ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူရှစ်ယောက် သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားအနီးကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတယ်လို့ သိရပါတယ် ။ ” ခုသိရသလောက်က ရှစ်ယောက်သေတယ် သိရတယ် ။ အမျိုးသားကခုနှစ်ယောက်နဲ့ အမျိုးသမီးတယောက်ပါ။ ဒဏ်ရာရလည်းရှိတယ်။ ကားနဲ့ဆိုင်ကယ်တွေလည်း ပျက်စီးသွားတယ် သိရတယ် ။ ” လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားဟာ ကန်ပက်လက်မြို့နဲ့ ပလက်ဝမြို့ကို သွားလာနိုင်တဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။ ကျင်ဒွေးမြို့လေကြောင်း တိုက်ခိုက်မှု…
Read MoreMonth: May 2026
ဖားကန့်၊ လုံးခင်းကျေးရွာမှာ KIA တပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ပြင်းထန်နေ
ဧပြီ ၂၉ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ အစိုးရတပ် တပ်စွဲထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ လုံးခင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး ဝါရာဇွပ်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်နဲ့ ရှမ်းနီတပ်တွေ ပါဝင်တဲ့ အစိုးရ စစ်ကြောင်းတွေဟာ ရွာအဝင်အထွက်တွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။ ဒါအပြင် လုံးခင်းရွာအတွင်းရှိ လူနေအိမ်တွေ၊ လူမှုကူညီရေးရုံး၊ ဂေါက်ကွင်းအနီးနေရာ၊ ထွန်းတောက်ဆီဆိုင်၊ သုသာန်၊ ဆေးရုံကုန်း၊ နှစ်မျက်နှာဘုရားပေါ် အစရှိတဲ့ နေရာတွေမှာလည်း အုပ်စုခွဲပြီး တပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။ “KIA ဘက်က ဒရုန်း၊ လက်နက်ကြီးတွေ ဆက်တိုက်သုံးပြီး…
Read Moreမန္တလေး ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ
မန္တလေး၊ ဧပြီ – ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ် ကွက်သစ် (၂) နံပါတ် ၂ ကျတဲ့ ရွှေလေးကွက်သစ်(၁) တို့ကဝင်းခင်းပြီးတော့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သပြေတန်းရပ်ကွက်၊ သက္ကယ်တော်ကျေးရွာ၊ စိန်တုန်းကျေးရွာ ၊ ရွာသစ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ရွှေဟင်္သါကျေးရွာ ၊ မိုးကောင်းကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ပတ္တမြားကျေး ရွာ၊ ကိုးသင်းကျေးရွာ၊ ခဝါကျေးရွာ ၊ ရွှေလောင်းကျေးရွာ၊…
Read Moreမန္တလေး ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ (ရုပ်သံ)
မန္တလေး၊ ဧပြီ – ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ် ကွက်သစ် (၂) နံပါတ် ၂ ကျတဲ့ ရွှေလေးကွက်သစ်(၁) တို့ကဝင်းခင်းပြီးတော့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သပြေတန်းရပ်ကွက်၊ သက္ကယ်တော်ကျေးရွာ၊ စိန်တုန်းကျေးရွာ ၊ ရွာသစ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ရွှေဟင်္သါကျေးရွာ ၊ မိုးကောင်းကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ပတ္တမြားကျေး ရွာ၊ ကိုးသင်းကျေးရွာ၊ ခဝါကျေးရွာ ၊ ရွှေလောင်းကျေးရွာ၊…
Read Moreအကျဉ်းသား ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ထဲ မန္တလေးတိုင်းက ၂၀၀ကျော်ပါရှိ
မန္တလေး -ဧပြီ ၃၀-၂၀၂၆ VOM နိုင်ငံတော်သမ္မတက ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။ ဒီထဲမှာ မန္တလေးတိုင်းအတွင်း အကျဥ်းထောင်တွေက ကျား ၁၆၉ ၊ မ ၄၇ စုစုပေါင်း ၂၁၆ယောက်လွတ်တာမှာ မန္တလေးအိုးဘို…
Read Moreစုံ / မ ရက်၊ ကန့်သတ်ချက် ပယ်ဖျက်ပေးဖို့ ပြည်သူအများ လိုလား
ဧပြီ ၃၀ ၊ ၂၀၂၆ GG (VOM) ကားနဲ့ဆိုင်ကယ်တွေ စုံ / မ ရက် သတ်မှတ်ချက်အလိုက်သာ လမ်းေပါ်ထွက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ ပြည်သူလူထုက တောင်းဆိုမှု မြင့်တက်လာနေ ပါတယ်။ စုံ / မ ရက် ကန့်သတ်မှုက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေအတွက် ပိုပြီး အဆင်မပြေမှုတွေ ဖြစ်လာနေကြောင်း ၊ စုံ / မသတ်မှတ်ချက်ကြောင့် အိမ်စီးကားအများစု အဖမ်းခံရပြီး တရားရုံးမှာ ဒဏ်ကြေးဆောင်ရတာတွေလည်း ရှိနေသေး တယ်လို့ သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီကလည်း ကား နဲ့ဆိုင်ကယ်ကို QR ကုတ်စနစ်နဲ့ ဆီပမာဏသတ်မှတ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်လို့ စုံ/ မ ရက်ခွဲပြီး လမ်းပေါ်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုရှိလာတာဖြစ်ပါတယ်။ “ရန်ကုန်မှာ ည ၉နာရီ…
