ဧပြီ ၂၈ – ၂၀၂၆ SN (VOM) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ အယောက် ၂၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ မနေ့ ဧပြီ ၂၇ ရက်၊ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီအထိ သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်မှာ ခြောက်ယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်မှုက နှစ်ကြိမ်ဖြစ်တာ။ ဆက်တိုက်ဆိုသလိုပဲ။ ခြောက်ယောက် နေရာတင် ပွဲချင်းပြီး သေတယ်။ ပျောက်နေတဲ့သူတွေလည်း ရှိနေသေးတယ်။ သေဆုံး ထပ်တိုးနိုင်တယ်။ လေကြောင်းအပြင်ကိုမှ ရွှေနန်းကလေးအခြေစိုက် လက်နက်ကြီး အထိုင်စခန်းကနေလည်း ငွေတောင်ရွာနဲ့ ဗဟန်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်း ရှိတယ်”…
Read MoreMonth: May 2026
မြန်မာ – တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ဓာတ်ပုံနဲ့ ပန်းချီပြိုင်ပွဲ
မန္တလေး၊ ဧပြီ – ၂၈- ၂၀၂၆ SA(VOM) မြန်မာ – တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ် ကျင်းပခဲ့တဲ့ ” ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ဓာတ်ပုံနဲ့ ပန်ချီပြိုင်ပွဲ” မှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုအသီးသီး ရရှိခဲ့သူတွေကို ဒီကနေ့ ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ကမ်းနားလမ်း ၃၄ လမ်းနဲ့ ၃၅ လမ်းကြားက ကြင်းတော်ယန် ဗုဒ္ဓဘာသာ ဘုရားကျောင်း မှာ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတေဇကျော်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ် နဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်(ဟောင်း) ဦးမောင်ကို တို့ တက်ရောက်ခဲ့ပါတယ်။…
Read Moreမြောင်းမြ ပကိတ်ကြီးရွာမှာ မီးလောင်လို့ အိမ်နဲ့ဂိုဒေါင် ၂၈ လုံးမီးထဲပါသွား
ဧပြီ ၂၈ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပကိတ်ကြီး ကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၈ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး အိမ်နဲ့ ဂိုဒေါင် ၂၈ လုံး လောက်မီးထဲပါသွားတယ်လို့ မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာန က သိရပါတယ်။ မနက် ၄ နာရီ ၅၀ လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၆ နာရီ ၂၅ မိနစ်မှာမှ မီးငြိမ်းနိုင်ခဲ့တာ ဖြစ်လို့ မီးလောင်မှုက အချိန် ၁ နာရီ ခွဲလောက်ကြာမြင့်ခဲ့ တယ်လို့ ဒေသခံဆီက သိရပါတယ် ။ မီးလောင်မှုအတွင်းမှာ နေအိမ်က ၂၆ လုံး နဲ့ ဂိုဒေါင်အသေး နှစ်လုံး မီးလောင်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။ ” ကျွန်တော်တို့ သတင်းရတာက…
Read Moreရွေးကောက်ပွဲအောင်မြင်အောင်လုပ်နိုင်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေး သတ်မှတ်ခံရတဲ့အပေါ် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ ဘာပြောသလဲ
