တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ ဧရာမဆိုင်းဘုတ်ကြီး​တွေနဲ့ မဲဆွယ်

မန္တ​လေး-ဇန်နဝါရီ ၁၈-၂၀၂၆ Voice Of Myanmar မန္တ​လေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီဟာ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် တတိယပိုင်း​ရွေး​ကောက်ပွဲမှာပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က ကိုယ်စားလှယ်​​လောင်း​​တွေ​ အောင်နိုင်​ရေးအတွက် ​အလျားပေ၃၀ အနံ၁၂ ​ပေအမြင့်ရှိတဲ့ ဆိုင်းဘုတ်ကြီး ၄ခုကို လူစည်ကားတဲ့​နေရာ​တွေမှာ ဒီက​နေ့ဇန်နဝါရီ ၁၈ ရက်က စိုက်ထူပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းနဲ့ မ​နော်ဟရီလမ်း၊ မဟာမုနိဘုရားကြီး အ​ရှေ့ ၄၅ တာကွင်း၊ ကန်​တော်ကြီးနဲ့ စစ်ကိုင်းမန္တ​လေးလမ်းဆုံ၊ ဦးပွားဘုရားအ​ရှေ့ဘက် ချမ်း​တောင်ရပ်ကွက်​တွေမှာ စိုက်ထူပြီး ဘင်ခရာတီဝိုင်း​တွေ ပါတီဝန်းရံသူ​တွေနဲ့ ဖွင့်လှစ် မဲဆွယ်ခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်မှာ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦး​ကျော်မျိုး​ရွှေ(FPTP) ဦးမြင့်စန်း(PR) ၊ ပြည်သူ့လွှတ်​တော်အတွက် ​ဒေါ်တင်မာကြိုင်၊ တိုင်းဒေသကြီးအတွက် ​ဒေါ်သန္တာဝင်း(FPTP) ၊ တိုင်း​ဒေသကြီး PR အတွက် ဦးခင်​မောင်ဝင်း၊ ဦးမျိုး​ကျော်၊ဦး​​ဇော်လင်းထက်၊ ဦးမိုးဝင်းထွဋ်နဲ့ ဦးဝင်းကိုကိုတို့က ယှဥ်ပြိုင်မယ်လို့…

Read More

ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကော့ကရိတ်မြို့မှာ တိုက်ပွဲ ပြင်းထန်နေ

ဇန်နဝါရီ ၁၈ – ၂၀၂၆ SS (VOM) ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အစိုးရတပ် စစ်ကြောင်းတွေဟာ မနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ စောဟဲ၊ ကောင်းမှုနဲ့ မိပါလဲ့ စတဲ့ ကျေးရွာတွေဘက်ကို အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကျေးရွာတွေဘက် ရောက်လာတဲ့ အစိုးရစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပေါ့။ မနေ့မနက် ၇ နာရီခွဲလောက်ကစပြီး ညနေပိုင်းအထိ တိုက်ပွဲတွေ မရပ်မနား ဖြစ်ခဲ့တယ်။ တိုက်ပွဲက ဒီ…

Read More

မယ်စဲ့ထောင်က အကျဥ်းသား ၈၀ လောက် သေနတ် ကိုးလက်ယူ​ပြီး ထွက်ပြေး

ဇန်နဝါရီ ၁၈ ၊ ၂၀၂၆ GG (VOM) ထိုင်း – မြန်မာနယ်စပ် မြို့ဖြစ်တဲ့ ကယားပြည်နယ်၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့ အကျဥ်းထောင်ကနေ ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မနက်၊ အစောပိုင်း ၁ နာရီလောက်က အကျဥ်းသား ၈၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ် ။ အကျဥ်းသားတွေနဲ့အတူ သေနတ် ကိုးလက်လည်း ပါသွားပြီး လွတ်မြောက်သွားတဲ့ အကျဥ်းသားတွေကတော့ တိုက်ပွဲအကြားမှာ ဖမ်းဆီးရမိခဲ့တဲ့ အစိုးရတပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရှိ ရပါတယ်။ ” လက်နက်တွေပါ ယူသွားတယ် ။ အကျဥ်းသားက ပထမ သိရတာ ၅၀ ကျော်လို့သိရတယ်။ အဲဒီနောက် ထပ်သိရတာ အခု ၈၀ လောက်လို့ သိရတယ်။ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ လက်နက်တွေ ပါသွားတော့…

