကားတွေကို ပြောသွားတယ်ဆိုတဲ့အကြောင်းနဲ့ လူငယ်တွေနဲ့ လူကြီးတွေရဲ့ ငြိမ်းချမ်းရေးအပေါ် ရှုမြင်ပုံတွေကို လူငယ်ငြိမ်းချမ်းရေးဖိုရမ် မှာ တက်ရောက်နေတဲ့ ဒေါက်တာညိုညိုသင်းက VOM ကို အခုလို ပြောပါတယ်။ #voiceofmyanmar #vom #NSPNC #YouthPeaceForum #နေပြည်တော် #ငြိမ်းချမ်းရေး #ဖိုရမ် #လူငယ်
Read MoreMonth: January 2026
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတဟောင်းကို သေဒဏ်ပေးဖို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေတောင်းဆို
ဆိုးလ်၊ ဇန်နဝါရီ-၁၄-၂၀၂၆ ရတီ(VOM) တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်ကို သေဒဏ်ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ကြပါတယ်။ ဆိုးလ်မြို့ရှိ တရားရုံးတခုဟာ သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်ကို ပြီးခဲ့တဲ့နေ့ ရုံးတင်စစ်ဆေးမှုမှာ နောက်ဆုံးလျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး အစိုးရရှေ့နေတွေကတော့ သူ့ကို ပုန်ကန်မှု ခေါင်းဆောင် အဖြစ် စွပ်စွဲခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ယွန်းဆွတ်ယိုးလ်က ကြိုးပမ်းခဲ့ပြီး ဒီလိုကြေညာမှုဟာ နာရီပိုင်းသာကြာခဲ့ပေမယ့် နိုင်ငံကို နိုင်ငံရေးမငြိမ်မသက်မှုတွေထဲ တွန်းပို့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို လွှတ်တော် ရာထူးမှ ဖြုတ်ချခဲ့ပြီး ရုံးတင်စစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ယွန်းဆွတ်ယိုးလ်ကတော့ သူအပေါ် စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ပုန်ကန်မှုကို ဦးဆောင်တယ်ဆိုတဲ့ စွဲချက်ဟာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်တသက် ချမှတ်နိုင်ပါတယ်။ တောင်ကိုရီးယားမှာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ဘယ်သူ့ကိုမှ…
Read Moreဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်တယောက် ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သတင်းထွက်
ဇန်နဝါရီ ၁၄ – ၂၀၂၆ SN (VOM) ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင် တယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ ဇန်နဝါရီ ၁၃ ရက်၊ ညနေပိုင်းက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။ “ကျွန်တော်တို့ သိထားတာတော့ ဖမ်းတယ်၊ ထိန်းသိမ်းခံရတယ်ဆိုတာတော့ မဟုတ်ဘူး၊ ခေါ်မေးတဲ့အဆင့်လို့ သိရတယ်။ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားခံရတာလို့လည်း ကြားတယ်။ ဘယ်ဟာအမှန်လဲတော့ ကျွန်တော်တို့လည်း မသိသေးဘူး” လို့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒေါ်သက်သက်ခိုင်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ ဇန်နဝါရီ ၁၃ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ၎င်းနေထိုင်ရာ ဗဟန်းမြို့နယ်ရှိ နေအိမ်ကနေ ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့…
Read Moreထိုင်းမှာ မြန်မာလုပ်သား အယောက် ၁၀၀ လောက် အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား
