ရှစ်လကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဧပြီ ၂၈ ပြန်ဖွင့်ရင် အခွင့်အလမ်း​​​တွေ ပိုလာမယ်

ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) ​ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကဂိတ်ဖြစ်တဲ့ မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီလ ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက လက်ရှိမှယ.လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တံတားဖွင့်ပြန် တာနဲ့ ကုန်သွယ်ရေး လုပ်နိုင်ဖို့အတွက်လည်း မဲဆောက်ဘက်ခြမ်းမှာ ကုန်ကားတွေ အသင့်ပြင်ထားတဲ့ အခြေအနေရှိ တယ်လို့ သိရပါတယ်။ ” တံတားပြန်ဖွင့်မယ့်အကြောင်း ထိုင်းဘက်ကရေးထားတာပါ။ ထိုင်းနိုင်ငံရဲ့ ThaiPBS North ကနေ ကြေညာထားပါတယ်။မြန်မာဘက် ဘာသတင်းထုတ်ပြန်မှုမှမရှိသေးပါဘူး။မြန်မာဘက်က သတင်းထွက်တဲ့ရက်အတိုင်း ဘယ်တော့မှမဖွင့်ဘူး။ရက်လွှဲပြီးပဲ ဖွင့်တတ်ပါတယ်။ ” လို့ မြဝတီဒေသခံက ပြောပါတယ် ။ ကုန်သည်တွေကတော့ အမှတ်…

Read More

Pack & Go Easy Travel ကုမ္ပဏီက Visa လုပ်ပေးမယ်ဆိုပြီး ငွေရယူထားပေမယ့် လုပ်မ​ပေးလို့ နစ်နာသူတွေက တိုင်ကြားမယ်

ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) Pack & Go Easy Travel ကုမ္ပဏီဟာ ပြည်ပခရီးစဥ် ငွေကြေး ပြဿနာအပြင် ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် Visa လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေရယူခဲ့ပေမယ့် အမှန်တကယ် ပြုလုပ်ပေးတာမရှိသလို ငွေပြန်ပေးတာမျိုးလည်း မရှိတဲ့ပြဿနာတွေ ထပ်ရှိနေသေး တယ်လို့ ငွေကြေးဆုံးရှုံး နစ်နာခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ကောင်းကောင်းရရှိပြီး လုပ်ကိုင်ရမှာ ဖြစ်လို့ အလုပ်လုပ်လိုပါက ငွေအကြေသွင်းပြီး Visa လျှောက်နိုင်ကြောင်း ​ပြောဆိုခဲ့တဲ့အတွက် ငွေအကြေပေးသွင်းခဲ့ကြတာ ဖြစ်ကြောင်း ၊ ငွေပေးသွင်းပြီးချိန်ကတည်းက ခုထိဆိုရင် တနှစ်နီးပါးလောက်အထိကြာမြင့်လာပေမယ့် Visa လည်း မရသလို ပေးသွင်းငွေတွေလည်း ပြန်မရဘူးလို့ သိရပါတယ်။ ” သူတို့ရုံးက ဘယ်လောက်မှ မကြာဘူး ပြောတာ။ ၄ လ ၅လ ဘဲကြာမှာတဲ့…

Read More

မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခတ်မှုကို ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့လို

ဧပြီ ၂၆ – ၂၀၂၆ SN (VOM) မိုးတိမ်တောင် ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို လာမယ့် မုတ်သုန်ဝင်ချိန်ဖြစ်တဲ့ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုးတိမ်တောင်ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ ပထမတချက်‌ကတော့ အပူချိန် မြင့်တက်ခြင်းဖြစ်ပြီး နောက်တချက်ကတော့ ရာသီ အပြောင်းအလဲကြောင့်ဖြစ်ကာ လက်ရှိ နွေရာသီကာလကနေ မုတ်သုန်လေ ကူးပြောင်းတဲ့ကာလမှာ များသောအားဖြင့် လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “အပူချိန် မြင့်လာတဲ့အတွက်ကြောင့်မို့လို့ ဒေသတွင်းမှာရှိတဲ့ ရေခိုးရေငွေ့တွေက အငွေ့ပျံပြီး အပေါ်ကိုတက်တယ်၊ မိုး‌တိမ်တောင်တွေ ဖြစ်တယ်။ ဒီဖြစ်စဉ်ကြောင့် မိုးတိမ်တောင်တွေဖြစ်တဲ့ လမ်းကြောင်းတလျှောက်မှာ မိုးရွာပြီး လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်၊ မိုးကြိုးပစ်တာတို့ပေါ့၊ ဒီကာလတွေမှာ ဖြစ်တတ်တယ်။ ဒါတွေက မုန်သုန်ဝင်တဲ့အချိန်ကျမှ…