Read More

သရက်ကင်း လှေကား ၊ ဘုရားခန်း ရွှေပိန်းချ မြန်မာမှု ၊ အနုလက်ရာ ရွှေဇဝါ မျက်နှာကျက် နှင့် အသက်ရာကျော် အလယ်တိုက်ကြီးများ

ဆူးငှက် ရှေးအခါက မြန်မာဗိသုကာများသည် သစ်သားဘုန်းတော် ကြီးကျောင်းများကို ပြာသာဒ်ဆောင်၊စနုဆောင်၊ ဆောင်မကြီး (အရှေ့ မာရဘင်ဆောင်နှင့် အနောက် မာရဘင်ဆောင်)၊ ဘောဂဆောင်တို့ဖြင့် တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းတည် ဆောက်လေ့ရှိခဲ့ကြသည်။ ကျောင်းအဆောက်အအုံ၏ ထိပ်ဆုံးတွင် ပြာသာဒ်ကို ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့်တင်လေ့ရှိသည့်အနက် ပြာသာဒ် ခုနစ်ဆင့်ကို အများဆုံးမြင်တွေ့ကြရသည်။ ပြာသာဒ်ဆောင်၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် လှေကား တစ်စင်းစီ တပ်ဆင်ထားပြီး ပြာသာဒ်ဆောင်လှေကားမှ မင်းနှင့် ဆရာတော်များသာ အတက်အဆင်းပြုကြရသည်။ ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတုတော် ထား ရှိသည်။ ပြာသာဒ်ဆောင်နှင့် ဆောင်မကြီးကို ဆက်ထားသည့် အဆောင်သည် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနေထိုင်၍ အာဂန္တုဧည့်သည် ရဟန်းသံဃာများကို ဧည့်ခံတွေ့ဆုံသည့် စနုဆောင်ဖြစ်သည်။ တကယ်တော့ မန္တလေးရတနာပုံနေပြည်တော်သည် အပူပိုင်းဒေသတွင်တည်ရှိပြီး နန်းတော်မှအစ ဘုန်းတော်ကြီး ကျောင်းကြီးများအလယ် လူနေအိမ်ခြေအဆုံး ဝါး သစ်သား ဝါးထရံ…

Read More

ပြည်ပသွားမယ့် အလုပ်သမားတွေ ခွင့်ပြုချက်စာရင်းပါမှ ထွက်ခွာခွင့်ရမယ်

ဇန်နဝါရီ ၁၂ – ၂၀၂၆ SS (VOM) ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့် ရရှိတော့မှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၁ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။ မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခြင်း၊ ခွင့်နဲ့ ပြန်လာခြင်းတွေအတွက် ပြည်ပပြန်လည် ထွက်ခွာလိုပါက အရင်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနကို အီးမေးလ် ပေးပို့ကာ ထွက်ခွာခွင့် ပြုထားတာဖြစ်ပေမယ့် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ အဲဒီစနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်တုန်းကတော့ အဲဒီ အချက်အလက်တွေကို အီးမေးလ်ကနေ ပို့ခိုင်းတယ်။ ပြီးရင် သူတို့က…

Read More

ရွေးကောက်ပွဲ အပိုင်း-၂ ကြိုတင်မဲကိစ္စ နိုင်ငံရေးပါတီအချို့ ဝေဖန်

ဇန်နဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ကြိုတင်မဲ နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ၊ ကွာဟချက်တွေ ဆက်ရှိနေသေးတယ်လို့ နိုင်ငံရေးပါတီအချို့က ဝေဖန်ပြောဆိုကြပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ” တချို့နေရာမှာ ကြိုတင်မဲတွေ ကွာဟတာရှိတယ်။ ကွာဟတယ်ဆိုတာ ပုံစံမှာ ဖြည့်ထားတဲ့ မဲတွေရဲ့ မဲအရေအတွက် ကွာတာတွေရှိတယ်။တချို့က ​ကြိုတင်မဲလက်မှတ်မှာ သက်ဆိုင်ရာကော်မရှင်ခွဲက လက်မှတ်ထိုးတာမှာ လက်မှတ်က တမျိုးတည်းမဟုတ်ဖြစ်မနေဘဲ သုံးမျိုး လေးမျိုးတွေ့ကတယ် ။အဲဒါ တောင်ဥက္ကလာ ဘက်မှာပါ။ နေရာအချို့မှာတော်တော်များများ ဖြစ်စဥ်တွေရှိပါတယ်။ ဖြစ်စဥ်တခုနဲ့ တခုတော့မတူဘူး ။ ဧရာဝတီတိုင်းဘက်ကလည်း တင်ပြတာရှိတယ်။ ” လို့ ပြောပါတယ်။ ဒါအပြင် မဲရုံတွေကို…