ဇန်နဝါရီ ၁၄ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံ ၊ ချွန်ပူရီမြို့ မှာ မြန်မာလုပ်သား အယောက် ၁၀၀ လောက်ဟာ မြန်မာအချင်းချင်း အုပ်စုဖွဲ့ ရန်ဖြစ် ရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေ အရနဲ့ ထိုင်းရောက်မြန်မာ လုပ်သားတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့ ၊ ည ၁၀ နာရီလောက်က ချွန်ပူရီမြို့နယ် ၊ လမ်းမပေါ်မှာ ရာနဲ့ချီတဲ့ မြန်မာလုပ်သားတွေဟာ အချင်းချင်း စကားများရန်ဖြစ်ကြပြီး တုတ် ၊ ဓားတွေနဲ့ ထိုးနှက် ရိုက်နှက်ခဲ့ကြတာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်မှာ မြန်မာလုပ်သား နှစ်ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ “ည ၁၀ နာရီခွဲလောက်ကြီး ရိုက်ကြ နှက်ကြ တာပါ ။…
Read Moreဘန်ကောက်အနီး ခုတ်မောင်းနေတဲ့ ရထားပေါ် ကရိန်းပြုတ်ကျလို့ လူ ၂၀ သေပြီး ၈၀ ကျော်ဒဏ်ရာရ
ဘန်ကောက်၊ ဇန်နဝါရီ-၁၄-၂၀၂၆ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းတခုဟာ ခုတ်မောင်းနေတဲ့ ရထားတွဲတခုပေါ် ပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၂၂ သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ မတော်တဆမှုဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက မြို့တော်ဘန်ကောက်ရဲ့ မြောက်ဘက်ရှိ နခွန်ရတ်ချစီမာခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ ရထားတွဲမှ အလောင်းတွေကို ဖယ်ရှားနေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိပါတယ်။ ရထားပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၉၅ ယောက်လိုက်ပါခဲ့တာပါ။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ လူ ၈၀ လောက်ဒဏ်ရာရခဲ့ပြီး လူဘယ်နှစ်ယောက် စိုးရိမ်ရတဲ့ အခြေအနေရှိနေလဲဆိုတာကို အတည်ပြုဖို့ ဆေးရုံကို အကြောင်းကြားထားတယ်ဆိုပါတယ်။ “နံနက် ၉ နာရီလောက်မှာ အပေါ်ကနေ တခုခု လျှောကျလာသလို ကျယ်လောင်တဲ့ အသံတစ်ခု ကြားလိုက်ရပြီး ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။…
Read Moreစစ်ရေး နိုင်ငံရေး တင်းမာနေချိန်မှာ လူငယ်တွေရဲ့အသံတွေ ပြောခွင့်ရတာဟာ ရှေ့ကိုရောက်လာတယ်လို့ ယူဆ
နေပြည်တော်၊ ဇန်နဝါရီ – ၁၄- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ မှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ ဖိတ်ကြားချက်အရ facilitator အဖြစ် ဆောင်ရွက်နေတဲ့ ရပ်ဝန်းသစ် မီဒီယာရဲ့ Founder ဖြစ်သူ ကိုအောင်နေပိုင် က လူငယ်တွေရဲ့ အသံတွေ အခန်းကဏ္ဍတွေနဲ့ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကနေ ရရှိလာမယ့်အကျိုးရလဒ်တွေကို အခုလို ဖြေကြားခဲ့ပါတယ်။
Read Moreပဲနွယ်ကုန်းမြို့ အနီးတဝိုက်က ရွာတွေမှာ တိုက်ပွဲဖြစ်ပွားပြီး ရွာလေးရွာထက်မနည်း စစ်ရှောင်နေရ
ဇန်နဝါရီ ၁၄ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပြီး ရွာလေးရွာထက်မနည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့ စုံစမ်းသိရှိပါတယ်။ ပဲနွယ်ကုန်းမြို့နယ်ထဲက ကြိမ်ခါးကုန်းရွာ ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ နဲ့ အင်ကုန်းရွာ ၊ ဆေးရိုးခင်ရွာ တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ တိုက်ပွဲကြောင့် အဲဒီကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ ပဲနွယ်ကုန်းမြို့နဲ့ တမိုင်အကွာအဝေးလောက်သာ ဝေးတယ်လို့ သိရပါတယ်။ ” ပစ်ခတ်သံတွေ လက်နက်ကြီးသံတွေ ဒီတိုင်းကြားနေရတယ်။ အရင်ရက်က ဖြစ်တာ ကြိမ်ခါးကုန်းဘက်တွေမှာ ဖြစ်တာ ။အခုညကစပြီး သဲဖြူရွာတောင်ဘက် ဆေးရိုးခင် ရွာမှာ ဖြစ်နေတာ ။ ကျွန်တော်တို့နဲ့ နီးတော့…