Read More

စာရေးဆရာဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူသုံးယောက် ဖမ်းဆီးခံရ

ဧပြီ ၂၇ ၊ ၂၀၂၆ GG (VOM) စာရေးဆရာ ဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူ သုံးယောက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ ဆရာကြီး ဦးတင်ညွန့်ကို ဧပြီ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့ ဆရာတင်ညွန့် အပါအဝင်သုံးယောက်လုံးကို သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဆရာ ဦးတင်ညွန့်အဓိကအဖမ်းခံရတဲ့ အကြောင်းအရင်းတွေကတော့ ရေးသားခဲ့တဲ့ ” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် “ ဦးသန်းရွှေ၏ ယတြာ များ” စာအုပ်သုံးအုပ်နဲ့ပတ်သက်ပြီး ဖမ်းခံရတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ နောက်ထပ် ဖမ်းခံရတဲ့ သားဖြစ်သူကတော့ အဆိုပါစာအုပ်တွေကို ထုတ်ဝေခဲ့တာကြောင့် ဖမ်းခံရတာဖြစ်ပြီး ကျန်တဲ့ အဖမ်းခံရသူ အမျိုးသမီးတယောက်ကတော့ ဆိုရှယ်မီဒီယာကတဆင့် အဲဒီစာအုပ်သုံးအုပ်ကို ရောင်းချခဲ့တာကြောင့်…

Read More

သူတို့အိမ် အခန်း (၉၈)

ကျောင်းတောင်ဘက်က လမ်းကလေး —————————————– သစ္စာဆောင်နောက်ကျော သင်္ချာဆောင် ဝါးကပ်တဲများမှာ ခက်ခဲ နောက် ကျိဖွယ် ကဲကုလ သင်္ချာ ပုစ္ဆာများကို အဖြေထုတ်ပြီးနောက် စာသင်ချိန် ပြီးဆုံး သောအခါ နေ့လယ် ၁၂နာရီ ထိုးချေပြီ။ ပူပြင်းလှသော မန္တလေး နွေကြောင့် အိမ်သို့ ချက်ချင်းမပြန်နိုင်သေး။ ရူပဗေဒဆောင်ရှေ့ တယ်ပင်ရိပ်အောက်က မန်ကျည်း ဖျော်ရည်တစ်ခွက် သောက်ချင် သောက်။ သို့တည်းမဟုတ် ရွှေပြည်အေးရှေ့ ကဲန်တင်းက မြီးရှည်စားချင်စား၊ ထမင်းသုတ် တစ်ပွဲ ဗိုက်ဖြည့်ချင် ဖြည့်ပြီး နောက် ဦးပုညလမ်းကို ဖြတ်ကာ ကျောင်းဝင်းတောင်ဘက်ဆီ ထွက်ခဲ့ရသည်ချည်း ဖြစ်သည်။ တစ်ခါတစ်ရံတော့ မတ္တရာမြင့်မြင့်သန်း၊ မိုးကုတ် မာမာအေး၊ မုံရွာ တင့်တင့်၊ ပျော်ဘွယ်မဖြူတို့နှင့်အတူ ဗောဓိကုန်း မြတ်မွန် ဆောင်ဘက် လိုက်ပြီး သူတို့ ထမင်းဘူးတွေ မွှေနှောက် စားချင်စားမည်။ သို့တည်းမဟုတ်…

Read More

ခေတ်ပေါ်စတိတ်ရှိုးဖျော်ဖြေနေခိုက် မိုးရွာလို့ ပွဲပျက်ခဲ့တဲ့ စမ်းရေမိုးဇာတ် ဒီညအစားထိုးကပြမယ်

