ဧပြီ ၃၀ ၊ ၂၀၂၆ CKC (VOM) နေပြည်တော်ကောင်စီ ၊ ဥတ္တရသီရိ မြို့နယ်မှာ ကဆုန်လပြည့်နေ့ ဘုရားဖူးလာတဲ့ သုံးဘီးနောက်တွဲတိမ်းမှောက်လို့ အမျိုးသားတယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ၁၁ နာရီလောက်မှာ ဥတ္တရသီရိမြို့နယ်ရှိ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်အလာ အဆင်းလမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားဖူး သုံးဘီးကားပေါ်မှာ ယာဥ်မောင်းအပါ ၁၆ ယောက်လောက် လိုက်ပါလာတာဖြစ်ကြောင်း သိရပြီး ကားက ဝိတ်တအားများပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဗုဒ္ဓဂယာဘုရား ဖွားပွင့်ဟောစံ အဆင်းလမ်းမှာမှောက်တာ ။ တကယ့်ဂုံးဆင်းကြီးမှာ.မထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ဝိတ်ကအတော်ကို များတယ်။ လူ ၁၆ ယောက်လောက်ဆိုတာ…
Read MoreMonth: May 2026
အင်းတော်ကို တပ်က ပြန်လည်ရရှိ ၊ ကသာမှာလည်း စစ်ရှောင်တွေ အများစုပြန်ဝင်ရောက်လာ
ဧပြီ ၃၀ ၊ ၂၀၂၆ GG (VOM) အင်းတော်မြို့ကို အစိုးရတပ်စစ်ကြောင်းက ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ပြန်လည် ရရှိသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ် ။ အစိုးရတပ်တွေဟာ အင်းတော်မြို့နဲ့ ခြောက်မိုင်လောက်သာဝေးတဲ့ နဘားလမ်းဆုံကို ဧပြီ ၂၉ ရက်နေ့မှာ ထိုးဖောက် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကြောင်းက အင်းတော်မြို့တွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အင်းတော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ပေးတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ဆုတ်ပေးလိုက်ရတာကြောင့် အစိုးရတပ်စစ်ကြောင်းက မြို့ထဲဝင်ရောက်ပြီး နေရာယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” အင်းတော်ကို ဒီနေ့ရပါပြီ။ မြို့ထဲမှာ ဘာမှမရှိတော့ဘူး ။ PDF တွေလည်း မရှိတော့ဘူး ။မြို့ကလည်း ပျက်နေပါပြီ။…
Read Moreနိုင်ငံတော် ဒုတိယ သမ္မတနှစ်ဦး နဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ နေပြည်တော်မာရဝိဇယစေတီတော်မြတ်ကြီးမှာ ညောင်ရေသွန်းလောင်းပူဇော်
နေပြည်တော် ဧပြီ ၃၀-၂၀၂၆ KKL(VOM) နေပြည်တော် မာရဝိဇယ စေတီတော်မြတ်ကြီး မှာ နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးညိုစော ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေး နဲ့ ပြည်ထောင်စုအဆင့်မှာ ပါဝင်ကြတဲ့ပုဂ္ဂိုလ်တွေ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေက နေပြည်တော် မာရဝိဇယစေတီတော်မြတ်ကြီးမှာ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါတယ်။
Read Moreလွတ်ငြိမ်းသက်သာခွင့်ပေးတာတွေ နှုတ်ရင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်ဟာ ၁၃ နှစ်ဝန်းကျင် ကျန်နေနိုင်သေး
ဧပြီ ၃၀ – ၂၀၂၆ S3(VOM) နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေထဲက နှစ်တချို့ကို လွတ်ငြိမ်းသက်သာခွင့်တွေ ပေးခဲ့တာမှာ ခန့်မှန်းချက်တွေအရ ထောင်ဒဏ် ၁၃ နှစ်ဝန်းကျင်လောက် ကျန်ရှိနေနိုင်သေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ် ၂၅ နဲ့စွဲထားတဲ့အမှု နှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ – ၈ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (ခ) တို့နဲ့ စုစုပေါင်း ထောင်ခြောက်နှစ် ချထားတာတွေကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်…
Read Moreဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့်နေရာအား ပြောင်းလဲသတ်မှတ်ပေးကြောင်း ကြေငြာ
ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့်နေရာအား ပြောင်းလဲသတ်မှတ်ပေးကြောင်း ကြေငြာ နေပြည်တော် ဧပြီ ၃၀
Read Moreသူတို့အိမ် အခန်း (၉၉)
ဆူးငှက် ကျွန်တော်နှင့် ဆေးမခြောက်တော့သော ပန်းချီကား ———————————————– ကျွန်တော်က ပန်းချီဝါသနာပါသည်။ ထိုအကြောင်းကို တဖွဖွ ပြောခဲ့ပြီးပါပြီ။ တကယ်တမ်း တက္ကသိုလ် ရောက်တော့ ပန်းချီနှင့်ပဲ စတင် ထိတွေ့ဖြစ်ပါသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၇၆ခုနှစ်မှာပဲ ကျောင်းမှာ ပန်းချီပြပွဲ ပြုလုပ်သည်။ ထိုစဉ်ကာလ ကျွန်တော်က ဝါးတန်း ကောင်းမြင့် ပုံနှိပ်တိုက် အမှိုက်ပုံထဲက စွန့်ပစ် ပုံနှိပ်မင် ဘူးထွေထဲက ဆေးတွေနှင့် တောက်တိုမယ်ရ ဟိုရေးသည်ရေး လက်ဆော့နေသည့် အချိန် ဖြစ်သည်။ ထိုစဉ် ၂၆ဘီလမ်း ငှုက်နီတိုက်က ဆီဆေးအတောင့်တွေ ရှားရှားပါးပါး ရောင်းတာ တွေ့လိုက်သည်။ ငှက်နီတိုက်က ပန်းချီဆရာကြီး ဦးလှပေါ်၏ တိုက်ဖြစ်သည်။ ဆီးဆေားတောင့်ကို အခုမှ မြင်ဖူးသည်။ ထို့ကြောင့် စုထားသည့် မုန့်ဖိုးလေးနှင့် ဝယ်လိုက်သည်။ ဘာရောင်တွေ ညာရောင်တွေ မသိ။ မျက်စေ့ထဲ တည့်သည့်…
Read More