Read More

အီရန်နဲ့ ကုန်သွယ်တဲ့နိုင်ငံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ထရန့်ပြော

တီဟီရန် ၊ ဇန်နဝါရီ-၁၃-၂၀၂၆ မျိုးဆက်(VOM) အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုရှိတဲ့ နိုင်ငံတွေမှ ကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တတိယအပတ်ရောက်ရှိလာချိန်မှာ အီရန်အပေါ် ဖိအားပေးတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုအခွန်ကောက်ခံမှုဟာ ချက်ချင်း အသက်ဝင်မယ်လို့ ထရန့်က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး အဲဒီနောက်မှာတော့ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီနဲ့ အိန္ဒိယတို့ ရှိနေပါတယ်။ ဘယ်နိုင်ငံက သွင်းကုန်တွေ အပြင်းထန်ဆုံးထိခိုက်မယ်ဆိုတာ အပါအဝင် အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေကို အိမ်ဖြူတော်က ထုတ်ပြန်ခြင်းမရှိပါဘူး။ အီရန်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ပါက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြီးနောက် ယခုအခွန်ကောက်ခံမှုအသစ် ထွက်ပေါ်လာတာပါ။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကတော့ အီရန်ကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးရွေးချယ်မှုတွေ စားပွဲပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အီရန်ငွေကြေး…

Read More

နေပြည်တော်မှာ ပထမဆုံးအကြိမ် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ က ဦးဆောင်ပြီးတော့ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ MICC I မှာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ဇန်နဝါရီ ၁၃ ရက်နေ့ ကစပြီး ဇန်နဝါရီ ၁၅ ရက်နေအထိ ၃ ရက်တိတိ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဟာ (က) ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သောလူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးသည်ကို…

Read More

ပြည်တွင်းရွှေဈေး ၉၇ သိန်းဝန်းကျင်နဲ့ ထပ်မံ စံချိန်ချိုး

ဇန်နဝါရီ ၁၃ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး ဆက်တိုက် အတက်ကြမ်းနေမှုနဲ့အတူ လက်ရှိ ပြည်တွင်းက အခေါက်ရွှေဈေးဟာလည်း ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျပ် ၉၇ သိန်းဝန်းကျင်ကို ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီး မြန်မာ့ရွှေဈေး သမိုင်းတလျှောက် အမြင့်ဆုံးဈေး ဖြစ်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ မနက်ပိုင်းမှာ အခေါက်ရွှေ တကျပ်သား ကိုးဆယ့်ငါးသိန်း ကိုးသောင်းကျပ် ဝန်းကျင်မှာ ရှိခဲ့တာဖြစ်ပြီး တရက်အတွင်း ကျပ် တသိန်းကျော် မြင့်တက်လာတာဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဈေးတန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တပတ်အတွင်း ကျပ် သုံးသိန်းကျော်ဝန်းကျင် အတက်ရှိခဲ့တာကို တွေ့ရပါတယ်။ “လက်ရှိ ပြည်တွင်းရွှေဈေး အခြေအနေက ကမ္ဘာ့ဈေးပေါ်…

Read More

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုနဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်မှာ တွေ့မယ်

ကရာကတ်စ်၊ ဇန်နဝါရီ-၁၃-၂၀၂၆ ရတီ(VOM) ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒိုဟာ ကြာသပတေးနေ့မှာ သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မှာ ဖမ်းဆီးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ယခုခရီးစဉ် ထွက်ပေါ်လာတာပါ။ ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မာချာဒိုကို ဗင်နီဇွဲလားခေါင်းဆောင်သစ်အဖြစ် ဒေါ်နယ်ထရန့်က ထောက်ခံခြင်းမရှိခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ မာဒူရိုရဲ့ ဒုတိယသမ္မတဟောင်း ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကို ထောက်ခံခဲ့ပါတယ်။ မာချာဒိုက မာဒူရိုအပေါ် လုပ်ဆောင်ချက်အတွက် ထရန့်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် ထရန့်အတွက် သူမရဲ့ နိုဘယ်ဆုကို လွှဲပြောင်းပေးလိုတယ်လို့ ပြောကြားခဲ့ပေမယ့် နိုဘယ်ကော်မတီကတော့ ဒီလိုလွှဲပြောင်းပေးလို့မရဘူးလို့ သတိပေးခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ မာဒူရိုကို ရာထူးမှဖယ်ရှားပြီးနောက် ထရန့်က မာချာဒိုဟာ…

Read More
VOM News

FREE
VIEW