မန္တလေး၊ ဧပြီ- ၂၇- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေက ရန်ကင်းတောင်ကျေးရွာမှာ ကျင်းပဖျော်ဖြေတင်ဆက်နေတဲ့ စမ်းရေမိုးဇာတ်အဖွဲ့ဟာ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ညမှာခေတ်ပေါ်စတိတ်ရှိုး အစီအစဥ်ဖျော်ဖြေနေခိုက် မိုးတွေရွာလာလို့ ပွဲပျက်ခဲ့ရတာကြောင့် အဲ့ဒီနေ့ လက်မှတ်ဝယ်ထားသူတွေအတွက် အစားထိုး ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ ဖျာလက်မှတ်ဝယ်ထားသူတွေအတွက် ဒီကနေ့ ၂၇ ရက်နေ့ နောက်ဆုံးညမှာ အစားထိုးဖျော်ဖို့ စမ်းရေမိုးဇာတ်ဆရာနဲ့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်း ကန်ထရိုက် ဦးဇော်သစ်တို့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ၂၇ ရက်နေ့အတွက် ဖျာလက်မှတ်နဲ့ ရုံဝင်လက်မှတ် ဝယ်ထားသူတွေအတွက် ငွေပြန်အမ်းပေးမှာဖြစ်ပြီး ဒီကနေ့လက်မှတ်ဝယ်ထားသူတွေအတွက် မန္တလေးအနီးတဝိုက်မှာ ကျင်းပမယ့် စမ်းရေမိုးဇာတ်သဘင်အဖွဲ့ရဲ့ ပွဲမှာ လက်မှတ်တွေအလွယ်တကူဝယ်နိုင်ဖို့ ဦးစားပေးဆောင်ရွက်ထားတယ်လို့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်းက ဦးဇော်သစ်က ပြောပါတယ်။…

Read More

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို အဖမ်းဆီးကြမ်းနေ

ဧပြီ ၂၇ ၊ ၂၀၂၆ GG ( VOM) ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက အဖမ်းဆီးကြမ်းနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက စုံစမ်းသိရှိရပါတယ်။ အဓိက မြန်မာလုပ်သားတွေအများအပြားရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ၊ မဲဆောက် ၊ မယ်ဟောင်ဆောင် ၊ ချွန်ပူလီ ၊ ကန်ချနဘူရီ အပါအဝင် စတဲ့မြို့နယ်တွေက စက်ရုံ အလုပ်ရုံနဲ့ နေထိုင်ရာအခန်းတွေအထိ ဝင်ရောက် စစ်ဆေးဖမ်းဆီမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ အလားတူ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။ ” မြန်မာလုပ်သားများတဲ့ မြို့တွေမှာ အဖမ်းဆီးကြမ်းနေတာဟုတ်တယ် ။ အရင်ရက်ကဆိုရင် မဲဆောက်မှာ စက်ရုံဝန်းထဲမှာ နေတဲ့ မြန်မာ တွေအဖမ်းခံရတယ်။အဓိက အထောက်အထားမဲ့တွေဖမ်းခံရတာပါ ။စာရွက်စာတမ်းမပြည့်စုံရင်တော့…