ဧပြီ ၂၈ ၊ ၂၀၂၆ CC (VOM) မကြာသေးခင်က ထုတ်ပြန်ကြေငြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးသတ်မှတ်တဲ့ မြို့နယ်တွေထဲမှာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားတွေ ရွေးကောက်တင်မြောက်နိုင်ခဲဲ့တဲ့ မြို့နယ်တချို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် မြို့နယ် ၁၅ ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာတဲ့အထဲမှာ သီပေါ နဲ့ ကျောက်မဲမြို့ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်အမတ်တွေ ရွေးချယ်တင်မြှောက်ထားပါတယ်။ ဒါပေမယ့် စစ်အုပ်ချုပ်ရေး မြို့ထဲပါဝင်တဲ့အပေါ် သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ကိုကောင်းသက်စံက အခုလို ပြောပါတယ်။ ” တခြားမြို့တော့ မသိပေမယ့် ကျွန်တော့်မြို့အတွက်တော့ ပိုမိုကောင်းမွန်တဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ဖို့အတွက် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးတယ်လို့ ယူဆပါတယ် ။ဒီအပေါ်မှာတော့ တင်းကျပ်တဲ့ အနေအထား ပြည်သူတွေအခက်တွေ့စေတဲ့ အနေအထားဖြစ်မှာ မဟုတ်ဘူးလို့ယုံကြည်တယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ လည်း ပြည်သူလူထုနဲ့ ဒေသခံတွေရဲ့ဖွံ့ဖြိုးရေးကိစ္စကို ဆက်လက်ဆောင်ရွက်သွားဖို့သာရှိပါတယ်။လိုအပ်ရင် လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားကြမယ်လို့…
Read Moreဘိုကလေးမြို့ မိန်းမလှကျွန်းအနီးမှာ မိကျောင်းကိုက်ခံရလို အမျိုးသားတယောက်သေဆုံး
ဧပြီ ၂၈ ၊ ၂၀၂၆ CC (VOM) ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့နယ် ၊ မိန်းမလှကျွန်းအနီးမှာရှိတဲ့ ချောင်းမှာ အမျိုးသားတယောက် မိကျောင်း ကိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးသူဟာ ချောင်းဗြဲကျေးရွာအုပ်စု ၊ ကံဆိပ်ရွာက အသက် ၁၈ နှစ်အရွယ် မောင်မိုးဝေယံဆိုသူ ဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့ ညပိုင်းမှာ အမဲချောင်းအတွင်း လှေနဲ့ ငါးဖမ်းသွားရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကောင်လေးက လှေပေါ်ကနေ ပိုက်ချတာမှာ မိကျောင်းကရောက်လာပြီး လှမ်းကိုက်လိုက်တာ လူကိုမမိဘဲ လှေကိုကိုက်မိပြီး လှေကလူးသွားတော့ အဲဒီမှာ လူကပြုတ်ကျသွားတာ။ ကျသွားတော့ မိချောင်းက လူကို ကိုက်ချီသွားတာ လို့သိရတယ်။ သူချီသွားတုန်းက လူကမသေသေးဘူး ။ နောက်ရွာသားတွေလိုက်ရှာတော့မှ…
Read Moreရခိုင်မကွေးအစပ် ဂုတ်ကြီးစခန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ
ဧပြီ ၂၈ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ဂုတ်ကြီးစခန်းဝန်းကျင်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာဖြစ်ပြီး အစိုးရတပ်က ဂုတ်ကြီးစခန်းကို ထိုးဖောက်နိုင်ဖို့အတွက် ကားသုံးစီးနဲ့ စစ်ကူအင်အား ဖြည့်တင်းကာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။ “အစိုးရတပ်က ဂုတ်ကြီးစခန်းကို ထိုးစစ်ဆင်နိုင်ဖို့အတွက် ဖလမ်းမြို့သိမ်းတိုက်ပွဲက အရာရှိစစ်သည်တချို့ကို မြေလပ်ရွာဘက်ကိုပို့ပြီး အင်အားထပ်ဖြည့်ထားတာ။ အဲဒီရွာက နတ်ရေကန် ဗျူဟာကုန်းကိုသွားတဲ့ ရခိုင် – မကွေးရိုးမ လမ်းသစ်လမ်းပေါ်မှာရှိတယ်။ မြေလပ်နဲ့ ဂုတ်ကြီးစခန်းနဲ့ဆို ၁ မိုင်လောက်ပဲဝေးတယ်။ တိုက်ပွဲကတော့ အခုထိ ပြင်းထန်နေတုန်းပဲ။ နှစ်ဖက်စလုံး အထိနာနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။…
Read Moreမြို့နယ်တချို့မှာ လေပြင်းတိုက်၊ မိုးကြိုးပစ်မှုတွေ ဆက်တိုက်ဖြစ်ပြီး တယောက် သေဆုံး
ဧပြီ ၂၉ – ၂၀၂၆ SN (VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ မနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က မိုးသက်လေပြင်းကြောင့် နေအိမ်တချို့ ခေါင်မိုးလန်ကာ သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် Junction Nay Pyi Taw ဈေးဝယ်စင်တာမှာလည်း ယာယီကာထားတဲ့ ဂျစ်ဆင်ဘုတ် ပွင့်ထွက်သွားတာကြောင့် ဈေးဝယ်သူတချို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ “လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ပြီး…