Read Moreရွှေဈေး ကျပ်သိန်း ၁၀၀ နီးပါးအထိ အတက်ကြမ်းလာလို့ ဆိုင်တချို့ အခေါက်ရွှေ အရောင်းပိတ် ဇန်နဝါရီ ၁၄ – ၂၀၂၆ SS (VOM) မြန်မာ့ရွှေဈေး တကျပ်သား ကျပ် သိန်း ၁၀၀ နီးပါးအထိ ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီးတဲ့နောက် ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ အခေါက်ရွှေ ရောင်းချတဲ့ ရွှေဆိုင်တချို့ အရောင်း ပိတ်လိုက်ပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိပါတယ်။ ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်နေမှုနဲ့အတူ အခေါက်ရွှေဈေးဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ တကျပ်သား ကိုးဆယ့်ကိုးသိန်း နှစ်သောင်း ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး သုံးရက်အတွင်း ကျပ် သုံးသိန်းကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ “ကမ္ဘာ့ရွှေလည်း အတော်လေးကို အတက်ကြမ်းတယ်။ ပြည်တွင်းရွှေလည်း ဈေးအရမ်းတက်တော့…
Read Moreအီရန်နဲ့ တင်းမာနေချိန် ကာတာရှိ လေတပ်အခြေစိုက်စခန်းမှ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့ဝင်တွေ တစိတ်တပိုင်း ရွှေ့ပြောင်း
ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၆ ရတီ(VOM) အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်နင်းမှုနဲ့ပတ်သက်ပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ အရေးယူရန် စဉ်းစားနေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ကာတာနိုင်ငံရှိ အယ်လ်-ယူဒိုက်လေတပ်အခြေစိုက်စခန်းရှိ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချနေသည်။ အမေရိကန်ရဲ့ တစိတ်တပိုင်း ဆုတ်ခွာမှုဟာ ကြိုတင်ကာကွယ်မှုအစီအမံ တခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အစီအမံတွေဟာ လက်ရှိဒေသတွင်းတင်းမာမှုများကို တုံ့ပြန်တဲ့ အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ကာတာအစိုးရဲ့ ကြေညာချက်မှာ ပြောပါတယ်။ စစ်ဘက်ဝန်ထမ်းတွေကို ဖယ်ရှားတာနဲ့ ပတ်သက်ပြီး ကာတာအစိုးရက “အရေးပါတဲ့ အခြေခံအဆောက်အအုံတွေနဲ့ စစ်ဘက်အဆောက်အအုံတွေ ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေအပါအဝင် နိုင်ငံသားတွေနဲ့ ဒေသခံတွေ လုံခြုံရေး၊ ဘေးကင်းရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ထိပ်တန်းဦးစားပေးအဖြစ် အကောင်အထည်ဖော်သွားပါမယ် ” လို့ ပြောပါတယ်။ လုပ်ငန်းလည်ပတ်မှုလုံခြုံရေးကြောင့် ဗြိတိန်မှ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက…
Read Moreလူငယ် ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ ဆွေးနွေပွဲ ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ သုံးရက်တိုင် ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဆွေးနွေးပွဲ တတိယနေ့ မနက်ပိုင်း ဆွေးနွေးပွဲ စတင်နေပြီ ဖြစ်ပါတယ်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ ကို အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဦးဆောင် ကျင်းပတာဖြစ်ပါတယ်။ လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း။ ကွန်ရက်အလိုက် စီမံချက်အဆိုပြုချက်များတင်ပြခြင်း။ (ကွန်ရက် ၄ ခုမှ လုပ်ငန်းအဆိုပြုချက်၄ ခုအား ကိုယ်စားလှယ်အဖွဲ့ (အများဆုံး သုံးဦး)မှ တစ်ဖွဲ့လျှင် ၁၅ မိနစ်ခန့် တင်ပြရန်။ကွန်ရက်အလိုက် အဆိုပြုချက်များကို ပညာရှင် ၄ ဦးက အကြံပြုဆွေးနွေးခြင်း။ကွန်ရက်အလိုက် အဆိုပြုချက်များကို လူငယ်အချင်းချင်း…
Read More