Read More

မှောင်ခိုလိုဖြစ်နေတဲ့ ရွှေဈေးနဲ့ လုပ်သမျှခံရ ပြည်သူ့ဘဝ

ဧပြီ ၂၇ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်တွင်း ရွှေဈေးကွက်မှာ မှောင်ခိုရွှေဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ဘဏ်အကောင့်တွေကနေ ငွေထုတ်ရ ခက်ခဲလာပြီး ရွှေဆိုင်တွေမှာ ငွေသား (Cash) နဲ့သာ အရောင်းအဝယ်ပြုလုပ်မှု ပိုမို များပြားလာတာကြောင့် ရွှေဆိုင်တချို့အတွက် လုပ်ငန်းအခွင့်အလမ်း ပိုသာနေပေမယ့် ပြည်သူတွေအတွက်ကတော့ မြင့်မားတဲ့ ရွှေဈေးနှုန်းဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ သိရပါတယ်။ “ဝယ်ရင်သာ သိန်း ၁၀၀ ဈေးနဲ့တွက်တာ။ ရောင်းရင်တော့ စနစ်ဟောင်းလိုလို၊ စနစ်သစ်လိုလိုတွေနဲ့ တွက်တာ။ တကျပ်သားကို ပေါက်စျေးနဲ့ ကျပ်သိန်း လေးဆယ်လောက်ကွာနေတာ။ ဘောက်ချာမှာ ဈေးတမျိုး၊ ပိုက်ဆံယူတော့ တမျိုးနဲ့ ရောင်းနေကြတာပဲ အရမ်းကြာနေပြီ။ ငွေကြေးချမ်းသာတဲ့ လူတွေရဲ့အတ္တဆန်တဲ့ လုပ်ကွက်တွေကို သာမန်ပြည်သူတွေပဲ ခံစားနေကြရဦးမှာ။…

Read More

ဖားကန့် -နန့်ယား – ကားမိုင်းလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရပြီး သေဆုံးနဲ့ဒဏ်ရာရရှိခဲ့သလို ခရီးသည်တင်ကား ခြောက်စီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ဧပြီ ၂၇ ၊ ၂၀၂၆ GG (VOM) ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို KIA က သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် အဲဒီလမ်းပိုင်းမှာ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံခဲ့ရပြီး ခရီးသည်တင်ကား တချို့ကိုလည်း KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက သိရပါတယ်။ မနေ့ကဧပြီ ၂၆ ရက်နေ့မှာ ကားမိုင်းလမ်းကနေ ဖားကန့်ကိုတက်လာတဲ့ ခရီးသည်တင်ကား ခြောက်စီးကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ကားရော လူတွေပါ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ် ။ ဧပြီ ၂၄ ရက်နေ့မှာက ဖားကန့် – နန့်ယား – ကားမိုင်းလမ်းမှာ ခရီးသွားကားတစီးပစ်ခတ်ခံရတာဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” အဖမ်းခံထားရတဲ့…

Read More

ကုန်ကျစရိတ် နှစ်ဆတက်လာတဲ့အတွက် မိုးစပါးစိုက်ဖို့ တောင်သူတွေ ဒုက္ခရောက် ၊ အနိမ့်ဆုံးစပါးစျေး သိန်း ၂၀ ရဖို့လိုအပ်

ဧပြီ ၂၈ ၊ ၂၀၂၆ GG (VOM) လတ်တလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီစျေး မြင့်တက်မှု အခြေအနေအရ ထွန်စက်မောင်းခနူန်းထားတွေ နှစ်ဆလောက်အထိမြင့်တက်သွားတာကြောင့် မိုးစပါးစိုက်ပျိုးကြမယ့် တောင်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။ ဒါအပြင် စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက မဖြစ်မနေအသုံးပြုရတဲ့ ဓာတ်မြေဩဇာ စျေးနူန်းတွေလည်းမြင့်တက်လာတဲ့အပြင် စိုက်ပျိုးရေးဆေးစျေးနူန်းပါ မြင့်တက်လာတဲ့ အခြေအနေကြောင့် တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးဖို့အတွက် အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။ စိုက်ပျိုးစရိတ် နှစ်ဆလောက်အထိမြင့်တက်သွားပြီး အချိန်တန် စပါးရိတ်သိမ်းချိန်မှာ စပါးစျေး ကျဆင်းနေပါက အရှုံးကို ထပ်မံရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကြောင့် တောင်သူတွေမှာ မိုးစပါးစိုက်ဖို့ အဘက်ဘက်ကနေ စဥ်းစားစိတ်ပူနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မကြာခင် မိုးစပါးစိုက်ရတော့မယ်။ အခုသိရသလောက် လယ်ထွန်စက်မောင်းခက အစိုးရကထုတ်ပေးတဲ့ ဒီဇယ်ရလို့ မောင်းရမယ်ဆိုရင် ရိုတာတစပ်ကို တသိန်းနှစ်​သောင်း လို့ ပြောတယ်။…

Read More
✕
VOM News

FREE
VIEW