Read Moreခွင့်ပြန် မြန်မာလုပ်သားတွေ သံရုံးထောက်ခံစာယူမယ့်ကိစ္စ အွန်လိုင်းကနေ လျှောက်ထားခွင့်ပြုဖို့ အလုပ်သမားတွေလိုလား
ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ပြည်ပခွင့်ပြန် အလုပ်သမားတွေအနေနဲ့ မေ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအားလုံး သံရုံးထောက်ခံစာ ယူရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီ ၂၈ ရက်မှ အသိပေးလာပါတယ်။ ခွင့်ပြန် မြန်မာလုပ်သားတွေအတွက် အခုလို ကန့်သတ်ချက်တခု ထပ်မံတိုးလာတာက အဆင်မပြေကြောင်း ၊ သံရုံးမရှိတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေရသူတွေအတွက်ဆိုရင် ပိုပြီး ခက်ခဲတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ ” ကာတာဆိုရင် သံရုံးမရှိတော့ Saudi ကိုပို့ပြီး သံရုံးထောက်ခံချက်တောင်းရမှာ ။ ခွင့်စာကလည်း သွားရမယ့်ရက်ထက် အများကြီးပိုပြီး စောမပေးပါဘူး။သံရုံးကိုပို့ရင် ထောက်ခံချက်က ပြန်မယ့်ရက်အမီ အချိန်နဲ့တပြေးညီ ချပေးမယ်လို့ အာမခံချက်ရှိလား သေချာမသိဘူး ။နောက်ကျမယ်ဆိုရင်လည်း ခွင့်စာထဲက ရက်နဲ့ ပြန်ဝင်ရက်မတူလို့မရဘူးဆိုတော့ ခက်တယ်။ ပြန်တဲ့ရက်နဲ့ ခွင်ယူတဲ့နေ့ဘဲ ခွင့်ကရတာ။ကျန်တဲ့ ရက်က…
Read Moreယင်းမာပင်၊ ကနီနဲ့ ပုလဲမြို့နယ်တို့က သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရ
ဧပြီ ၂၉ – ၂၀၂၆ SS (VOM) အစိုးရတပ် စစ်ကြောင်းထိုးနေလို့ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ကနီနဲ့ ပုလဲနယ်စပ် ကျေးရွာ ၃၀ ကျော်မှ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ယင်းမာပင်နဲ့ ကနီနယ်စပ်မှာရှိတဲ့ စုန်းချောင်း၊ ငပုတော၊ သံပုရာပင်ရိုး၊ ကျုံမှော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း စတဲ့ ကျေးရွာတွေကနေ အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်တွေမှာလည်း စစ်တပ်က မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာ။ ကျေးရွာတွေပျက်စီး၊ ပစ္စည်းတွေ ဆုံးရှုံးနဲ့ ပြည်သူတွေ အတော်လေးကို ဒုက္ခရောက်နေရတာပါ။ ပြည်သူတွေကို ကာကွယ်မယ်လို့ တွင်တွင်ပြောနေတဲ့ လက်နက်ကိုင်တပ်တွေက ပြည်သူတွေကို မကာကွယ်ကြတော့ဘူးလား။ ဘာလုပ်နေကြတာလဲလို့ မေးချင်တယ်” လို့ စစ်ရှောင်အရေး…
Read Moreဖျာပုံမြို့နယ် ချောင်းဝရွာမှာ မီးလောင်လို့ အိမ် ၇၀ လောက်မီးထဲပါသွား ၊ မီးဘေးသင့်သူတွေအတွက် အကူအညီလိုအပ်နေ
ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၇၀ လောက် မီးထဲပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။ ဧပြီ ၂၉ ရက်၊ မနက် ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၄ နာရီဝန်ကျင်လောက်မှ မီးငြိမ်းနိုင်ခဲ့တာဖြစ်လို့ မီးလောင်ချိန်ဟာ ၁နာရီ မိနစ်၃၀ လောက်ကြာမြင့်ခဲ့တာကြောင့် အိမ်မီးလောင်မှုများခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။ ” အိမ်ခြေ ၇၀ ပါသွားတယ်။ မီးစလောင်တာက ဒေါ်သက်ထားဆိုတဲ့ အမျိုးသမီးအိမ်ရဲ့ ထင်းမီးဖိုကနေ တဆင့်လောင်တာပါ။ မီးကြွင်းမီးကျန်ကနေ လောင်တာ ။ ဘာပစ္စည်းမှကို ယူချိန်မရလိုက်ပဲနဲ့ အကုန်မီးလောင်သွားတဲ့ အခြေအနေပါ ။ ” လို့ ဒေသခံကပြောပါတယ်။ မီးလောင်မှုအတွင်း…
Read More