ဇူလိုင် ၃၁ ၊ ၂၀၂၆ CC (VOM) ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)အဖွဲ့ကနေ ခွဲထွက်ထားတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အဖွဲ့ဝင် ၃၅၀ နဲ့အတူ DKBAအဖွဲ့ဆီ ပြန်လည် ပူးပေါင်းသွားပြီဖြစ်တယ်လို့ သိရပါတယ် ။ DKBA ကတော့ ခုလို ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၃၅၀ ခန့် နဲ့အတူ DKBA အဖွဲ့အစည်းထံ ပြန်လည် ပေါင်းစည်းခြင်းကို အသိအမှတ်ပြုတဲ့အပြင် အမှတ်(၃)စစ်ကွပ်ကဲရေးရဲ့ စစ်ကွပ်ကဲရေးမှူး တာဝန်ပေးအပ်လိုက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ DKBA အဖွဲ့မှာတုန်းကဆိုရင် ကလို့ထူးဝါးစစ်ကွပ်ကဲရေးမှာ စစ်ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ အခုလို ပြန်လည်ပူးပေါင်းသွားတဲ့အပေါ် နိုင်ငံရေး သမားတယောက်က ” တိုင်းပြည်အမျိုးသာပြန်လည်သင့်မြတ်ရေးအတွက်ခုချိန်မှာ လုပ်သင့်တဲ့ အချိန်ရောက်နေပြီလို့ မြင်ပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေး၊…
Read More