Read Moreကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်နယ်မြေတွေမှာ လေကြာင်းနဲ့ ဒရုန်းဗုံး ဆက်တိုက်ကြဲချတိုက်ခိုက်ခံနေရလို့ သေဆုံးနဲ့ ဒဏ်ရာရမှုတွေရှိ
ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာခရိုင် ၊ တပ်မဟာ ၆ နယ်မြေထဲက ကျေးရွာတချို့မှာ လေကြောင်းနဲ့ ဒရုန်းဗုံးတိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက်သေဆုံးပြီး လူ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က ဧပြီ ၂၉ ရက်နေ့မှာ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာ သတ္တုခဲမိုင်းတွင်းနေရာကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ၁ဝ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ မနေ့က ကော့ကရိတ်မြို့နယ် တောင်ပိုင်း ၊ အံဖကြီးကျေးရွာရှိ ဖန်းခါးကုန်းအပိုင်းမှာလည်း ဒရုန်းဗုံးကြဲချတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ.နောက်ထပ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၂ နာရီလောက်မှာ မက္ကသာ မိုင်းတွင်းဘက် ကို လေယာဉ်နဲ့ ခြောက် ကြိမ်လောက်…
Read Moreချင်းပြည်နယ် (တောင်ပိုင်း) အစပ်မှာ တိုက်ပွဲတွေတိုးနေ
ဧပြီ ၃၀ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (တောင်ပိုင်း) အစပ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေစိပ်လာနေတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ လက်ရှိမှာ မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ် (အမတ ၃၆၈) မှ အစိုးရတပ်တွေဟာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ၁၂ မိုင်အကွာရှိ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကစပြီး အင်အားအများအပြားနဲ့ ရောက်ရှိလာကာ အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။ “အရင်ကလည်း နယ်မြေရှင်းလင်းရေး လုပ်တာလိုမျိုး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခုလို အထိုင်ချ တပ်စွဲတာမျိုးတော့ မရှိခဲ့ဘူး။ အစိုးရတပ်အနေနဲ့ ဖလမ်းကို ထိန်းပြီးပြီဆိုတော့ ချင်းတောင်ပိုင်းကို ဆက်ပြီး ထိုးစစ်ဆင်လာနိုင်တဲ့သဘော ရှိနေတယ်။ ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ လေကြောင်းရန်ကို အထူး…
Read Moreဒီနေ့ လွတ်ငြိမ်းခွင့်နဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ ပြန်လွတ်လာ
ဧပြီ ၃၀ ၊ ၂၀၂၆ CC (VOM) ရွေးကောက်ပွဲ ဥပဒေနဲ့ဖမ်းဆီးပြီး ထောင်ချခံထားရတဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ဟာ ဒီကနေ့ ကဆုန်လပြည့်နေ့ ၊သမ္မတပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ မိသားစုနီးစပ်သူဆီက သိရပါတယ်။ ” အိမ်ရောက်နေကြပါပြီ။ ကိုသက်လွင် ဖုန်းပြောပြီးပါပြီ။ အောင်ချမ်းလူလဲ ရောက်ပါပြီ ။ အုန်းဒိုင်း တို့ နဲ့တော့ မပြောရသေးဘူး ။ကျော်ဝင်းထွဋ်လေးရော မတွေ့ရသေးပါဘူး ။ ဒါပေမယ့်သူတို့နှစ်ယောက်လည်း လွတ်တာ သေချာပါတယ်။ ” လို့ မိသားစုနဲ့ နီးစပ်သူ ရုပ်ရှင်အနုပညာအသိုင်းဝိုင်းလောကသား တယောက်က ပြောပါတယ်။ အဆိုပါ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်လောက်မှာ…
Read Moreမြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးအဖွဲ့မှာ တပ်မတော်သား ပါဝင်ရမယ့်အချက်ကို ပယ်ဖျက်လိုက်တော့ ဘာထူးခြားလာမလဲ
ဧပြီ ၃၀ – ၂၀၂၆ SN (VOM) မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့နေရာမှာ အရင်က တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပြင်ဆင် ပယ်ဖျက်လိုက်တာဟာ စစ်အုပ်ချုပ်ရေးယန္တရားကနေ အရပ်ဘက်ယန္တရားကို အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ပါ ညွှန်ကြားချက်အမှတ် ၃/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက အခု ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ ရက်စွဲနဲ့ ပြင်ဆင်ချက်မှာ တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ခဲ့တာ တွေ့ရပါတယ်။ အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ပါ ညွှန်ကြားချက်အမှတ် ၄/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ…
Read More